တစ်နှစ် အစီး ၅၀ သာ ထုတ်လုပ်သည့်  Pagani 


တစ်နှစ် အစီး ၅၀ သာ ထုတ်လုပ်သည့်  Pagani 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Pagani ကားအမှတ်တံဆိပ်သည် စူပါကားများထက် သာလွန်သော ကားများ ထုတ်လုပ်သည်။ အင်ဂျင်ပါဝါ ကြီးမားသည်ကို ရအောင်ထိန်းချုပ်ပြီး အသုံးချသည်။ ကားကိုယ်ထည်ဒီဇိုင်းက ပန်းပုလက်ရာတစ်ခု ဖြစ်သည်။ 
.
 လုပ်ငန်းထူထောင်သူက သူ့အမည်ဖြင့် Pagani Automobili ဟု အမည်ပေးပြီး ထူထောင်ခဲ့သည်။ 

"Pagani ကားဒီဇိုင်းတွေက အနုပညာလက်ရာတွေပါ။ ကျွန်တော်တို့ တည်ဆောက်တဲ့ မော်ဒယ်တိုင်း ကာဘွန်ဖိုင်ဘာသားဖြင့် လုပ်ပေးလို့ ရသလောက် လှပတဲ့ ပုံပန်းသဏ္ဌာန်ကို  ဖန်တီးပေးထားတယ်။ ပြီးရင် ကျွန်တော်တို့ တပ်ပေးလိုက်တဲ့ အင်ဂျင်ပါဝါကို ဘယ်လို နိုင်အောင် ထိန်းချုပ်ပေးထားသလဲ ဆိုတာကလည်း ပညာသား ပါပါတယ်" ဟု Pagani က ပြောကြားသည်။

 


 
Pagani Automobili သည် အီတလီနိုင်ငံ၊ Modena တွင် အခြေစိုက်သည်။ Modena သည် အီတလီ၏ မော်တော်ယာဉ် တောင်ကြား လွင်ပြင် Motor Valley ဖြစ်သည်။ Modena တွင် Ferrari, Ducati, Lamborghini တို့ အခြေစိုက်ထားကြသည်။ 
Horacio Pagani သည် Lamborghini မှ အလုပ်ထွက်လိုက်ပြီး ကိုယ်ပိုင်လုပ်ငန်းဖြင့် အိမ်စီးပြိုင်ကား ထုတ်လုပ်ရန်  Pagani Automobili ကို ၁၉၉၂ တွင် စတင်ထူထောင်သည်။ Modena တွင် အနုဆုံးသက်တမ်း အိမ်စီးပြိုင်ကားလုပ်ငန်း ဖြစ်သည်။ 

Pagani ပြိုင်ကားများသည် လေယာဉ်ပျံ ကိုယ်ထည်တွင်သုံးသည့် ကာဘွန်ဖိုင်ဘာသားဖြင့် ကားကိုယ်ထည်ကို တည်ဆောက်သည်။ ထိုစဉ်က ကာဘွန်ဖိုင်ဘာသားရဖို့ လေယာဉ်လုပ်ငန်းကဏ္ဍထံမှ မှာကြားပြီး ရယူခဲ့ရသည်။

 

Pagani အမှတ်တံဆိပ်၏ ပထမဆုံးစီးရီးထုတ်လုပ်သည့်ကားမှာ ၁၉၉၄ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော Pagani Zonda ဖြစ်သည်။ 
Mercedes-AMG 7.3-litre V12 အင်ဂျင် တပ်ဆင်ထားသည်။ 
Pagani Zonda အစီး ၁၄၀ မျှသာ ထုတ်လုပ်သည်။ ၂၀၁၉ တွင် အပြီးအပိုင် ရပ်လိုက်သည်။
Pagani Zonda အရိုက်အရာကို Pagani Huayra ဆက်ခံသည်။ Mercedes-AMG 6.0-litre twin-turbo M158 V12 အင်ဂျင်တပ်ဆင်ထားသည်။

 

"ကျွန်တော်တို့ Pagani ကားတိုင်းကို ကုမ္ပဏီအတွင်းမှာပဲ ဒီဇိုင်းထုတ်ပါတယ်။ ပြင်ပဒီဇိုင်းကန်ထရိုက်တာများကို အသုံးမပြုပါ၊ ကျွန်တော်တို့ ကိုယ်တိုင် ခံစားရတဲ့ အနုပညာလက်ရာတစ်ခုအဖြစ် ကားတိုင်းကို တည်ဆောက်ပါတယ်။ ဒီတော့ ကျွန်တော်တို့မှာ ထုတ်လုပ်ရေးလိုင်း တစ်လိုင်းပဲ ထားပါတယ်။ တစ်ပတ်ကြာမှ တစ်စီးပဲ ထုတ်လုပ်နိုင်ပါတယ်။ အလုပ်ပိတ်ရက်တွေလည်း ရှိတော့  တစ်နှစ်မှာ ၅၂ ပတ် ရှိပေမဲ့ Pagani ထုတ်လုပ်ရေးက တစ်နှစ်မှာ အစီး ၅၀ ထက် ပိုမထွက်ပါဘူး။ Pagani မှာ ဝန်ထမ်းတွေက အသက်ငယ်တယ်။ ပျမ်းမျှအသက် ၃၃ နှစ်ပဲ ရှိတယ်။ ဆန်းသစ်တီထွင်ဖို့ စိတ်ကူးကောင်းကြတယ်။ Pagani မှာ ဝန်ထမ်း ၂၀၀ ပဲ ရှိပါတယ်" ဟု Horacio Pagani က ပြောကြားသည်။
လုပ်ငန်း အငယ်စား ဖြစ်ပြီး အီတလီမှ အစဉ်အလာကြီးမားသည့် အိမ်စီးပြိုင်ကား လုပ်ငန်းကြီးများအကြား လုပ်ကိုင်နေရသော်ငြားလည်း သီးခြားရပ်တည်သည့် အိမ်စီးပြိုင်ကား ထုတ်လုပ်ရေးလုပ်ငန်း Pagani Automobili သည် နှစ်စဉ် အမြတ်အစွန်း ရနေသည့်လုပ်ငန်းအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။ 

" စည်းစိမ်ကားထုတ်လုပ်သူကြီးဖြစ်ဖို့ ကျွန်တော်တို့မှာ အစီအစဉ်မရှိပါဘူး။  လုပ်ငန်းက ကောင်းမွန်စွာဖြင့် ဆက်လက်ရပ်တည်နေပြီး ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ မိသားစုလိုပါပဲ”ဟု Horacio Pagani က ပြောကြားသည်။

 

 

Horacio Pagani (ယာ) သားဖြစ်သူ Pagani brand ဈေးကွက်ဆိုင်ရာ ဒါရိုက်တာ Christopher Pagani (ဝဲ)


 ၂၀၂၁ တွင် Pagani Huayra ကို အရိုက်အရာဆက်ခံသော Pagani Utopia သည် AMG- V12 အင်ဂျင် သုံးထားသည်။
 

"လျှပ်စစ် Pagani ထုတ်ဖို့ အစီအစဉ် သေချာပေါက် ရှိပါတယ်၊ ဒါပေမယ့် အဲဒါကို လုပ်ဖို့အတွက် ပြီးပြီးရော လုပ်မှာ မဟုတ်ဘူး။ ဒီဇိုင်းနဲ့ အင်ဂျင်နီယာပိုင်း အားလုံးကို အရင် ပေါင်းစပ်ရမှာပါ၊ ပြီးရင် ကျွန်တော် ဘာဖန်တီးပေးလို့ရမလဲ ဆိုတာ ကြည့်ရမယ်" ဟု Pagani က  ပြောသည်။

 

 Pagani Huayra Roadster BC.

 

Pagani ဟိုက်ပါကားများသည် ရှားသည်။ ဈေးကြီးသည်။Pagani Huayra Roadster BC ကို အစီး ၄၀ မျှသာ ထုတ်လုပ်သည်။

Horacio Pagani နေထိုင်ပုံက ရိုးရှင်းသည်။ Modena တွင် စက်ဘီးဖြင့် သွားလာသည်။ သူသုံးသည့်ကားမှာ Toyota Alphard ဖြစ်ပါသည်။


Source  CarBuyer.
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 227 times