ထိုင်းတွင် Ora Good Cat အီးဗီ မော်ဒယ် ၃ မျိုး ထုတ်လုပ်မည်


ထိုင်းတွင် Ora Good Cat အီးဗီ မော်ဒယ် ၃ မျိုး ထုတ်လုပ်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်ကားထုတ်လုပ်သူ Great Wall Motors (GWM) သည် Ora Good Cat လျှပ်စစ်ကားများကို ထိုင်းနိုင်ငံတွင် စတင်တပ်ဆင်နေပြီဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပထမဆုံး ကားထုတ်လုပ်သည့် တရုတ်အမှတ်တံဆိပ် ဖြစ်သည်။

ယခုလတွင် မှာကြားထားသူများထံ ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည့် အီးဗီများ စတင်ပေးအပ်မည် ဖြစ်သည်။

 

 ထိုင်းနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် မော်ဒယ်များအတွက် ဈေးနှုန်းများ ဘတ် ၇၉၉,၀၀၀ မှ စတင်ပါသည်။

ထိုင်းနိုင်ငံတွင် EV ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် တိုးများနေပါသည်။

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) သည် ကုမ္ပဏီ ၁၆ ခုမှ EV စီမံကိန်း ၂၃ ခုကို အတည်ပြုခဲ့သည်။

၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ကားများသည် ထိုင်းနိုင်ငံ စုစုပေါင်း မော်တော်ယာဉ် ထုတ်လုပ်မှု၏ ၃၀% အထိ ရှိလာမည်။ ခန့်မှန်းခြေအားဖြင့် တနှစ်လျှင် အီးဗီ အစီးရေ ၇၂၅,၀၀၀ ဝန်းကျင်အထိ ရှိမည် ဖြစ်သည်။ 

 လက်ရှိတွင် ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံ ထိပ်တန်း (၁၀) စာရင်း ဝင်ငွေအဆင့်ရှိသော တရုတ် EV ကုမ္ပဏီခြောက်ခု ထိုင်းဈေးကွက်မှာ ရောက်ရှိနေမည် ဖြစ်ပါသည်။ 

 

GWM သည် အီးဗီကဏ္ဍတွင် ကားထုတ်လုပ်မှု၊ ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် အားသွင်းရုံများ အပါအဝင် အခြေခံအဆောက်အအုံအတွက် ဘတ်ငွေ ၂၂.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ကြေညာထားပါသည်။

 

ထိုင်းနိုင်ငံ ရယောင် ရှိ GWM စက်ရုံတွင် GWM Ora Good Cat လျှပ်စစ်ကားသစ် ထုတ်လုပ်ရေးလိုင်း ဖွင့်ပွဲကို ဇန်နဝါရီ (၁၂)ရက်က ကျင်းပခဲ့ပါသည်။

 

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ၏ အစီရင်ခံစာအရ Ora Good Cat သည် ထိုင်းနိုင်ငံတွင် အစိုးရ၏ EV 3.0 ပံ့ပိုးမှုအစီအမံများနှင့်အညီ ထိုင်းနိုင်ငံတွင် EV ထုတ်လုပ်မှုကို စတင်သည့် ပထမဆုံးသော တရုတ်အမှတ်တံဆိပ် ဖြစ်ပါသည်။

 

ထိုင်းနိုင်ငံသည် နိုင်ငံတကာဈေးကွက်အတွက် Ora လျှပ်စစ်ကားများ ထုတ်လုပ်သည့် တရုတ်နိုင်ငံပြင်ပ ပထမဆုံးနိုင်ငံ ဖြစ်ပါသည်။

GWM သည် ထိုင်းနိုင်ငံကို အီးဗီ ထုတ်လုပ်ရေး အချက်အချာအဖြစ် အခြေစိုက်ထားပါသည်။

 

မတ်လမှစတင်၍ GWM သည် SVOLT ဘက်ထရီစက်ရုံမှ ထုတ်လုပ်သော ဘက်ထရီအထုပ်များကို အသုံးပြုရန် စီစဉ်ထားပါသည်။

SVOLT သည် GWM လက်အောက်ခံ လုပ်ငန်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဘက်ထရီစက်ရုံ ထူထောင်ပြီး ဘက်ထရီထုပ်များ ထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပါသည်။ 

 

GWM ၏ သတင်းထုတ်ပြန်ချက်အရ ရယောင်းရှိ ၎င်း၏ စက်ရုံသည် မော်ဒယ်အခွဲ (၃) ခု ထုတ်လုပ်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ Ora Good Cat မော်ဒယ်အခွဲ ၃ ခုနှင့် ဈေးနှုန်းမှာ

• Pro ဘတ် ၇၉၉,၀၀၀

• Ultra ဘတ် ၈၉၉,၀၀၀

• GT ဘတ် ၁,၀၉၉,၀၀၀

ဖြစ်ပါသည်။

 

ယခင်တင်သွင်း ရောင်းချခဲ့သည့် ဈေးနှုန်းများထက် ဘတ် ၂၉,၀၀၀ မှ ဘတ် ၁၈၇,၀၀၀ အထိ ဈေးသက်သာပါသည်။

ယခင်ဈေးနှုန်းများမှာ

• Pro ဘတ် ၈၂၈,၀၀၀

• Ultra ဘတ် ၉၅၉,၀၀၀

• GT ဘတ် ၂,၂၈၆,၀၀၀

ဖြစ်ပါသည်။

ထိုင်းအစိုးရ၏ EV 3.0 ပံ့ပိုးမှုအစီအမံများကြောင့် ဈေးသက်သာနေခြင်း ဖြစ်ပါသည်။

 

 

Source thenationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 356 times