ကညနတွင် ယာဉ်စစ်ရက်ချိန်းရယူခြင်းအား Online Booking ရယူရန် အသိပေးကြေညာ


ကညနတွင် ယာဉ်စစ်ရက်ချိန်းရယူခြင်းအား Online Booking ရယူရန် အသိပေးကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကညနတွင် ယာဉ်စစ်ရက်ချိန်းရယူခြင်းအား Online Booking ရယူရန် အသိပေးကြေညာထားပါသည်။

မော်တော်ယာဉ် အမည်ပေါက် နေရပ်လိပ်စာနှင့်  သက်ဆိုင်ရာ ရုံးများတွင်သာ ယာဉ်မှန် မမှန် စစ်ဆေးပေးမည်ဟု သိရပါသည်။
မော်တော်ယာဉ် မှန် မမှန် စစ်ဆေး၍ ယာဉ်မှားယွင်း‌ေနပါက  ယာဉ်နှင့်အတူ အုံနာဘုတ် စာအုပ်ပါ သိမ်းဆည်းမည်ဟု သိရပါသည်။
ဖောက်စွပ် စလစ် ထုတ်ပေးမည်ဟု သိရပါသည်။


ယာဉ် မှန်/ မမှန်စစ်ဆေးခြင်းအပါအဝင် ပြောင်းလဲခြင်းများနှင့် နယ်ဝင်မော်တော်ယာဉ်များအား ပြန်လည်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Road Safety ဖြစ်ရန် အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍ အခြားမော်တော် ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ နှစ်လဲသက်တမ်းတိုးလုပ်ငန်း များ ဆောင်ရွက်ပေးခြင်းကို (၂၂-၃-၂၀၂၁) ရက်မှ (၃၀-၉-၂၀၂၃) ရက်ထိ (၈)ကြိမ် ကာလအားဖြင့် (၂)နှစ်နှင့် (၆)လ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

၂။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် (၆-၉-၂၀၂၃)ရက်နေ့မှစ၍အောက်ဖော် ပြပါ ယာဉ်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်ယာဉ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) ယာဉ် မှန်/ မမှန်စစ်ဆေးခြင်း၊
(ခ) ပြောင်းလဲခြင်းများအတွက်ယာဉ်စစ်ဆေးခြင်း (အင်ဂျင်ပြောင်း၊ ဆေးရောင်ပြောင်း၊ ကိုယ်ထည်ပြောင်း ..စသည်ဖြင့်)၊
(ဂ) နယ်ဝင်မော်တော်ယာဉ်စစ်ဆေးခြင်း၊ (မော်တော်ဆိုင်ကယ်မပါ)
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန


မော်တော်ယာဉ်မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်နှင့်အခြားပြောင်းလဲခြင်းများ ယာဉ်စစ်ဆေးခြင်းအတွက် Online Booking ရယူရန် အသိပေးကြေညာခြင်း


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မော်တော်ယာဉ် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ် စစ်ဆေးခြင်းနှင့် အခြားပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း ယာဉ်စစ်ရက်ချိန်းရယူခြင်းအား Online Booking System ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် (၂၂.၃.၂၀၂၁) ရက်နေ့မှ ခေတ္တရပ်ဆိုင်းခဲ့ရသည့် မော်တော်ယာဉ် မှန်ကန်မှု ရှိ/မရှိ ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ် စစ်ဆေးခြင်းနှင့် အခြားပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းတို့အား (၆.၉.၂၀၂၃)ရက် (ဗုဒ္ဓဟူးနေ့)မှစတင်၍ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၂။ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရုံးများ၌ လူစုလူဝေး အနည်းဆုံး ဖြစ်စေရေး၊ လုပ်ငန်းလာရောက်ဆောင်ရွက်သူ ပြည်သူများအဆင်ပြေချောမွေ့ စေရေး၊ လုပ်ငန်းများ မြန်ဆန်စွာပြီးစီးရေးတို့အတွက် ယာဉ်စီးရေများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) တို့တွင် မော်တော်ယာဉ် ယာဉ်စစ်ရက်ချိန်းရယူခြင်းတို့အား www.rtad.gov.mm Website တွင် ကြိုတင် စာရင်းသွင်းသည့်စနစ် (Online Booking System) ကို (၅.၉.၂၀၂၃)ရက် (အင်္ဂါနေ့)မှ စတင်၍ အနည်းဆုံး(၁)ရက်မှ အများဆုံး(၁၀)ရက်အထိ ကြိုတင်ရယူနိုင်မည်ဖြစ်သည်။

၃။ ရုံးဖွင့်ရက်တစ်ရက်လျှင် နယ်ဝင်ယာဉ်စစ်ဆေးခြင်းနှင့် အခြားပြောင်းလဲခြင်း ယာဉ်စစ်ဆေးခြင်း တို့ကို နံနက်ပိုင်း(၉:၃၀)နာရီမှ(၁၂)နာရီအထိနှင့် နေ့လယ်ပိုင်း(၁၃)နာရီမှ(၁၆)နာရီအထိ နှစ်ကြိမ်ခွဲ၍ လည်းကောင်း၊ ယာဉ်မှန်/မမှန်ယာဉ်စစ်ဆေးခြင်းကို နေ့လယ်(၂)နောက်ပိုင်းတွင်လည်းကောင်း ရုံးများ အလိုက် အောက်ပါစီးရေအတိုင်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်


 


၄။ Online Booking အသုံးပြုရန် အသေးစိတ် အချက်အလက်များအား www.motc.gov.mm, www.myanmarrtad.com နှင့် www.rtad.gov.mm Website များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မရှင်းလင်းသည်များရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ပါသည်-

နေပြည်တော်
ရုံးချုပ်(နေပြည်တော်)
၀၆၇-၃၄၀၅၀၉၉

ရန်ကုန်တိုင်းဒေသကြီး
တိုင်းဒေသကြီးရုံး(ရန်ကုန်)
၀၁-၅၇၀၉၆၇

တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)
၀၉-၆၆၆၄၄၆၀၅၉

ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)
၀၉-၅၀၂၉၉၁၃

ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)
၀၉-၉၆၈၀၄၈၇၆၈

ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း) 
၀၉-၂၅၀၉၆၆၄၆၉

ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)
၀၁-၃၆၄၄၄၁၁

မန္တလေးတိုင်းဒေသကြီး
တိုင်းဒေသကြီးရုံး(မန္တလေး)
၀၂-၄၀၃၆၁၁၃

ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) 
၀၂-၄၀၃၆၆၉၇

ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)
၀၂-၄၀၆၁၈၃၆

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3468 times