ပဲခူးတိုင်းဒေသကြီး မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ One Stop Service မှတ်ပုံတင်ပေးခြင်း စတင်


ပဲခူးတိုင်းဒေသကြီး မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ One Stop Service မှတ်ပုံတင်ပေးခြင်း စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပဲခူးတိုင်းဒေသကြီး မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်း စီမံချက် One Stop Service နှင့် စပ်လျဉ်း၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


အသိပေးကြေညာခြင်း

၁။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်း စီမံချက်ကို (၂၃.၁.၂၀၂၃)ရက် မှ (၂၃.၂.၂၀၂၃) ရက်ထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရုံးစိုက်ရာရုံး (၄)ရုံးတွင် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

(က) လုပ်ငန်းဆောင်ရွက်မည့်ရက်
       ၂၃.၁.၂၀၂၃ မှ ၂၃.၂.၂၀၂၃ထိ -
       ရုံးဖွင့်ရက်များ

 

(ခ) လုပ်ငန်းဆောင်ရွက်ပေးမည့်အချိန်
     နံနက်(၉းဝဝ)မှ(၁၅း၃၀)ထိ

 

(ဂ) လုပ်ငန်းဆောင်ရွက်မည့်နေရာ 

(၁) တိုင်းဒေသကြီးရုံး(ပဲခူး)
    ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန
   (ယာဉ်စစ်ဆေးရေးဌာန)၊ 
   မြို့ရှောင်လမ်း၊
   ဥဿာမြို့သစ်(၈)ရပ်ကွက်၊
  ပဲခူးမြို့၊ 
  မင်္ဂလာရွှေပြည်အားကစားဝင်း၊ အနောက်

(၂) ခရိုင်ရုံး(ပြည်)
   မြို့ပတ်(၈)လမ်းထိပ်
   ဘုရင့်နောင်လမ်းမကြီး
   ခေတ္တရာမြို့သစ်၊ ပြည်မြို့။

(၃) ခရိုင်ရုံး(တောင်ငူ)
    အမှတ်(၂ဝ)ရပ်ကွက်၊
    တောင်ငူခရိုင်
   အားကစားကွင်း။

(၄) ခရိုင်ရုံး(သာယာဝတီ) 
    ဆရာစံခန်းမ၊ ဘူတာလမ်း၊ 
    ဈေးပိုင်းရပ်ကွက်၊
     သာယာဝတီမြို့။

 

(ဃ) လိုအပ်မည့်စာရွက်စာတမ်းများ 

ပိုင်ရှင်၏နိုင်ငံသားစိစစ်ရေးကဒ်
မူရင်း+မိတ္တူ၊ 

နေရပ်လိပ်စာ မှန်ကန်စေရေးအတွက်
အိမ်ထောင်စုစာရင်း(ပုံစံ-၁ဝ)
မူရင်း+မိတ္တူ

ရပ်ကွက်တွင် အမှန်တကယ် နေထိုင်ကြောင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
မူရင်း

 

(င)ကောက်ခံမည့်အခွန်အခများ 

(၁) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(က) ကနဦးမှတ်ပုံတင်ခ
       ၁၅ဝဝဝိ/-

(ခ) ကနဦးယာဉ်စစ်ဆေးခ 
     ၅ဝဝဝိ/-
     
(ဂ)အထူးစစ်ဆေးခ
   (ကမ-၃+အဝိုင်း+ဟိုလိုဂရမ်+ ဖိုင်)
   ၂၀ဝဝိ/-

(ဃ) ဖောင်းကြွနံပါတ်ပြား(၁)ချပ်
       ၂၅ဝဝိ/-

စုစုပေါင်း ၂၄၅ဝဝိ/-

(၂) မြန်မာ့အာမခံလုပ်ငန်း
       ၄၁၅ဝိ/-

(၃) မြန်မာ့စီးပွားရေးဘဏ်
       ၅ဝဝိ/-

(၄) အကောက်ခွန်ဦးစီးဌာန
      ဆိုင်ကယ်အမျိုးအစားအလိုက် ကောက်ခံမည့်နှုန်းထားများအတိုင်း ကောက်ခံ သွားမည်ဖြစ်ပါသည်။
 
 (ကြော်ငြာသင်ပုန်းတွင် ကြေညာပေးထားမည် ဖြစ်ပါသည်)
 

၂။ လုံခြုံရေးအတွက်အောက်ပါတို့ကိုလိုက်နာဆောင်ရွက်ပေးရန်ဖြစ်ပါသည်-

(က) မိမိလုံခြုံရေးအတွက် စစ်ဆေးနေခြင်းဖြစ်ပါ၍စစ်ဆေးမှုကို ကြည်ဖြူစွာ ခံယူပေးရန်၊ 

(ခ) လုံခြုံရေးနှင့်အန္တရာယ်ကင်းရှင်းရေးအတွက်ပြည်သူလူထုတို့ကပူးပေါင်းကူညီဆောင်ရွက်ပေးရန်

(ဂ) လုပ်ငန်းဆောင်ရွက်သူများ မော်တော်ဆိုင်ကယ် (၁)စီးလျှင် လူတစ်ဦးသာ ဝင်ရောက်ရန်

(ဃ) မှတ်ပုံတင်ရန်လိုအပ်သည့် စာရွက်စာတမ်းများ နှင့် အခြားလိုအပ်သည်များကို မြင်သာသော အိတ်အကြည်ဖြင့် ယူဆောင်လာရန် နှင့် အန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများယူဆောင်လာခြင်း မပြုရန်။

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန



 

Read 217 times