တိုယိုတာ ဟွန်ဒါ နီဆန်းတို့ Nokia ကို မူပိုင်ကြေး ပေးသွင်းရန် ညှိနှိုင်း


တိုယိုတာ ဟွန်ဒါ နီဆန်းတို့ Nokia ကို မူပိုင်ကြေး ပေးသွင်းရန် ညှိနှိုင်း

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U


 

ဖင်လန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းကြီး Nokia ကို Toyota Motor, Honda Motor, Nissan  Motor တို့က ကားများကို အင်တာနက် ချိတ်ဆက်ဖို့အတွက် သုံးစွဲတဲ့ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာအတွက် မူပိုင်ခွင့် လိုင်စင်ကြေးများ ပေးအပ်ကြပါမယ်။

.

ကားချိတ်ဆက်နည်းပညာ connected-car technology ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းမျှားကို မူပိုင်ခွင့်အတွက် လိုင်စင်ကြေးပေးဖို့ Nokia နှင့်တကွ အခြားတယ်လီကွန်း ကုမ္ပဏီအချို့တို့က တောင်းဆိုထားပါတယ်။

.

ယခုလို လိုင်စင်ကြေးမျိုးကို ဂျပန်ကားလုပ်ငန်းများ ပထမဆုံးအကြိမ် ပေးသွင်းမှာဖြစ်လို့ မူပိုင်ကြေး ညှိနှိုင်းပေးဖို့ အမေရိကန် ကုမ္ပဏီ Avanci ကို ငှားရမ်းထားပါတယ်။ ဉရောပမှ ကားထုတ်လုပ်ရေး လုပ်ငန်း Stellantis လည်း ဂျပန်ကုမ္ပဏီများနှင့်အတူ Avanci ကို ငှားရမ်းထားပါတယ်။ 

.

2G, 3G နှင့်  4G cellular network နည်းပညာများ သုံးစွဲခြင်းအတွက် ကားတစ်စီးလျှင် ကန်ဒေါ်လာ ၁၅ မှ ၂၀ အထိ ပေးဖို့ ကမ်းလှမ်းထားပါတယ်။ 

ပုံမှန်အားဖြင့် ဂျပန်ကားကုမ္ပဏီများက ၎င်းတို့ထံ ပစ္စည်းပေးသွင်းသူများကို မူပိုင်ခွင့် ကိစ္စအရပ်ရပ် ကိုင်တွယ်ခိုင်းပါတယ်။ လိုင်စင်ကြေး ပေးရမယ့် တာဝန်မှ ကင်းလွတ်အောင် လုပ်ထားကြပါတယ်။

.

အခုတစ်ကြိမ်မှာတော့ ဂျပန်ကားကုမ္ပဏီတွေ ကိုယ်တိုင် ကားချိတ်ဆက်နည်းပညာများအတွက် 

မူပိုင်ခွင့်လိုင်စင်ကြေး ပေးသွင်းမှာ ဖြစ်ပါတယ်။ 

.

Mercedes-Benz Group ရဲ့ Daimler က ၂၀၂၁ ဇွန်လမှာ 4G လိုင်စင်ကြေး Nokia ကို ပေးဖို့ သဘောတူခဲ့ပါတယ်။ 

Source Asia nikkei

#MyanmarAutomobileGuide 

To join Telegram Channel  https://t.me/Guid4U

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

Read 346 times