အမျိုးသမီး မန်နေဂျာတွေ တိုးခန့်မယ့် Nissan


ကားထုတ်လုပ်တဲ့လုပ်ငန်း Nissan က ဂျပန်မှာ ရှိတဲ့ သူ့ရဲ့ ရုံးတွေမှာ အမျိုးသမီး မန်နေဂျာ အချိုးအစားကို ၂၀၂၃ ခုနှစ်မှာ ၁၃% ရှိနေအောင် အမျိုးသမီး မန်နေဂျာတွေ ခန့်ထားတဲ့ အရေအတွက်ကို တိုးမြှင့်သွားမှာဖြစ်ပြီး ယခုနှစ်မှာ အကြမ်းအားဖြင့် ၁၀ % တိုးခန့်မှာ ဖြစ်ပါတယ်။ 

နီဆန်းရဲ့  Executive Vice President  အမျိုးသမီးအဖြစ် တာဝန်ပေးထားတဲ့ အဆာကို ဟိုရှီနို t Asako Hoshino ဟာ ကုမ္ပဏီမှာ ရာထူး အဆင့်ဆင့် တိုးပြီး အကြီးတန်အရာရှိအဖြစ်သို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ 

Nissan Motor Co. က ဂျပန်နိုင်ငံ ကားလုပ်ငန်းနယ်ပယ်မှာ အမျိုးသားတွေ ကြီးစိုးနေတဲ့အထဲမှာ အမျိုးသမီးတွေကို ထည့်သွင်းခန့်ထားပေးနေတာ ဖြစ်ပြီး ယခုလက်ရှိအရေအတွက်ထက် ပိုတိုးပြီး ခန့်ထားသွားမှာ ဖြစ်ပါတယ်။ 
ရည်မှန်းထားတဲ့ လျာထားချက်က လာမယ့် နှစ်နှစ်အတွင်း အမျိုးသမီးမန်နေဂျာတွေ အရေအတွက် တိုးခန့်ထားသွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အမျိုးသမီးဦးရေက ၁၃ % အချိုးအစား ဖြစ်စေဖို့ ဖြစ်ပါတယ်။ 
ဂျပန်နိုင်ငံမှာသာမက ကမ္ဘာတစ်လွှားမှာ ရှိနေတဲ နီဆန်းရဲ့ လုပ်ငန်းတွေမှာလည်း အမျိုးသမီးမန်နေဂျာတွေကို တိုးမြှင့်ခန့်ထားသွားမှာ ဖြစ်ပါီ. ၂၀၂၃ ခုနှစ်မှာ အမျိုးသမီးမန်နေဂျာဦးရေ အချိုးအစား ၁၆ % ဖြစ်စေဖို့ ရည်မှန်းထားပါတယ်။ 
ရာခိုင်နှုန်းတွေက သေးငယ်နေတာ မှန်ပေမဲ့ အမျိုးသားကြီးစိုးတဲ့ နယ်ပယ်ထဲမှာ အခုလို အမျိုးသမီးမန်နေဂျာတွေ နေရာရလာတာဟာ ကြီးမားတဲ့ တိုးတက်ကောင်းမွန်မှုလို့ ဆိုနိုင်ပါတယ်။ 

ဂျပန်အစိုးရရဲ့ မူဝါဒမှာလည်း လုပ်သားအင်အားစုမှာ အမျိုးသမီးတွ တိုးမြှင့်ခန့်ထားဖို့ တွန်းအားပေးနေပါတယ်။ မန်နေဂျာတွေနဲ့ လုပ်သားတွေမှာ အမျိုးသမီး ပါဝင်မှု အချိုးအစား ၃၀ % အထိ ၂၀၂၀ ခုနှစ်မှာ ရှိလာပါတယ်။ ဒါပေမဲ့ မန်နေဂျာတွေကိုပဲ ရေတွက်မယ်ဆိုရင်တော့ ၈% ပဲ ရှိခဲ့ပါတယ်။ 

ဝန်ထမ်းအင်အား ၁,၀၀၀ နဲ့အထက် ခန့်ထားတဲ့ ဂျပန်ကားလုပ်ငန်းတွေအကြား အမျိုးသမီး မန်နေဂျာ ဉီးရေ အချိုးအစားက ၄.၇ % ပဲ ရှိရာမှ ၈ % သို့ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။  Toyota Motor Corp. နဲ့  Honda Motor Co တို့မှာ ၂၀၁၈  ခုနှစ်စာရင်းအရ အမျိုးသမီးဦးရေအချိုးအစားက ၂ % အောက်မှာပဲ ရှိခဲ့ပါတယ်။ 

တစ်ဖက်မှာ အမျိုးသမီးတွေ တိုးမြှင့်ခန့်ထားနေပြီး အခြားတစ်ဖက်မှာတော့ အမျိုးသမီးတွေ အလုပ်လုပ်နိုင်ဖို့ အထောက်အပံ့တွေ စီစဉ်ပေးထားပါတာမှာ ကလေထိန်းဌာနတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ထို့ပြင် ကလေး အကြိုအပို့ကိုလည်း ကုမ္ပဏီမှ စီစဉ်ပေးထားပါတယ်။ 

ကားထုတ်လုပ်တဲ့အပိုင်းမှာ အမျိုးသားတွေ ကြီးစိုးနေပေမဲ့ ကားဝယ်ယူတဲ့အပိုင်းမှာတော့ အမျိုးသမီးတွေက ကားတစ်စီး ဝယ်ယူဖို့ အဆုံးအဖြတ်ပြုတာမှာ အရေးပါကြောင်း သုတေသန ပြုချက်အရ သိကြရပါတယ်။ ကာဝယ်ယူမှုများရဲ့ ၈၅% ကျော်မှာ အမျိုးသမီးတွေက သဘောတူတာကြောင့် ဝယ်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

နီဆန်းမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Tagawa က “အမေတွေ၊ ဇနီးတွေနဲ့ သမီးတွေက ဘယ်ကားကို ဝယ်မလဲဆိုတာ အဆုံးအဖြတ်ပေးတာမှာ အရေးပါကြတယ်။ ဒီတော့ အမျိုးသမီး မန်နေဂျာတွေ များများ ခန့်ထားတဲ့အတွက် နီဆန်းကို  ပိုတန်ဖိုးထားကြမှာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။ 


Source:  autonews.com

Read 718 times