လာမည့် ၂၀၂၄ တွင် Nissan Titan ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည်


 

Nissan သည် Full Size  Pickup Truck ကားဈေးကွက်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် Nissan Titan  မျိုးဆက်ကို လာမည့် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း gearpatrol.com  က ပြီးခဲ့သည့် သြဂုတ် (၉) ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

 

Nissan အနေဖြင့် Nissan Titan မျိုးဆက်ကို ထုတ်လုပ်လာခဲ့သည်မှာ (၂၁) နှစ်ပင် ကြာမြင့်လာခဲ့ပြီ ဖြစ်ရာ ယခုကဲ့သို့ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းကို အားလုံးက အံ့အားသင့်နေကြသည်။ 

 

Full Size  ထရပ်ကားများကို ဖျက်သိမ်းတော့မည်ဟု လွန်ခဲ့သည့် လအတော်ကြာကထဲပင်  ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ဆက်လက် ရပ်တည်ရန် ခက်ခဲလာခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း Nissan မှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု gearpatrol.com တွင် ဖော်ပြထားသည်။

 

Ad > Ko Tint Lwin & Brothers

 

The Autopian အစီရင်ခံစာတစ်ခုအရ Nissan အနေဖြင့် ၂၀၂၄ ခုနှစ်တွင် Titan ထုတ်လုပ်မှု အဆုံးသတ်မည်ဆိုသည့် အကြောင်းအရာကို အတည်ပြုပေးခဲ့သည်။ Nissan သည် Titan  နှင့် ပတ်သက်ပြီး   မျှော်မှန်းထားသော ရောင်းအားနှင့် Feedback ကို မရရှိခဲ့သည့်နောက်တွင် ဆက်လက် ထုတ်လုပ်မှုကို  ယခုကဲ့သို့ လက်လျှော့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

Titan ကားများသည် ပြီးခဲ့သည့် ၂၀ဝ၃ ခုနှစ်က ရောင်းအားအကောင်းဆုံး  ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် မျှော်မှန်းထားသည့် အစီးရေ ပြည့်မီရန် လိုအပ်လျက် ရှိနေသည်။ လတ်တလောကာလတွင် Titan ၏ ဈေးကွက် ဝေစုကို Ford F-150 နှင့်  Toyota Tundra  တို့က  လွှဲပြောင်း ရယူသွားခဲ့သည်။  

 

ထို့ကြောင့် Titan မျိုးဆက် ကျဆုံးသွားခဲ့ပြီးနောက်တွင် Nissan က Mid Size ထရပ်ကားဈေးကွက်အတွက် Nissan Frontier ကို ပြောင်းလဲ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

 

သို့သော် Titanကို ဝယ်ယူလိုသူများအနေဖြင့် သက်တမ်းတစ်နှစ် ကျန်ရှိနေသေးကြောင်း၊ ၂၀၂၄ ခုနှစ်ကို ကျော်လွန်သွားပါက Frontier ကိုသာ ရွေးချယ် ဝယ်ယူနိုင်တော့မည်   ဖြစ်ကြောင်းနှင့် Titan  ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ် ရပ်နားမှု ပြုလုပ်တော့မည်မှာ သေချာနေပြီ ဖြစ်ကြောင်း သိရသည်။

Read 329 times