၃ နှစ်အတွင်း  အမြတ်အစွန်း ပထမဆုံးအကြိမ်   ရရှိခဲ့ကြောင်း Nissan ထုတ်ပြန်


၃ နှစ်အတွင်း  အမြတ်အစွန်း ပထမဆုံးအကြိမ်   ရရှိခဲ့ကြောင်း Nissan ထုတ်ပြန်

တစ်နှစ်တာကာလအတွက် ငွေစာရင်းရှင်းတမ်းမှာ အမြတ်မပေါ်ခဲ့တာ ၃ နှစ်အကြာမှာ Nissan က ပထမဆုံးအကြိမ်အဖြစ် အမြတ်ရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာပါတယ်။
ကုန်ကျစရိတ်များ ချွေတာခြင်း၊ အမေရိကန် ကားဈေးကွက်တွင် အခြေအနေ ကောင်းခြင်းတို့ကြောင့် အမြတ်ရရှိခဲ့ကြောင်း ပြောကြားပါတယ်။

Nissan က ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ထုတ်လုပ်တဲ့ ကားမော်ဒယ် အရေအတွက် လျှေိာ့ချခဲ့ပါတယ်။ ကုန်ကျစရိတ်များ ဖြတ်တောက်လျှော့ချခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်ပုံ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အသားတင် အမြတ်ကို Nissan ရရှိခဲ့သည်။ အသားတင်အမြတ် ယန်း ၂၀၅ ဘီလျံ ရရှိရန် လျာထားခဲ့သည်ထက် ကျော်လွန်ပြီး ယန်း ၂၁၅.၅ ဘီလျံ ရရှိခဲ့ ပါတယ်။
 ရှယ်ယာရှင်များ အမြတ်ဝေစု မရသည်မှာ ၃ နှစ် ရှိပြီဖြစ်ရာ ယခု ရသည့်အမြတ်ကို အမြတ်ဝေစု ခွဲဝေပေးမယ်လို အသိပေးကြေညာထားပါတယ်။ 

 သို့သော် လာမည့် လများတွင် ရင်မောစရာများ ရှိနေသည်ဟု ကြေညာချက်တွင် သတိပေးထားပြီး ၂၀၂၁ တွင် တွေ့ကြုံရင်ဆိုင်ခဲ့ရသည်ထက် ပိုပြင်းထန်မယ်လို့ ဆိုပါတယ်။ 
 
Nissan က  ၂၀၂၆ ခုနှစ် နောက်ဆုံးထားပြီး  ထုတ်လုပ်တဲ့မော်ဒယ်များတွင် အနည်းဆုံး ၄၀% သည် လျှပ်စစ်ကားများ ဖြစ်နေစေရန် ရည်မှန်းချက် ချမှတ်ထားပါတယ်။
လျှပ်စစ်ကားအတွက် ဘက်ထရီ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

Read 1313 times