ဝင်းရိုးစွန်းမှ ဝင်ရိုးစွန်းသို့ မိုင် ၁၇,၀၀၀ ခရီးစဉ် Nissan ပါဝင်ကြောင်း ကြေညာ


ဝင်းရိုးစွန်းမှ ဝင်ရိုးစွန်းသို့ မိုင် ၁၇,၀၀၀ ခရီးစဉ် Nissan ပါဝင်ကြောင်း ကြေညာ


ဂျပန်မှ Nissan Motor Corporation က စွန့်စားခရီးကြမ်း အီးဗီမောင်းနှင်သူနှင့် ဝင်းရိုးစွန်းမှ ဝင်ရိုးစွန်းသို့ Pole to Pole ထူထောင်သူ Chris Ramsey နှင့် ခရီးစဉ်အသစ်အတွက် အတူလက်တွဲမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

 

ခရီးစဉ်အသစ်က ကမ္ဘာ့သံလိုက်မြောင်ဝင်ရိုးမှ တောင်ဝင်ရိုးစွန်းသို့ လျှပ်စစ်မော်တော်ယာဉ်ကို မောင်းနှင်မှာ ဖြစ်ပါတယ်။ ခရီးမိုင်ပေါင်း ၁၇,၀၀၀ နီးပါးရှိပြီး Ramsey နှင့်အဖွဲ့က မောင်းနှင်မှာ ဖြစ်ပါတယ်။
သူတို့မောင်းနှင်ဖို့ Nissan က Ariya ကားမော်ဒယ်ကို ခရီးစဉ်အတွက် သီးသန့်ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Nissan က Ariya e-4ORCE မော်ဒယ်ကို ခရီးစဉ်အတွက် ရွေးချယ်ထားပါတယ်။ 
Ariya e-4ORCE ရဲ့ ထူးခြားချက်တစ်ခုက ဘီး ၄ ဘီးကို တစ်ဘီးစီ ထိန်းကျောင်းပေးနိုင်တာ ဖြစ်ပါတယ်။ ဘီးအားလုံး ထိန်းချုပ်နည်းပညာ all-wheel control technology မှာ Nissan ရဲ့ အဆင့်အမြင့်ဆုံးကားမော်ဒယ် ဖြစ်ပါတယ်။ ဘီလည်အောင် လှည့်ပေးတာကအစ ဘရိတ်ဖမ်းပေးတာအဆုံး တစ်ဘီးချင်းစီ လုပ်ကိုင်ပါတယ်။


 လမ်းသားအခြေအနေ အမျိုးမျိုးမှာ အဆင်ပြေနေအောင် ဘီး ၄ ဘီးကို တစ်ဘီးချင်း ထိန်းကျောင်းပေးပါတယ်။ နှင်းသားထူထူ ရှိနေတဲ့ လမ်းပေါ်မှာလည်း မောင်းနှင်နိုင်စေပါတယ်။

 

 

 

Ramsey က Guinness World Record စံချိန်ရှင် ဖြစ်ပါတယ်။ သူစီစဉ်ထားတဲ့ ခရီးစဉ်က မြောက်ဝင်ရိုးစွန်းမှာ စတင်ပါတယ်။ နိုင်ငံ ၁၄ ခု ကို မောင်းနှင် ဖြတ်သန်းပါမယ်။ ခရီးစဉ်က ၂၇,၀၀၀ ကီလိုမီတာ (မိုင် ၁၇,၀၀၀ ဝန်းကျင်) ရှည်လျားပါတယ်။ 
ယခင်က Nissan LEAF အီးဗီဖြင့် ယူကေမှ ဆိုက်ဘေးရီးယားအထိ မိုင် ၁၀,၀၀၀ ခရီးကို Ramsey မောင်းနှင်ခဲ့ဖူးပါတယ်။

Read 5176 times