ဩဇီဈေးကွက်မှာ Nissan Patrol က Toyota LandCruiser ထက် ၂ လဆက်တိုက် ရောင်းအားသာ


ဩဇီဈေးကွက်မှာ Nissan Patrol က Toyota LandCruiser ထက် ၂ လဆက်တိုက် ရောင်းအားသာ

 

ဩစတေးလျ ကားအသစ်ဈေးကွက်ထဲမှာ Nissan Patrol V8  ဓာတ်ဆီအင်ဂျင်ကားက  Toyota LandCruiser V6 ဒီဇယ်အင်ဂျင်ကားထက် ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ ၂ လ ဆက်တိုက် ရောင်းအား သာခဲ့ပါတယ်။
Toyota LandCruiser က ထုတ်လုပ်မှုအပိုင်းမှာ နှောင့်နှေးမှု များရှိနေတဲ့အတွက် ဈေးကွက်ရောင်းအားကို ထိခိုက်နေပါတယ်။ Nissan Patrol က ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်း ပေးနိုင်စွမ်း ပိုမြန်ဆန်ပါတယ်။


သမိုင်းကြောင်းကို ပြန်ကြည့်ရင် Toyota LandCruiser က Nissan Patrol ထက်  စီးရေအရ ရောင်းအား ၆ ဆ သာခဲ့ပါတယ်။ 
ဩစတေးလျမှ Federal Chamber of Automotive Industries (FCAI) က ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၂၀ ခုနှစ် ရောင်းအားများကို ကြည့်လျှင် Toyota LandCruiser ၁၅,၀၇၈ စီး ရောင်းရပြီး Nissan Patrol ၃,၃၃၃ စီးမျှသာ ရောင်းချခဲ့ပါတယ်။


ယခုအခါ Toyota LandCruiser 300 Series အသစ်တစ်စီးရဖို့ အကန့်အသတ် ရှိနေလို့ ဝယ်လိုအားကို ဖြည့်စီးပေးနိုင် ခြင်း မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။ 


၂၀၂၂ ဖေဖော်ဝါရီလမှာ Nissan Patrol ၆၇၀ စီး ရောင်းချခဲ့ပြီး Toyota LandCruiser ၆၁၂ စီး ရောင်းချခဲ့ပါတယ်။

၂၀၂၂ မတ်လမှာ Nissan Patrol ၉၁၈ စီး ရောင်းချခဲ့ပါတယ်။ Toyota LandCruiser ၈၄၄  စီး ရောင်းချခဲ့ပါတယ်။ ကွာခြားချက် ပိုကြီးမားလာပါတယ်။ 
မော်ဒယ်အသစ် Toyota LandCruiser 300 ကို ဩစတေးလျ ကားဈေးကွက်မှာ ၂၀၂၁ ဒီဇင်ဘာလမှာ စတင်ရောင်းချစဉ်ကတည်းက ဝယ်လိုအားကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်ခဲ့ပါ။
Toyota LandCruiser 300 Series နှင့်  Camry Hybrid တို့ ဩဇီဈေးကွက်မှာ ကားအသစ်မှာကြားထားပြီး စောင့်ဆိုင်းကာလ ၈ လ ကြာမြင့်ပါတယ်။ 2022 Nissan Patrol 4WD  စောင့်ဆိုင်းကာလက လေးငါးလ ဖြစ်ပါတယ်။ 

Read 6652 times