ဈေးချပေးမယ်ဆိုတဲ့ Nissan ရဲ့ Leaf 


Nissan က ၂၀၂၂ ခုနှစ်မှ ထုတ်လုပ်မယ့် လျှပ်စစ်ကား  Leaf ကားမော်ဒယ်တွေ အကုန်လုံးကို ဈေချပေးပြီး ရောင်းချသွားမှာဖြစ်ပြီး ကားမော်ဒယ်အပေါ် မူတည်ပြီး ကန်ဒေါ်လာ ၄,၂၅၄ ကနေ ၅,၈၄၅ အထိ လျော့ကျလိမ့်မယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် ပြောပြရရင် 40kWh ဘက်ထရီတပ်ပေးထားတဲ့ အနိမ့်တန်းမှ Leaf S ရဲ့ ရောင်းဈေးကို  $31,670 အစား $27,400 လို့ ပြောင်းလဲသတ်မှတ်မှာ ဖြစ်လို့ $4,270 သက်သာသွားမယ်။  $27,400 ဈေးနှုန်းက အမေရိကန်ကားဈေးကွက်ထဲမှာ အသက်သာဆုံး လျှပ်စစ်ကားဆိုတဲ့ Mini Cooper ရဲ့ ဈေးနှုန်း $29,990 ထက် ပိုသက်သာနေတယ်။ အမြင့်တန်းမှာ ဈေးချပေးတာ ပိုကြမ်းတယ်။ 62kWh ဘက်ထရီ တပ်ပေးထားတဲ့ Leaf SL Plus ရောင်းဈေးကို $43,970 အစား $37,400 လို့ ပြောင်းလဲသတ်မှတ်မှာဖြစ်လို့  $6,570 လျှော့ပေးထားတယ်။ 

Nissan  ရဲ့  Leaf  လျှပ်စစ်ကား Leaf S မော်ဒယ် အမေရိကန်ကားဈေးကွက်ထဲမှာ  လက်ရှိရောင်းဈေး ကန်ဒေါ်လာ ၂၈,၃၇၅ ဝန်းကျင်ရှိပြီး လျှပ်စစ်ကား ဖြစ်တာ‌ကြောင့် ပြည်ထောင်စုအခွန် သက်သာခွင့် ကန်ဒေါ်လာ ၇,၅၀၀ ရရှိပါတယ်။ 
အဲဒီမော်ဒယ်က အားအပြည့် တစ်ခါသွင်းထားရင် ခရီးမိုင် ၁၄၉ မိုင်အထိ မောင်းလို့ ရတယ်။ Leaf Plus က ၂၂၆ မိုင်အထိ ရတယ်။ ၂၀၂၂ ခုနှစ် မော်ဒယ်တွေမှာ အားသွင်းချိန် ပိုမြန်ဖို့ စီစဉ်ပေးထားမယ်လို့ ဆိုပါတယ်။ 

၂၀၂၂ မော်ဒယ်  Leaf ကို ဈေးချပေးမှာ ဖြစ်ပေမဲ့ ကားမှာ ထည့်ပေးလိုက်မယ့် စက်ကိရိယာတွေကတော့ အဆင့်ပိုမြင့်တယ်လို့ ဆိုပါတယ်။ Leaf Plus မော်ဒယ်မှာ အမြန်လမ်းမကြီးပေါ် မောင်းနှင်တဲ့အခါ ယာဉ်မောင်းကို ကူညီပေးမယ့် နီဆန်းရဲ့ ProPilot Assist  ထည့်ပေးထားမယ်လို့ ဆိုပါတယ်။ Leaf ကို အားပြန်သွင်းရင် အချိန်တိုတိုဖြင့် အားပြည့်အောင်အတွက်လည်း အားအမြန်သွင်းစွမ်းရည် စီစဉ်ပေးထားမယ်။ 
Nissan  ရဲ့  Leaf  လျှပ်စစ်ကားတွေမှာ အားအမြန်သွင်းပေးဖို့  CHAdeMO quick-charging port မပါကြဘူး။ ၂၀၂၂ မော်ဒယ်တွေမှာတော့ CHAdeMO ထည့်ပေးထားတယ်။ 240-volt အားသွင်းကေဘယ်ကြိုးလည်း ထည့်ပေးထားတယ်။ ဘက်ထရီ  40kWh မော်ဒယ်တွေက အားအပြည့် သွင်းပြီးရင် ခရီးမိုင် ၁၄၉ မိုင်အထိ သွားနိုင်တယ်။ ဘက်ထရီ 62kWh ဗားရှင်းဆိုရင် ခရီးမိုင် ၂၁၅ မှ ၂၂၆ မိုင်အထိ သွားနိုင်တယ်။ 

Nissan  ရဲ့ နောက်ထပ် လျှပ်စစ်ကား ခြေလှမ်းက Leaf  ထက် ကိုယ်လုံးကိုယ်ထည် ပိုကြီးတဲ့  crossover SUV လျှပ်စစ်ကား Ariya ဖြစ်ပါတယ်။ ဘက်ထရီ အားအပြည့် သွင်းပြီးတဲ့အခါ ခရီးတာ ၃၀၀ အထိ သွားနိုင်တယ်။ ရောင်းဈေးကတော့  $40,000 ဝန်းကျင်လို့ ဆိုပါတယ်။ 

Source foxnews.com

Myanmar Automobile Guide
 

Read 727 times