ကမ္ဘာ့ပထမဆုံး အမြောက်အမြားထုတ်လုပ်တဲ့ လျှပ်စစ်ကားစစ်စစ် Nissan Leaf ထုတ်လုပ်မှု နိဂုံးချုပ်တော့မည်


ကမ္ဘာ့ပထမဆုံး အမြောက်အမြားထုတ်လုပ်တဲ့ လျှပ်စစ်ကားစစ်စစ် Nissan Leaf ထုတ်လုပ်မှု နိဂုံးချုပ်တော့မည်

 

ကမ္ဘာ့ပထမဆုံး  အမြောက်အများထုတ်လုပ်တဲ့ လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ အဲဒီကားက Nissan Leaf ဖြစ်ပါတယ်။ 

 Nissan Leaf မှာ ထင်ရှားတဲ့ ဂုဏ်ပုဒ်တွေ ရှိနေပါတယ်။ 

ကမ္ဘာ့ပထမဆုံး  အမြောက်အများထုတ်လုပ်တဲ့ လျှပ်စစ်ကားစစ်စစ် ဖြစ်ခဲ့ခြင်း

ကမ္ဘာ့အရောင်းရဆုံး    လျှပ်စစ်ကားစစ်စစ်  ဖြစ်ခဲ့ခြင်း 

တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကားအဖြစ် ရွေးချယ်ခံခဲ့ရခြင်း

တစ်နှစ်တာ ဥရောပအကောင်းဆုံးကားအဖြစ် ရွေးချယ်ခံခဲ့ရခြင်း

နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းများအရ Nissan Leaf ကို နောက်အကျဆုံး ၂၀၂၅ ဝန်းကျင်မှာ ထုတ်လုပ်မှု အပြီးအပိုင် ရပ်ဆိုင်းပါတော့မယ်။ 

Nissan Leaf  ကို ၂၀၁၀ ဒီဇင်ဘာလမှာ ဖွားမြင့်ခဲ့ပါတတယ်။ ခရီးတာ ၁၇၅ ကီလိုမီတာ သွားနိုင်ပါတယ်။ 24kWh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။  ၈၀% အားပြည့်ဖို့ နာရီဝက်ခန့်ဖြင့် အားသွင်းနိုင်ပါတယ်။ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီ ၁၄၅ ကီလိုမီတာ ဖြစ်ပါတယ်။ 

ရောင်းဈေးနှုန်းက အခြေခံ ဈေးနှုန်း ယန်း ၂,၉၈၄,၂၅၀ ဖြစ်ပါတယ်။ 

Nissan Leaf မှာ ဘက်ထရီကို ဘေးကင်းစေဖို့ အထူးဂရုစိုက်ပေးထားပါတယ်။ 

အမေရိကန်မှ အမျိုးသား အဝေးပြေးလမ်း ယာဉ်ဘေးကင်းရေး ဦးစီးဌာန National Highway Traffic Safety Administration (NHTSA) Nissan Leaf ကို ၂ နှစ်ဆက်တိုက် ကြယ် ၅ပွင့် အဆင့် သတ်မှတ်ခဲ့ပါတယ်။ 

ဥရောပမှာ စတင်ရောင်းချပြီး ၅ နှစ်တာကာလအတွင်း Nissan Leaf  စီးရေ ၃၅,၀၀၀ ရောင်းချခဲ့ပါတယ်။ အဲဒီစီးရေ ၃၅,၀၀၀ မှာ ၅ နှစ်တာကာလအတွင်း ဘက်ထရီဒုက္ခပေးတာကို ကြုံရတဲ့ ကားစီးရေက ၀.၀၁% မျှသာ ရှိခဲ့ပါတယ်။  ဘက်ထရီ အတွင်းပိုင်းမှာ အပူချိန်နှင့် အပူစွမ်းအင် တည်ငြိမ်အောင် စီမံပေးထားပါတယ်။ ဘက်ထရီ အပူလွန်ပြီး မီးထလောင်ဖို့ အင်မတန်ခဲယဉ်းနေစေပါတယ်။ 

ကားဈေးကွက်ထဲ မောင်းဝင်ခါစမှာ Nissan Leaf  ရွှေထီးဆောင်းနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ စီးရေ ၄၅၀,၀၀ ကျော် ရောင်းချခဲ့ရပါတယ်။ ကမ္ဘာ့စီးရေအများဆုံး ရောင်းရတဲ့ လျှပ်စစ်ကားစစ်စစ် ဖြစ်ခဲ့ပါတယ်။ 

အဲဒီကာလမှာ ရွေးချယ်စရာ လျှပ်စစ်ကားမော်ဒယ်တွေ အနည်းအကျဉ်းသာ ရှိခဲ့ပါတယ်။ Nissan Leaf  က တန်ဖိုးသင့်ကား ဖြစ်ပြီး မြန်မြန် အရင်းကြေပါတယ်။ 

‌အခုလောက် ဓာတ်ဆီဈေးမကြီးသေးတဲ့ အဲဒီခေတ်မှာ Nissan Leaf  ဖြင့် မိုင် ၆၀ ခရီးကို သွားဖို့  ဓာတ်အားခ ဗြိတိသျှပေါင်စတာလင် ၁ ပေါင် ကုန်ကျပါတယ်။ ဓာတ်ဆီကားဖြင့် သွားရင် ၆ ပေါင် ကုန်ကျပါတယ်။ တစ်နည်းပြောရရင် ၆ ဆ ကွာပါတယ်။ 

ကားက မောင်းလို့လည်း ကောင်းတယ်။ ရပ်ဖို့ နေရာထိုးရရင်လည်း အလွန်လွယ်ကူတယ်။ 

အီလက်ထရွန်းနစ် ခြေနင်းပြား e-Pedal နည်းပညာသုံးပေးထားလို့ အလုပ်နှင့် အိမ်အကြား မောင်းနှင်ရတာ အဆင်ပြေလို့ လူကြိုက်များပါတယ်။ 

 Nissan Leaf  ကို ကျော်တက်သွားတာ Tesla Model 3  ဖြစ်ပါတယ်။ ကမ္ဘာ့အရောင်းရဆုံး လျှပ်စစ်ကားစစ်စစ် သရဖူကို Nissan Leaf  ထံမှ Tesla Model 3 က ရယူသွားပါတယ်။ 

ဈေးကွက်ထဲမှာ ရွေးချယ်စရာ လျှပ်စစ်ကားစစ်စစ်တွေ အမျိုးမျိုး ရှိလာတယ်။ အရည်အသွေးတွေမှာ Nissan Leaf  ထက် ပိုကောင်းတဲ့အချက်တွေ ရှိနေလို့ Nissan Leaf  မျက်နှာငယ်ပါတယ်။ အထူးသဖြင့် ကားဉာဏ်ရည်ပိုင်းမှာ Nissan Leaf  က ခေတ်နောက်ကျကျန်ရစ်ပါတယ်။ Nissan Leaf အစား အခြား brand မော်ဒယ်ကို ရွေးချယ်ကြပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Read 7340 times