အမေရိကန်တွင် အီးဗီများထုတ်လုပ်ရန်အတွက် ကြီးမားသောအစီအစဉ်များ Nissan ရေးဆွဲထား


အမေရိကန်တွင် အီးဗီများထုတ်လုပ်ရန်အတွက် ကြီးမားသောအစီအစဉ်များ Nissan ရေးဆွဲထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Nissan သည် ၂၀၁၀ ခုနှစ်တွင် Leaf ကို စတင်ရောင်းချပြီး အီးဗီနယ်ပယ်၏ ရှေ့ဆောင်တစ်ဦးဖြစ်ခဲ့သည်။ အီးဗီကို အမြောက်အမြား ထုတ်လုပ်ရောင်းချနိုင်ခဲ့သော ပထမဆုံး ကားကုမ္ပဏီ ဖြစ်သည်။

 လာမည့်နှစ်အနည်းငယ်တွင် Leaf ကို ရပ်ဆိုင်းပြီး ၂၀၂၆ ခုနှစ်တွင် ယာဉ်အသစ်ဖြင့် အစားထိုးမည်ဖြစ်သည်။
 
ရည်မှန်းချက်ကြီးသော အီးဗီ ထုတ်လုပ်သူအဖြစ် Nissan သည် ၎င်း၏ အီးဗီ ထုတ်လုပ်မှုကို အရှိန်မြှင့်ရန်အတွက် ယမန်နှစ်က  Ariya Crossover/SUV ကို စတင်ထုတ်လုပ်ခဲ့သည်။

ကုမ္ပဏီ၏ တန်းမြင့်စည်းစိမ်ကား အမှတ်တံဆိပ် Infiniti  သည် အီးဗီ ထုတ်လုပ်ခြင်း မရှိသေးပါ။

ဇွန်လ ၂၃ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်အရောင်းကိုယ်စားလှယ်အစည်းအဝေးတွင်  အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်မှုကို မိတ်ဆက်ခဲ့သည်။ လိုဂိုအသစ်၊ ခေတ်မီသော အရောင်းပြခန်းများနှင့် အယူအဆသစ်ဖြင့် လျှပ်စစ်ကားအသစ်ကို ၂၀၂၆ ခုနှစ်တွင် အများပြည်သူသို့ ရောင်းချရန် အဆင်သင့်ဖြစ်ဖို့ မျှော်လင့်ထားသည်။

အသစ်ပြန်လည်ဆန်းသစ်ထားသော Infiniti EV ဆီဒင်သည် ခါးလျား ရှည်ပြီး အမိုးတိုသည်။ ရှေ့မီးနှင့် နောက်မီး ဒီဇိုင်းအသစ် သုံးထားသည်။ 
မစ်စစ္စပီပြည်နယ် ကင့်မြို့ရှိ စက်ရုံတွင် ထုတ်လုပ်မည်။ ၎င်းစက်ရုံသည် မြောက်အမေရိကအတွက် Nissan ၏ အီးဗီ ထုတ်လုပ်ရေး အချက်အချာ ဖြစ်လာမည်။

ကင့်စက်ရုံမှ ထုတ်လုပ်ရေး လိုင်းများကို အီးဗီ ထုတ်လုပ်ရေးလိုင်းများ အဖြစ်သို့ လာမည့် နှစ်အနည်းငာ်အတွင်း ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး ပြောင်းလဲမည်။ ၂၀၂၅ ခုနှစ်တွင် Inifiniti EV စတင်ထုတ်လုပ်မည်။
၂၀၂၆ ခုနှစ်တွင် လျှပ်စစ်ကားစစ်စစ် ဆီဒင် မော်ဒယ် ၂ မျိုး ထုတ်လုပ်မည်။
၎င်းစက်ရုံတွင် ၂၀၂၇ နှင့် ၂၀၂၈ ခုနှစ်တို့တွင် အီးဗီ crossover မော်ဒယ်များ ထုတ်လုပ်မည်။

ကင့်စက်ရုံသည် စက်ရုံစတင်လည်ပတ်သည့် ၂၀၀၃ ခုနှစ်မှစ၍ ယခုအထိ အင်ဂျင်ကားများအစီးရေ ၅ သန်းကျော် ထုတ်လုပ်ခဲ့သည်။ 
ယခုအခါ အီးဗီ ထုတ်လုပ်ရေး စက်ရုံအဖြစ်သို့ ပြောင်းလဲမည် ဖြစ်ပြီး တစ်နှစ်လျှင် အစီးရေ ၄၁၀,၀၀၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

Source thestreet
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1138 times