စက်ရုံနှစ်ခုတွင် ထုတ်လုပ်မှု ပြန်လည်စတင်ကြောင်း NIO ထုတ်ပြန်ကြေညာ


စက်ရုံနှစ်ခုတွင် ထုတ်လုပ်မှု ပြန်လည်စတင်ကြောင်း NIO ထုတ်ပြန်ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ NIO က တရုတ်ပြည်အရှေ့ပိုင်း Hefei မြို့ရှိ ၎င်း၏စက်ရုံနှစ်ရုံတွင် ထုတ်လုပ်မှုကို ပြန်လည်စတင်ခဲ့ကြောင်း ကြာသပတေးနေ့ (နိုဝင်ဘာ ၃)တွင် ပြောကြားခဲ့သည်။
.
COVID-19 လော့ဒေါင်းကြောင့် ထုတ်လုပ်မှု ယာယီ ရပ်ထားခဲ့ရပြီး ကားများ ပေးပို့ခြင်းကိုလည်း ရပ်ထားခဲ့ရပါသည်။ 
.
"လောလောဆယ်မှာ ထုတ်လုပ်မှုကို ပြန်စနေပါပြီ" ဟု ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားပြီး ၎င်းသည် အပြည့်အဝ ပြန်လည်စတင်ခြင်းလား သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြန်လည်စတင်ခြင်းလားဆိုသည်ကို မေးမြန်းရာ၌ ဖြေကြားဖို့ ငြင်းဆိုခဲ့သည်။ 
 .
COVID ကြောင့် ထုတ်လုပ်မှုကို ဆိုင်းငံ့ထားရကြောင်း  NIO က ပြောကြားခဲ့ပြီး ၎င်း၏ရှယ်ယာများ၏  ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့သည်။
 .
Hefei ၏ နောက်ဆုံးရောဂါဖြစ်ပွားမှုသည်အောက်တိုဘာလအစောပိုင်းတွင်စတင်ခဲ့ပြီးအာဏာပိုင်များသည် NIO ၏ စက်ရုံ နှစ်ရုံ တည်ရှိရာခရိုင် အပါအဝင် မြို့၏ အစိတ်အပိုင်း အချို့ကို လော့ဒေါင်း ချထားခဲ့သည်။ 
.
NIO သည် ပြီးခဲ့သည့်လ ၂၀၂၂ အောက်တိုဘာလတွင် ကားအစီးရေ ၁၀,၀၅၉ စီး ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ရောင်းအားထက် သုံးဆနီးပါး ရှိပါသည်။ ယခုနှစ် ပထမ ၁၀ လအတွင်း ရောင်းအား ၃၂% ကြီးထွားခဲ့ပါသည်။
Source reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 16717 times