ကုန်ကျစရိတ်ထောင်းသဖြင့် NIO အရှုံးပြနေဆဲ


ကုန်ကျစရိတ်ထောင်းသဖြင့် NIO အရှုံးပြနေဆဲ

လျှပ်စစ်ကားထုတ်လုပ်သူ NIO ၏ မော်တော်ကားရောင်းအားသည် စက်တင်ဘာလကုန် ၃ လပတ်တွင် လွန်ခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ 

သို့သော် ကုန်ကျစရိတ်များသည် တစ်ဟုန်ထိုး  အရှိန်မြှင့်ကာ မြင့်တက်သဖြင့် ထူထောင်သူ William Li ၏ ကန်ဒေါ်လာ  ၁၇ ဘီလီယံကုမ္ပဏီ၏ အသားတင်အရှုံးသည် ကန်ဒေါ် လာသန်း ၆၀၀ နီးပါးအထိ ရှိနေပြီး ယခင်နှစ် အလားတူကာလ အသားတင်အရှုံးထက် ငါးဆနီးပါးတိုးလာခဲ့သည်။
NIO ၏ အဓိကစီးပွားရေးလုပ်ငန်းပိုင်းသည် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် မမြတ်လျှင်တောင် အရှုံးမပြ အရင်းကြေမှတ်သို့ ရောက်ရှိလိမ့်မည်ဟု Li က ပြောကြားသည်။ သို့သော် သူက မည်သို့မည်ပုံ လုပ်ဆောင်မည်ကို အသေးစိတ် ပြောကြားခြင်း မပြုပေ။ 
.
 ကုမ္ပဏီသည် ကုန်ကျစရိတ် အထိန်းအကွပ် မရှိသဖြင့် သူ့စကားကို ယုံဖို့ ခက်နေစေသည်။
ဈေးကွက်ချဲ့ထွင်ခြင်းအတွက် ကုန်ကျစရိတ် ကြီးမားနေသည်။ ဘက်ထရီ အလုံးလိုက် ဖြုတ်တပ်လုပ်ပေးသည့် ဘက်ထရီလဲလှယ်ရေးရုံများကလည်း ကုန်ကျစရိတ် ကြီးမားသည်။
ထိုသို့ ကြီးမားနေသော ကုန်ကျစရိတ်များကို ထိန်းချုပ်ခြင်း မသေးသရွေ့ အရှုံးပြနေဦးမည်ဟု လေ့လာဆန်းစစ်သူတို့က သုံးသပ်ကြသည်။ ပို၍ပင်လျှင် အခြေအနေ ဆိုးလာနိုင်သည်။
ဥရောပသို့ ချဲ့ထွင်ရန် အစီအစဉ်သည် ဘက်ထရီ လဲလှယ်သည့် ဝန်ဆောင်မှု ရုံများနှင့် အရောင်းပြခန်းများအတွက် အသုံးစရိတ် ပိုမိုကြီးထွားနေစေသည်။
အရှုံးမပြဘဲ  Nio ရှေ့ဆက်မောင်းနှင်ဖို့ မဖြစ်နိုင်လောက်ဟု ဆန်းစစ်သူတို့က ကောက်ချက်ချထားသည်။
ထိုသို့သော အလားအလာကြောင့် ယခုနှစ်အတွင်း ရှယ်ယာဈေးနှုန်း သုံးပုံနှစ်ပုံ လျော့ကျသည်။
Source Reuters 

Read 1378 times