ဘက်ထရီ လဲလှယ်သုံးစွဲသည့်စနစ်အတွက် NIO နှင့်  Geely ပူးပေါင်း 


ဘက်ထရီ လဲလှယ်သုံးစွဲသည့်စနစ်အတွက် NIO နှင့်  Geely ပူးပေါင်း 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အားမပြည့်သည့် ဘက်ထရီကို အားအပြည့် ဘက်ထရီဖြင့် အလုံးလိုက် ဖြုတ်လဲတပ်ဆင်သည့် ဘက်ထရီ လဲလှယ်သုံးစွဲသည့်စနစ်အတွက် အီးဗီဘက်ထရီ စံများ သတ်မှတ်ရေး၊ လဲလှယ်စနစ် နည်းပညာသစ် သုံးစွဲရေး၊ ဘက်ထရီ လဲလှယ်ရုံများ ကွန်ရက် ချဲ့ထွင်ရေး၊ လဲလှယ် စံပုံစံ ဖော်ထုတ် သတ်မှတ်ရေး အစရှိသည်တို့ကို နီယိုနှင့် ဂီးလီတို့ ပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်သည်။

အားမပြည့်သည့် ဘက်ထရီကို အားအပြည့် ဘက်ထရီဖြင့် လဲလှယ်ခြင်းသည် အီးဗီသုံးစွဲသူအတွက် မြန်မြန်ဆန်ဆန်ဖြင့် အားအပြည့်ဘက်ထရီကို ရရှိစေသည်။ 
အမြန်အားသွင်းစက်ဖြင့် အားသွင်းလျှင် ၁၅ မိနသ်မှ ၁ နာရီအထိ ကြာသည်။ ဘက်ထရီ လဲလှယ်ခြင်းက ၃ မိနစ်သာ ကြာသည်။

Geely နှင့် NIO တို့သည် "ပူးပေါင်းရင်းနှီးမြုပ်နှံမှု၊ ပူးပေါင်းတည်ဆောက်မှု၊ မျှဝေမှု၊ ပူးပေါင်းဆောင်ရွက်မှု" ပုံစံဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

ဘက်ထရီလဲလှယ်သည့် စံ နှစ်မျိုး ဖော်ထုတ်သတ်မှတ်ကြမည် ဖြစ်ပြီး အဆင်ပြေပြေ ဘေးကင်းကင်းဖြင့် အရှိန်မြှင့်တင် လဲလှယ်ပေးမည့် နည်းပညာကိုလည်း ဖန်တီးကြမည် ဖြစ်သည်။

နီယိုနှင့် ဂီးလီတို့သည် ကုမ္ပဏီတစ်ခု၏ ဘက်ထရီ လဲလှယ်စနစ်ကို အခြားကုမ္ပဏီတစ်ခုက သုံးနိုင်မည့် အီးဗီများကို ထုတ်လုပ်ကြမည် ဖြစ်သည်။

ဂီးလီတွင် ဘက်ထရီလဲလှယ်ရုံ ၃၀၀ ဝန်းကျင် ရှိပြီး ကွန်ရက်ကို ဆက်လက်တိုးချဲ့သွားမည်။ ၂၀၂၅ ခုနှစ်တွင် လဲလှယ်ရုံ ၅,၀၀၀ အထိ ရှိဖို့ ရည်မှန်းထားသည်။ 
Source electrek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 669 times