တိုက်ပေါ်မှ NIO စမ်းသပ်အဆင့်ကား ပြုတ်ကျ


တိုက်ပေါ်မှ NIO စမ်းသပ်အဆင့်ကား ပြုတ်ကျ

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ  အဆောက်အဦပေါ်မှ ၂၀၂၂ ဇွန်လ ၂၂ ရက်တွင် NIO ရဲ့ ကားတစ်စီး ပြုတ်ကျခဲ့ပါတယ်။ ကားကိုယ်ထည်မှာ ရုပ်သွင်ဖျောက် ဆေးခြယ်သထားကို တွေ့ရပါတယ်။ ကားထုတ်လုပ်ရေးလောကမှာ စမ်းသပ်အဆင့် ဖြစ်တဲ့ကားတွေကို  ရုပ်သွင်ဖျောက် ဆေးခြယ်ထားလေ့ရှိတာကြောင့် ပြုတ်ကျတဲ့ကားက စမ်းသပ်အဆင့်ကားလို့ တစ်ထစ်ချ ယူဆနိုင်ပါတယ်။ 

ဖြစ်ပွားပြီးချိန်မှာ တိုက်ပေါ်မှ ပလက်ဖောင်းပေါ်သို့ ကားက ပက်လက်အနေအထားဖြင့် ပြုတ်ကျနေပုံကို တရုတ်ပြည်တွင်း လူမှုကွန်ရက် Weibo မှာ တင်ပြခဲ့ကြပါတယ်။  NIO ကားပြုတ်ကျတဲ့အကြောင်းအရာ ပါတဲ့ ပို့စ် ၁,၀၅၀,၀၀၀ ကျော် တင်ခဲ့ကြပါတယ်။

လျှပ်စစ်ဆီဒင်ကား တစ်စီး ညနေ ၅ နာရီ ၂၀ မိနစ်မှာ NIO ရုံးချုပ်အဆောက်အဦ ၅ လွှာမှ ပြုတ်ကျခဲ့တယ်လို့ မျက်မြင်သက်သေများက ပြောကြားကြပါတယ်။ နောက်ပိုင်း ထွက်ပေါ်တဲ့ သတင်းအချို့မှာတော့ ၃ လွှာကနေ ပြုတ်ကျခဲ့တယ်။ ပလက်ဖောင်းပေါ်ကို ကားအမိုးဖြင့် ကျတယ်။ လမ်းသွားလမ်းလာတစ္ဦး သေဆုံးတယ်။ ကားပေါ်မှာ ပါတဲ့ ယာဉ်မောင်းတစ်ဦး သေမသေ အခြေအနေ မသိရကြောင်း ပြောကြားကြပါတယ်။ 

လျှပ်စစ်ဆီဒင်ကားတစ်စီးကို ပုံမှာတွေ့ကြရပြီး လျှပ်စစ် SUV လို့ ယူဆရပါတယ်။

ကားကိုယ်ထည်ကိုကြည့်ပြီး အချို့က ES7 မော်ဒယ်လို့ ဆိုကြပါတယ်။ အချို့က ET7 မော်ဒယ်လို့ ဆိုကြပါတယ်။ ET5 မော်ဒယ် မဟုတ်တာသေချာပါတယ်လို့ အတည်ပြုပေးသူများလည်း ရှိပါတယ်။

NIO တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် အကြောင်းစုံ မသိကြရသေးပေ။

ရှန်ဟိုင်းအခြေစိုက်  The Paper သတင်းဌာနက သတင်းဖော်ပြခဲ့တာမှာ ပြုတ်ကျတဲ့ကားက SUV အမျိုးအစားဖြစ်ပြီး ကားထဲ လူ၂ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။ ၂ ဦးစလုံး  သေဆုံးခဲ့ကြရာမှာ တစ်ဦးက ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အဆောက်အဦရဲ့ တတိယထပ်မှ ကားပြုတ်ကျတာဖြစ်ပြီး ပဉ္စမထပ် မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကားပြုတ်ကျတာ ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ ရောက်ရှိလာပြီး ကားထဲ ပိတ်မိနေသူ ၂ ဦးကို ကယ် ထုတ်ခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။

NIO က ကားပြုတ်ကျခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပြီး ဖြစ်ပွားခဲ့ပုံကို စုံစမ်းဆဲဖြစ်ကြောင်း ပြောကြားပါတယ်။

36kr သတင်းဌာနရဲ့ သတင်းမှာ ကားပြုတ်ကျတဲ့ အဆောက်အဦက NIO ရဲ့ ရုံးချုပ်အဆောက်အဦ မဟုတ်ကြောင်း၊ ယာဉ်များ ရပ်ထားရန်အတွက် အသုံးပြုကြောင်း၊ စမ်းသပ်စစ်ဆေးမှုများအတွက် အခြား ကား brand များလည်း ရှိနေကြောင်း ဖော်ပြထားပါတယ်။

NIO မှာ  ဆီဒင်မော်ဒယ်အသစ် ၂ မျိုး လောဘောဆယ် ရှိနေပါတယ်။ ET7 ကို ၂၀၂၂ မတ်လကုန်မှာ စတင်ဖြန့်ဖြူးခဲ့ပါတယ်။ ET5 ကို စက်တင်ဘာလမှာ စတင်ဖြန့်ဖြူးဖို့ ရည်ရွယ်ထားပါတယ်။

ဇွန်လ ၁၀ ရက်မှာ တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ NIO ET7 မေလ လက်လီအရောင်း စီးရေ ၁,၇၀၇ ရောင်းချခဲ့ပါတယ်။ အမြင့်တန်းဆီဒင် အရောင်းရဆုံးထိပ်တန်း (၁၀)စာရင်းမှာ နံပါတ် (၉) နေရာမှာ ရှိပါတယ်။ ရောင်းဈေးက ယွမ် ၃၀၀,၀၀၀ ($44,820) အထက်မှာ ဖြစ်ပါတယ်။ 

#MyanmarAutomobileGuide 


 Telegram Channel
https://t.me/Guid4U

https://t.me/Guid4U/321

 

MAG

Read 1519 times