ဩဇီဈေးကွက် ပထမဆုံး ဟိုက်ဒြိုဂျင်ကား Nexo


ဩဇီဈေးကွက် ပထမဆုံး ဟိုက်ဒြိုဂျင်ကား Nexo

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဩစတြေးလျ၏ ပထမဆုံး ဟိုက်ဒရိုဂျင်ကား‌များသည် ၅ မိနစ်အတွင်း အပြည့်ဖြည့်ပေးနိုင်သည့် ဖြည့်တင်းရုံများ အစုံအလင်ဖြင့် ဈေးကွက်သို့ ရောက်လာသည်။
 ကားသည် တိုင်ကီအပြည့်ဖြည့်ထားပါက ကီလိုမီတာ ၉၀၀ အထိ သွားနိုင်သည်။
၎င်းကားမှာ 2021 Hyundai Nexo ဖြစ်သည်။ ဟိုက်ဒြိုဂျင် ၆.၂၇ ကီလိုဂရမ် ဖြည့်တင်းပြီး မောင်းနှင်သည့်အခါ လေ ၄၄၉,၁၀၀ လီတာ သန့်စင်ပေးသည်။ ( လူ ၃၃ ဦး တစ်ရက် အသက်ရှုသည့် ပမာဏ စုစုပေါင်းနှင့် ညီမျှသည်)
အိပ်ဇောမှ ဘာဓာတ်ငွေ့မှ မထုတ်လွှတ်၊ ရေထွက်ကျသည်။ 

 


Hyundai သည် ဈေးကွက်အတွက် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်ကားကို ရောင်းတန်းဝင် ထုတ်လုပ်သည့် ကမ္ဘာ့ပထမဆုံးသော ကားထုတ်လုပ်သူ ဖြစ်သည်။


Hyundai Nexo မှ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်စနစ်က 95kW ထုတ်ပေးနိုင်သည်။ ဟိုက်ဒြိုဂျင် ဓာတ်ငွေ့၁၅၆.၅ လီတာ သိုလှောင်နိုင်သည့် ဂက်စ်အိုးပါသည်။


ဟိုက်ဒြိုဂျင်ကို လေနှင့် ထိတွေ့စေရာမှ လျှပ်စစ်ဓာတ်အား ထွက်ပေါ်သည်။ ၎င်း လျှပ်စစ်ဓာတ်အားကို လျှပ်စစ်မော်တာထံ ပို့ပေးပြီး မော်တာကို အလုပ်လုပ်စေသည်။
ပိုလျှံသည့် လျှပ်စစ်စွမ်းအင်၊ ဘရိတ်နင်းသည့်အခါ ထုတ်ယူသည့် လျှပ်စစ်စွမ်းအင်တို့ကို 1.56kWh လစ်သီယမ်အိုင်ယွန်းဘက်ထရီဖြင့် သိမ်းဆည်းပေးသည်။

မော်တာက ပါဝါ 135kW နှင့် ရုန်းအား 395Nm အထိ ထုတ်ပေးနိုင်ပြီး ရှေ့ဘီးများကို လှည့်ပေးသည်။
2021 Hyundai Nexo သည် ခရီးတာ 666km အထိ သွားနိုင်သည်။
Source drive.com

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 4826 times