တရုတ်ပြည်တွင်းကားဈေးကွက် NEV အတွက် အခွန်မက်လုံး သက်တမ်းတိုးမြှင့်


တရုတ်ပြည်တွင်းကားဈေးကွက် NEV အတွက် အခွန်မက်လုံး သက်တမ်းတိုးမြှင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 
 Guo Zi သည် Wuling Air EV ကားတစ်စီးအတွက် ကားသော့ကို ဝယ်ယူသူ လက်ထဲလွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် သူမ၏ ဈေးဦးပေါက်အဖြစ် စွမ်းအင်သစ်ကားnew energy vehicle (NEV) အသစ် တစ်စီးကို ရောင်းချခဲ့သည်။
 Guo က "၂၀၂၂ မှာ NEV 380 ကျော် ကျွန်မ  ရောင်းခဲ့တယ်"ဟု ပြောကြားသည်။
 SAIC-GM-Wuling (SGMW) ၏ လက်လီအရောင်းကိုယ်စားလှယ်များအကြားတွင် သူမသည် ရောင်းအားအကောင်းဆုံး ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
SAIC-GM-Wuling (SGMW)သည် တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်ရှီကျုံးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျူကျိုမြို့မှာ ကားများ ထုတ်လုပ်သည်။
"NEV များအတွက် ဝယ်ယူခွန်ကင်းလွတ်ခွင့် ရရှိတာဟာ  ကားဝယ်သူများရဲ့ ကုန်ကျစရိတ်ကို တကယ့်ကို လျော့နည်းစေပါတယ်။ ပြီးတော့ ဓာတ်ဆီဈေးတွေ မြင့်တက်နေတာကြောင့်လည်း NEV ကို ဝယ်စီးဖြစ်စေပါတယ်" ဟု သူမက ပြောပြသည်။
နှစ်သစ်ကူး အားလပ်ရက်မှာ လူတွေ စုပြုံပြီး စုံစမ်းမေးမြန်းကြတာ တွေ့ခဲ့ရကြောင်း သူမက ပြောကြားသည်။

 

NEV များအတွက် ဝယ်ယူခွန် ကင်းလွတ်ခွင့်ကို ၂၀၂၃ နှစ်ကုန်အထိ သက်တမ်းတိုးမည်ဟု တရုတ်အာဏာပိုင်တို့က ပြီးခဲ့သည့်နှစ် ၂၀၂၂  စက်တင်ဘာလတွင် ကြေညာခဲ့သည်။

 မူဝါဒကို တရုတ်နိုင်ငံတွင် ပထမဆုံး စတင် အကောင်အထည်ဖော်ခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း တတိယအကြိမ်မြောက် သက်တမ်းတိုးခြင်းဖြစ်သည်။
 အခွန်‌ဝင်ငွေ စုစုပေါင်း ယွမ် ၁၀၀ ဘီလီယံ ( ကန်ဒေါ်လာ ၁၄.၈ ဘီလီယံခန့်) သက်ညှာလိုက်ခြင်းဖြစ်သည်။
ပြည်နယ်အခွန်ဦးစီးဌာန အဆိုအရ  နိုဝင်ဘာ ၁၀ ရက်အထိ ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ယွမ် ၆၈.၆၂ ဘီလီယံ အခွန်ကင်းလွတ်ခွင့် ပေးခဲ့သည်။ 
၂၀၁၀ တွင် စတင်ခဲ့သော NEV ဝယ်ယူသူများအတွက် အစိုးရထောက်ပံ့ကြေးအစီအစဉ်ကို 
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရပ်စဲပြီးနောက် ကားကုမ္ပဏီများသည် ရောင်းဈေးများကို ဈေးတင်ခြင်းဖြင့် ချိန်ညှိကြသည်။ 
"ဒါပေမဲ့ အခွန်ကင်းလွတ်ခွင့်ကို သက်တမ်းတိုးတဲ့ သတင်းကြောင့် NEV ရောင်းအား ကောင်းနေစေပါတယ်" ဟု SGMW ၏အရောင်းကုမ္ပဏီ  လက်ထောက်အထွေထွေမန်နေဂျာ Wang Weisen က ပြောကြားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ SGMW ၏ NEVs များရောင်းချမှုသည် ယခင်နှစ်ထက် ၃၂.၅  ရာခိုင်နှုန်း မြင့်တက်လာပြီး ၅၁၉,၃၂၇ စီး ရောင်းချခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး NEV ထုတ်လုပ်သူ BYD ၏ NEV ရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် စီးရေ ၁.၈၆ သန်းကျော်အထိ ရောက်ရှိခဲ့သည်။

Li Auto က NEV ၁၃၃,၂၄၆ စီး ရောင်းချခဲ့သည်။ 
NIO က NEV ၁၂၂,၄၈၆ စီး ရောင်းချခဲ့သည်။

၂၀၂၂ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံတွင်  NEV ရောင်းအားသည် ၆.၉၆ သန်းကျော် ရှိခဲ့သည်ဟု တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers (CAAM)၏ အချက်အလက်များအရ သိရသည်။
CAAM က ၂၀၂၃ တွင် NEV စီးရေ ၉ သန်း ရောင်းချနိုင်မည်ဟု မှန်းဆထားသည်။
Source Xinhua 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 221 times