ပင်လယ်ရပ်ခြား ဈေးကွက်များတွင် တဟုန်ထိုး တိုးချဲ့နေသည့် Neta ၏ ရည်မှန်းချက် ပန်းတိုင်များ


ပင်လယ်ရပ်ခြား ဈေးကွက်များတွင် တဟုန်ထိုး တိုးချဲ့နေသည့် Neta ၏ ရည်မှန်းချက် ပန်းတိုင်များ

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Hozon Auto ပိုင်ဆိုင်သည့် အမှတ်တံဆိပ် Neta သည် ပင်လယ်ရပ်ခြား ဈေးကွက်များတွင် ချဲ့ထွင်နေရာ၌ မလေးရှားတွင် ၎င်း၏ တတိယမြောက် ပြည်ပစက်ရုံကို တည်ဆောက်မည်ဖြစ်သည်။

 

Neta သည် ၎င်းစက်ရုံကို ပူးတွဲတည်ဆောက်ရန် မလေးရှားမှ စီးပွားဖက်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်တွင် Rembau Chembong Industrial Estate တွင် စက်ရုံတည်ဆောက်ရန် ပန္နက်ချသည်။ 

၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားကြောင်း Neta မှပြောကြားခဲ့သည်။ 

 

Neta သည် ပထမဆုံးဖြစ်သော ပြည်ပစက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်ခဲ့ပြီး စတင် ထုတ်လုပ်နေပြီ ဖြစ်သည်။ 

 

Neta သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းဈေးကွက်သို့ ဝင်ရောက်ရန် ကြေညာခဲ့သည်။

Neta V  မော်ဒယ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ထိုင်းဈေးကွက်တွင် စတင်ရောင်းချခဲ့သည်။

၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် Neta သည် ဘန်ကောက်တွင် တနှစ်လျှင် အစီးရေ ၂ သောင်းအထိ ထုတ်လုပ်နိုင်သည့်စက်ရုံ စတင်တည်ဆောက်ခဲ့သည်။ နိုဝင်ဘာလကုန်တွင် စတင်စမ်းသပ် လည်ပတ်သည်။ ၂၀၂၄ ခုနှစ် ပထမ၃လပတ်အတွင်း အမြောက်အမြား ထုတ်လုပ်မှု စတင်မည် ဖြစ်သည်။ 

 

ဒုတိယမြောက် ပြည်ပစက်ရုံသည် အင်ဒိုနီးရှားတွင် တည်ရှိပြီး ဆောက်လုပ်ဆဲ ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ထုတ်လုပ်ရေး စတင်ရန် ရည်မှန်းထားသည်။

၎င်းစက်ရုံ အကောင်အထည်ဖော်ရန်အတွက် နက်တာသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် အင်ဒိုနီးရှားမှ စီးပွားဖက် PT Handal Indonesia Motor နှင့် ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 

၂၀၂၃ ခုနှစ် တွင် Neta ပြည်ပရောင်းအားသည် အစီးရေ  နှစ်သောင်းသို့ ရောက်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၅၆၇% တိုးခဲ့သည်။

 

Neta သည် ၎င်း၏နိုင်ငံရပ်ခြား တိုးချဲ့မှုကို ၂၀၂၄ ခုနှစ်တွင် အရှိန်မြှင့်ရန် အစီအစဉ် ရေးဆွဲထားသည်။ နိုင်ငံပေါင်း ၅၀ ကျော်တွင် အီးဗီများ ရောင်းချရန် ရည်မှန်းထားသည်။

ကမ္ဘာတလွှား ရောင်းချရန် မော်ဒယ် ၄ မျိုး ထုတ်လုပ်မည်။

ပြည်ပတွင် အရောင်းပြခန်း ၅၀၀ ကျော်ဖွင့်လှစ်မည်။

 

နက်တာသည် ကားရောင်းချမည့် နိုင်ငံတွင် ကားများ ထုတ်လုပ်မည်ဖြစ်သဖြင့် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိက၊ ဥရောပနှင့် အမေရိကတို့တွင် စက်ရုံ ဆောက်လုပ်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ရန် အရှိန်မြှင့်တင်မည်။

 

Neta သည် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်နည်းပညာကုမ္ပဏီတစ်ခုအဖြစ်သို့ အသွင်ပြောင်းရန် ရည်မှန်းထားသည်။ ကမ္ဘာတလွှား အစီးရေ ၁ သန်းအထိ ရောင်းချနိုင်ရန် ရည်မှန်းထားသည်။

 

၂၀၂၃ ခုနှစ်တွင် နက်တာသည် ပြည်တွင်းနှင့် ပြည်ပ စုစုပေါင်း အစီးရေ ၁ သိန်းကျော် (၁၂၇,၄၈၆ စီး) ရောင်းချခဲ့ပါသည်။

 

Source CnEVPost.


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 236 times