အရွယ်ကြီးမားတဲ့ MPV အသစ်  Hongqi HQ9


အရွယ်ကြီးမားတဲ့ MPV အသစ်  Hongqi HQ9

 

Hongqi HQ9 ဟာ တရုတ်ပြည်တွင်းအတွက် ဇိမ်ခံ MPV အသစ် ဖြစ်ပါတယ်။  HQ9 ဟာ Hongqi brand အတွက် အဦးဆုံး ထုတ်လုပ်တဲ့ MPV ဖြစ်ပါတယ်။

 


မော်ဒယ်အသစ် Hongqi HQ9 က တရုတ်ကားစျေးကွက်အဖို့ အရွယ်အစား ကြီးမားသော MPV အသစ်ဖြစ်ပါတယ်။ အလျား အကျယ် အမြင့် 5222/2005/1892 mm ရှိပါတယ်။ ရှေ့နှင့်နောက် ဘီးအ‌ခြေ ၂ ခုကြားအကွာအဝေးက 3200 mm ရှိပါတယ်။ Hongqi HQ9 က အီးဗီမဟုတ်ဘဲ ရှေးမှုမပျက် ဓာတ်ဆီအင်ဂျင်ကား ဖြစ်ပါတယ်။

 


2.0 တာဘို ဓာတ်ဆီအင်ဂျင် ဖြစ်ပြီး ပါဝါ 252 hp အထိ ထုတ်ပေးနိုင်ပါတယ်။ ရုန်းအား 380 Nm အထိ ရနိုင်ပါတယ်။ ဂီယာက အော်တိုမက်တစ် ၉ ချက် ဖြစ်ပါတယ်။ ရှေ့ဘီးယက် ဖြစ်ပါတယ်။ 

 

 

တရုတ်နိုင်ငံတွင် MPV များ အလွန်ရေပန်းစားပါတယ်။ Hongqi HQ9 သည် တန်ဖိုးကြီး ဇိမ်ခံစျေးကွက် အပိုင်းအကန့်သို့ ဦးတည်ထားပါတယ်။  HQ9 လို  MPV အမျိုးအစားများကို ပုံမှန်အားဖြင့် ကုမ္ပဏီများက  ထိပ်တန်းစီမံခန့်ခွဲမှု ရာထူးရှိသူများ စီးရန် ဝယ်ကြပါတယ်။  VIP တက္ကစီလုပ်ငန်းများနှင့် အဆင့်အမြင့်ဆုံး ဟိုတယ်များကလည်း ဝယ်ကြပါတယ်။ Hongqi HQ9 ရဲ့ မျက်နှာပေါက်က Hongqi ရဲ့ ရုပ်ဆင်းအင်္ဂါရပ်များဖြင့် ခန့်ထည်နေပါတယ်။

 

ကားအတွင်းမှာ စပီကာ ၁၆ လုံးပါတဲ့ Dynaudio အသံစနစ် ထည့်ပေးထားပါတယ်။ Hongqi HQ9 က ၇ ယောက်စီး ဖြစ်ပြီး  2/2/3 ပုံစံဖြင့် ထိုင်ခုံ ၃ တန်းပါတယ်။ အလယ်တန်းက စည်းစိမ် အရှိဆုံး ဖြစ်ပါတယ်။

 

 

နောက်ဆုံးတန်း ဖြစ်တဲ့ တတိယတန်းက  အလယ်တန်းနှင့် ယှဉ်လိုက်ရင် သိမ်ငယ်နေပါတယ်။ အလယ်နေရာ ထိုင်ဖို့ မလွယ်လောက်ဘူး။

 


နောက်ဆုံးတန်း ကျောမီကို လှဲမချထားရင် ပစ္စည်းတင်မယ့်နေရာက ကျဉ်းနေပါတယ်။

 

တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ ကြိုတင်အမှာစာ ရောင်းဈေး ယွမ် ၄ သိန်း (57,700 USD) သတ်မှတ်ထားပါတယ်။ 


Source carnewschina

#MyanmarAutomobileGuide 

 Telegram Channel  https://t.me/Guid4U

Read 1053 times