မော်တော်ဆိုင်ကယ်တွေဟာ နောက်ပိုင်းမှာ လူတော်တော်များများ စိတ်ဝင်စားလာခဲ့ကြပြီး ရန်ကုန်လိုမြို့ကြီးမှာ အများဆုံး မတွေ့ရပေမယ့် တခြားမြို့ကြီးတွေမှာ လူကြီးလူငယ်မရွေး စီးနေကြတာကို တွေ့ရပါတယ်။ အခုပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ မော်တော်ဆိုင်ကယ် Brand တွေထဲမှာ နာမည်အကြီးဆုံးဖြစ်နေတဲ့ Brand တွေအကြောင်း ပြောပြသွားမှာပါ။
၁။ Harley Davidson
ဒီကုမ္ပဏီကို ၁၉၀၃ ခုနှစ်မှာ William S. Harley နဲ့ Arthur Davidson တို့နှစ်ဦးက စတင်တည်ထောင်ခဲ့ပြီး နောက်မကြာခင်မှာပဲ အမေရိကန်ရဲ့ လူကြိုက်အများဆုံး မော်တော်ဆိုင်ကယ်ဖြစ်လာခဲ့ပါတယ်။ Harley Davidson က ပထမဆုံးထုတ်ခဲ့တဲ့ ဆိုင်ကယ်က Single Cylinder Engine နဲ့ဖြစ်ပြီး မြင်းကောင်ရေ ၇ ကောင်အားရှိပါတယ်။
မန္တလေးတွင်တွေ့ရသော Harley Davidson Fat Bob
Image Credit to HarleyDavidsonOFMyanmar
ဒီ Brand က ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး Brand ဖြစ်ပြီးတော့ နာမည်ကြီးရတာက သူ့ဆိုင်ကယ်တွေရဲ့ Classic ဆန်ဆန်ဒီဇိုင်းနဲ့ အင်ဂျင်ပါဝါကောင်းကောင်းပေးနိုင်တဲ့အပြင် Exhaust ကထွက်တဲ့ အသံကလည်း တော်တော်လှပါတယ်။ Model အမျိုးအစားအများကြီးရှိပြီး ရုပ်ရှင်တွေ သီချင်းတွေနဲ့ TV Series တွေမှာလည်း ခဏခဏတွေ့ရပါတယ်။
အခုနောက်ပိုင်းမှာ Harley Davidson က Stake ၇၀% ကျော်ပိုင်တဲ့ Livewire ကုမ္ပဏီကနေ လျှပ်စစ်မော်တော်ဆိုင်ကယ်တွေကို စတင်ထုတ်လုပ်နေပြီး Livewire ONE နဲ့ S2 Del Mar ဆိုတဲ့ လျှပ်စစ်ဆိုင်ကယ် နှစ်စီးကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။
လျှပ်စစ်မော်တော်ဆိုင်ကယ် Livewire ONE
၂။ Honda
Honda ကတော့ လူတိုင်းသိကြမှာပါ။ Honda ကုမ္ပဏီကို ၁၉၄၈ ခုနှစ်မှာ Soichiro Honda ကစတင်တည်ထောင်ခဲ့ပြီး အဲ့ဒီတုန်းက ဂျပန်မှာ လမ်းပန်းဆက်သွယ်ရေးအတွက် စက်ဘီးကိုသာ အဓိကထားသုံးစွဲနေကြတဲ့ အချိန်ပါ။ Soichiro Honda ကစက်ဘီးတွေမှာ အင်ဂျင်တပ်ပြီး သွားလာရေးကိုပိုအဆင်ပြေစေခဲ့တာကြောင့် လူတွေဝယ်လိုအားများလာပြီး နောက်ပိုင်းမှာ Honda က A-type Engine ကို ကိုယ်တိုင်တီထွင်ခဲ့ပြီး အလုပ်သမား ၃၄ ယောက်နဲ့စတင်ခဲ့ပါတယ်။
Related Article - လူတိုင်းသိထားသင့်တဲ့ စက်ဘီး အမျိုးအစား (၉) မျိုး
Honda Rebel 1100
Honda က လေ့လာတီထွင်ရေးအပိုင်းတွေမှာ ပိုအားသန်ခဲ့ပြီး ပထမဆုံး Full Auto Transmission ဆိုင်ကယ်တွေနဲ့ ပထမဆုံး Electronic Fuel Injection ဆိုင်ကယ်တွေကို ထုတ်လုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆိုင်ကယ်အမျိုးအစား အများကြီးထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံထဲမှာ အများဆုံးက Honda ဆိုင်ကယ်တွေလည်း ဖြစ်ပါတယ်။
၃။ Ducati
Ducati ကတော့ Italy ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၂၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ ၁၉၄၀ ခုနှစ်မှာ မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Ducati က MotoGP၊ World Superbike နဲ့ တခြား ပြိုင်ပွဲတွေမှာ ဝင်ရောင်ယှဥ်ပြိုင်ခဲ့ဖူးပြီး Grand Prix ပြိုင်ပွဲကို အကြိမ်ရေ ၃၃၀ ကျော်အနိုင်ရခဲ့တဲ့အပြင် World Superbike Championship ပြိုင်ပွဲမှာ ၁၇ ခါ အနိုင်ရရှိခဲ့ပါတယ်။
Ducati Panigale V4 2023
Ducati ဆိုင်ကယ်တွေက သူရဲ့ ပါဝါအားကောင်းတဲ့ L-twin Engine နဲ့ အနီရောင်ဒီဇိုင်းလေးနဲ့ နာမည်ကြီးတာဖြစ်တဲ့အပြင် Exhaust ကအသံက တခြားဆိုင်ကယ်သံတွေထက် Deep ပိုဖြစ်ပြီးနားထောင်လို့ကောင်းတဲ့ အတွက် နာမည်ကြီးတာပါ။
ယခု ၂၀၂၃ ခုနှစ်ထဲမှာ Ducati က လျှပ်စစ်မော်တော်ဆိုင်ကယ်ကို Championship ပြိုင်ပွဲ အတွက် ထုတ်လုပ်တော့မှာဖြစ်ပြီး Website မှာလည်း Ducati MotoE လို့ခေါ်တဲ့ Prototype ကိုပြသထားပါတယ်။
၄။ Yamaha
Yamaha က ၁၉၅၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဂီတတူရိယာတွေပြုလုပ်ရောင်းချခဲ့တာပါ။ ၁၉၆၀ ခုနှစ်မှာ မော်တော်ဆိုင်ကယ်တွေကို စတင်ထုတ်လုပ်ခဲ့ပြီး သူ့ရဲ့ Two-Stroke Engine နဲ့ နာမည်ကြီးလာခဲ့ပါတယ်။
Yamaha YZF R-1 2020 Black
Yamaha ကတခြားပြိုင်ကားကုမ္ပဏီတွေအတွက် Exhaust သံအတွက် အသံသွားချိန်ညှိပေးထားဖူးတဲ့အတွက် Yamaha ဆိုင်ကယ်တွေက အသံကတော့ ပြောပြစရာလိုမယ်မထင်ပါဘူး။ နာမည်ကြီး Designer တွေဖြစ်တဲ့ Giorgetto Giugiaro နဲ့ Hans Muth တို့နဲ့ပေါင်းကာ နာမည်ကြီး ဒီဇိုင်းတွေဖြစ်တဲ့ RD350 နဲ့ R1 တို့ကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။
၅။ Triumph
Triumph ကို ၁၉၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး British Brand တစ်ခုလည်းဖြစ်ပါတယ်။ ဒီ Brand က သူ့ရဲ့ ပြိုင်ပွဲ Record တွေနဲ့ နာမည်ကြီးတာဖြစ်ပြီး ပွဲပေါင်း ၁၀၀ ကျော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် World Speed Record တွေအတွက်ပါ နာမည်ကြီးခဲ့ပါသေးတယ်။
Triumph Rocket 3
ဒီ Brand က လူကြိုက်များတဲ့ Bonneville၊ Tiger နဲ့ Speed Triple စတဲ့ ဆိုင်ကယ်အမျိုးအစားတွေထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း Model တွေမှာ LED Lights တွေနဲ့ Digital Display တွေတပ်ဆင်ပေးထားပါတယ်။
၆။ Kawasaki
ဒီ Brand ကတော့ ဆိုင်ကယ်စီးတဲ့ သူတွေအနေနဲ့တော့ စိမ်းမယ်မထင်ပါဘူး။ ဂျပန် Brand ဖြစ်တဲ့ Kawasaki ကို ၁၈၉၆ ခုနှစ်မှာ သင်္ဘောတွေဆောက်တဲ့ ကုမ္ပဏီအနေနဲ့ စတင်ခဲ့ပြီး မော်တော်ဆိုက်ကယ်တွေကိုတော့ ၁၉၆၀ ခုနှစ်ရောက်မှ စတင်ထုတ်လုပ်ခဲ့တာပါ။
Kawasaki ZX-6R 2019
Kawasaki က Classic Bike၊ Cruiser နဲ့ Sport Bike စတဲ့ အမျိုးအစားတွေ အများအပြားထုတ်လုပ်ခဲ့ပြီး နာမည်အကြီးဆုံးကတော့ Z Series နဲ့ Ninja Series တွေပါ။ ပြိုင်ပွဲတော်တော်များများမှာလည်း နာမည်ကြီးခဲ့ပြီး World Superbike Championship ပြိုင်ပွဲတွေလည်းအနိုင်ရခဲ့ဖူးတဲ့အပြင် MotoGP၊ AMA Superbike နဲ့တခြားပြိုင်ပွဲ Series တော်တော်များများမှာလည်း အနိုင်ရရှိခဲ့ဖူးပါတယ်။
Kawasaki ကိုတော့ သူ့ရဲ့အားကောင်းတဲ့ Engine နဲ့ လူသိများလာခဲ့ပြီး Electronic Throttle Management၊ Cornering ABS နဲ့ Quick shifting စတာတွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။
၇။ BMW
BMW ကမော်တော်ဆိုင်ကယ်တွေကို ၁၉၂၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး သူ့ရဲ့ Performance ကြောင့် တဖြည်းဖြည်း နာမည်ရလာခဲ့ပါတယ်။ The Isle of Man TT ပြိုင်ပွဲတွေမှာ နာမည်ရလာခဲ့ပြီး ABS (Anti Lock Brake System) ကိုပထမဦးဆုံးစတင် မိတ်ဆက်ပေးခဲ့တဲ့ Brand တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ Sport Bike၊ Cruiser နဲ့ Touring Bike တွေထုတ်လုပ်ခဲ့ပြီး နာမည်အကြီးဆုံးကတော့ S1000RR နဲ့ R1200GS တို့ပဲဖြစ်ပါတယ်။
BMW S1000RR
နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ အခုနောက်ပိုင်း လျှပ်စစ်ဆိုင်ကယ်တွေ ပေါ်လာနေကြပါပြီ။ ဒီ လျှပ်စစ်ဆိုင်ကယ်တွေကရော လက်ရှိအသုံးပြုနေတဲ့ Engine ဘီးတွေကို မီလာနိုင်ပါ့မလားဆိုတာ စဥ်းစားစရာပါပဲ။ ဒါ့အပြင် ညီအကိုတို့ နောက်ပိုင်း စီးဖို့ရည်ရွယ်ထားတဲ့ Brand လေးတွေရှိရင် အဆင်ပြေပြေ ဝယ်ယူနိုင်ဖို့နဲ့ ပြုပြင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းတွေနဲ့ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းတွေအပြင် Spare Parts တွေရောင်းတဲ့ လုပ်ငန်းတွေကို အောက်မှာ ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းများ
- Automobile Directory/ Motorcycles
မော်တော်ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းများ
- Automobile Directory/ Repair & Maintenance
မော်တော်ဆိုင်ကယ် Spare Parts အရောင်းဆိုင်များ