စကေးကိုက် Model Y ကားငယ် တစီး ၁၉၅ ဒေါ်လာဖြင့် Tesla ရောင်းချလျက်ရှိ


စကေးကိုက် Model Y ကားငယ် တစီး ၁၉၅ ဒေါ်လာဖြင့် Tesla ရောင်းချလျက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ရေပန်းအစားဆုံး အရောင်းရဆုံး မော်ဒယ်ဖြစ်သည့် Tesla Model Y ကို ၁:၁၈ ဖြင့် စကေးကိုက် ဖိပုံသွန်း ထုတ်လုပ်ပြီး တက်စလာ ဝဘ်ဆိုက်တွင် ရောင်းချလျက် ရှိပါသည်။
Model Y သည် ယခုနှစ်တွင် ကမ္ဘာ့အရောင်းရဆုံး အီးဗီ ဖြစ်ရာ သေချာနေပါသည်။

 

စကေးကိုက် Model Y ကားငယ်ကို တစီး $195 ဖြင့် အွန်လိုင်းမှာ တက်စလာက ရောင်းချပါသည်။
အနီ၊ အဖြူ၊ အပြာ အရောင်းသုံးမျိုးဖြင့် ရောင်းချပါသည်။ 

 


Tesla ၏ ပြောကြားချက်အရ အဆိုပါ စကေးကိုက် အသေးစား Model Y ကို တကယ့် Model Y ထုတ်လုပ်ရာတွင် ပုံစံငယ် ထုတ်ပေးသည့် ဒီဇိုင်း စတူဒီယိုဖြစ်သည့် Tesla Design Studio မှ နမူနာ ရယူပြီး ထုတ်လုပ်ထားပါသည်။
3D CAD ဒေတာ ရယူပြီး အသေးစိတ် ပုံတူကူးထားခြင်း ဖြစ်ပါသည်။

• သတ္တုနှင့် ပလတ်စတစ် အစိတ်အပိုင်း ၁၈၀ ကျော် ပါဝင်သည်


 


• ယာဉ်အတွင်းပိုင်း အသေးစိတ် အနုစိတ် ဖန်တီးပေးထားသည်


• တံခါးများ၊ ရှေ့ဖုံး၊ နောက်ဖုံး အဖွင့်အပိတ် ပြုနိုင်သည်
• မြင်ကွင်းကျယ် မှန်အမိုး ပါသည်
• ရော်ဘာတာယာများ အသုံးပြုထားသည်
• ယာဉ်အတွင်းနှင့် ပစ္စည်းတင်ခန်းတို့တွင် ကောဇောခင်းပေးထားသည်
• စတီယာရင် လှည့်၍ ရသည်
• ထိုင်ခုံခါးပတ်များ ပါသည်။ တကယ့်ကားတွင် သုံးသည့် ခါးပတ်ကြိုး အသား၊ ခါးပတ်ခေါင်းတို့ကို အသေးစိတ် လုပ်ပေးထားသည်။
• အတိုင်းအတာမှာ
 အလျား 264mm (၁၀.၄ လက်မခန့်) 
အကျယ် 120mm (၄.၇ လက်မကျော်)
အမြင့်  90.2mm (၃.၅ လက်မကျော်)


တက်စလာ ဈေးဆိုင် ဝဘ်ဆိုက်လင့်
https://shop.tesla.com/product/diecast-1_18-scale-model-y

Source Tesla 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2638 times