ကမ္ဘာ့ဈေးကွက်ထဲသို့ Mini EV ကို အိန္ဒိယမှ စဝင်ရန် MG စီစဉ်


ကမ္ဘာ့ဈေးကွက်ထဲသို့ Mini EV ကို အိန္ဒိယမှ စဝင်ရန် MG စီစဉ်


MG Motor က တရုတ်ပြည်မှာ အရောင်းရဆုံး Wuling Hongguang Mini EV ကို ကမ္ဘာ့ဈေးကွက်မှာ ရောင်းချဖို့အတွက် အိန္ဒိယဈေးကွက်မှာ ဩချရမယ့် ဈေးန‌ှုန်းဖြင့် စတင်ရောင်းချမယ်လို့ ဆိုပါတယ်။


မူရင်းမူလ Wuling Hongguang Mini EV က တရုတ်ပြည်တွင်း ဈေးကွက်ထဲ မုန်တိုင်းတစ်ခု ဝင်တိုက်သွားတဲ့အတိုင်း ရောင်းအား အလွန်ကောင်းခဲ့ပါတယ်။
SAIC, General Motors နှင့် Wuling တို့ထူထောင်ထားတဲ့ ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်ပါတယ်။
SAIC က နိုင်ငံပိုင်လုပ်ငန်းဖြစ်ပါတယ်။ ဗြိတိသျှ ကား brand ဖြစ်တဲ့ MG ကို ဝယ်ယူပိုင်ဆိုင်ထားပါတယ်။
အိန္ဒိယဈေးကွက်ကို MG Motor အနေဖြင့် ဝင်ရောက်မှာ ဖြစ်ပါတယ်။ Wuling Hongguang Mini EV ကို အိန္ဒိယဗားရှင်းဖြင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
MG 320 မော်ဒယ်အမည်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
အိန္ဒိယကားဈေးကွက်မှာ ဈေးအပေါဆုံးအီးဗီအဖြစ်ဖြင့် ဈေးနှုန်းသတ်မှတ်ရောင်းချမှာ ဖြစ်ပါတယ်။

MG 320 ကို SAIC-GM-Wuling Global Small Electric Vehicle (GSEV) ပလက်ဖောင်းဖြင့် တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီပလက်ဖောင်းမှာ တရုတ်ဈေးကွက်အတွက် လျှပ်စစ်ကားတွေ ဖြစ်တဲ့ Baojun E100, E200, E300, E300 Plus တို့ကို ထုတ်လုပ်ပါတယ်။ Wuling Hongguang Mini EV ကိုလည်း ထုတ်လုပ်ပါတယ်။

MG 320 ကို ရူပီ ၁ သန်း မကျော်တဲ့ ဈေးနှုန်းဖြင့် ရောင်းချမယ်လို့ ဆိုပါတယ်။( အမေရိကန်ဒေါ်လာ ၁,၂၀၀၀ ဝန်းကျင် ဖြစ်ပါတယ်)
အိန္ဒိယကားဈေးကွက်မှာ ရောင်းချနေတဲ့ MG ZS EV ရောင်းဈေးထက် ခေါက်ချိုးသက်သာပါတယ်။

ဘက်ထရီထုပ်က 20 kWh ဖြစ်ပြီး ၁၅၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ ကားအလျားက ၃ မီတာ အောက်မှာပဲ ရှိပါမယ်။ ၂၀၂၃ မှာညစရောင်းပါမယ်။
နောက်ဆုတ်ကားပတ်ကင်၊ အဆင့်မြင့် ယာဉ်မောင်းထောက်ကူ၊ အလိုအလျောက် ပတ်ကင်၊ စကားသံဖြင့် စေခိုင်းခြင်း၊ ရှေ့ဘက် လေအိတ် နှစ်လုံး၊ အက်တာနက်ဖြင့် ကားဆော့ဖ်ဝဲလ်ကို update များပေးခြင်း စတာတွေ ပါဝင်ပါတယ်။

MyanmarAutomobileGuide

Read 9339 times