တရုတ်ပြည်မှာ လျှပ်စစ် MINI Cooper အမြောက်အမြား ထုတ်လုပ်မှု စတင်


တရုတ်ပြည်မှာ လျှပ်စစ် MINI Cooper အမြောက်အမြား ထုတ်လုပ်မှု စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံရှိ Spotlight Automotive ၏ စက်ရုံတွင် လျှပ်စစ်ကားစစ်စစ် hatchback မော်ဒယ်  MINI Cooper အမြောက်အမြား ထုတ်လုပ်မှု၏ ပထမဆုံးအသုတ် တပ်ဆင်ရေးလိုင်းမှ ဘီးလိမ့်ပြီး စထွက်လာပါသည်။

 

Spotlight Automotive သည် ဗြိတိန်မှ MINI ၏ မိခင်လုပ်ငန်း ဖြစ်သော ဂျာမနီမှ BMW နှင့် တရုတ်မှ Great Wall Motor (GWM) တို့၏ ဖက်စပ်လုပ်ငန်း ဖြစ်ပါသည်။ 
GWM နှင့် BMW တို့သည် ဖက်စပ်လုပ်ငန်းတွင် ရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်။

အနာဂတ် လျှပ်စစ်ကားစစ်စစ် MINI မော်ဒယ်လ်များ ထုတ်လုပ်ခြင်းဖြင့် MINI ၏ လျှပ်စစ်ကားသို့ ကူးပြောင်းရောက်ရှိစေရေး မဟာဗျူဟာကို အရှိန်မြှင့်ရန်အတွက် Spotlight Automotive ဖက်စပ်လုပ်ငန်းကို ထူထောင်ခဲ့သည်။ တရုတ်နိုင်ငံ ကျန်းစု ပြည်နယ် Zhangjiagang မြို့ရှိ အီးဗီစက်ရုံအတွက် အရင်းအနှီး ယွမ် ၁.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၃၂.၇ သန်း) ကနဦး ရင်းနှီးမြှုပ်နှံခဲ့သည်။

ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်ရေးကို ဖက်စပ်လုပ်ငန်းအဖြစ် အတူတကွ လုပ်ကိုင်ကြသည်။ ဖြန့်ဖြူးရောင်းချရေး ကွန်ရက်ကို သီးခြားကုမ္ပဏီ တခုစီအဖြစ် လုပ်ကိုင်ကြသည်။ “joint venture without joint venture” ပုံစံဟု ခေါ်တွင်သည်။ 


လျှပ်စစ် MINI Cooper များကို ၂၀၂၄ ပထမနှစ်ဝက်တွင် ကမ္ဘာ့ဈေးကွက်ထဲ စတင်ရောင်းချမည် ဖြစ်သည်။ 

Spotlight Automotive တရုတ်ကားစက်ရုံ


စက်ရုံသည် တစ်နှစ်လျှင် ကားအစီးရေ ၁၆၀,၀၀ အထိ ထုတ်လုပ်နိုင်စွမ်းရှိသည်။
ရေးဆွဲထားသည့် အစီအစဉ်အရ လျှပ်စစ်ကားစစ်စစ် MINI မော်ဒယ်အသစ် ၂ မျိုး ထုတ်လုပ်မည်။ တံခါး ၃ ပေါက် MINI Cooper နှင့် MINI compact crossover တို့ ဖြစ်ပါသည်။ 
MINI သည် အီးဗီအဖြစ် ရောက်သွားသော်လည်း ကိုယ်ထည်ဒီဇိုင်း အစဉ်အလာ ဆက်လက်ထိန်းသိမ်းထားသည်။ ရှေ့မီး အဝိုင်း၊ နောက်မီးခွက် ြတိဂံ၊ ဘဲဥပုံ လေဆန်ကာ၊ လူအတက်အဆင်း တံခါး ၂ ပေါက် စသည့် ကြန်အင်လက္ခဏာများ အရင်အတိုင်း ဖြစ်ပါသည်။

 

 

MINI Cooper ကို ဗားရှင်း ၂ မျိုး ထုတ်လုပ်မည်။
ဈေးအနိမ့်အဖြစ် MINI Cooper E နှင့် ဈေးပိုပေးရမည့် MINI Cooper SE တို့ ဖြစ်ပါသည်။ 
ဗားရှင်း ၂ မျိုးစလုံး ဈေးနှုန်းများ တရားဝင် မကြေညာသေးပါ။
Source: MyDrivers, AutoHome
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1809 times