အီးဗီ မော်ဒယ်အသစ် Mini Cooper များ စတင်ပေးပို့


အီးဗီ မော်ဒယ်အသစ် Mini Cooper များ စတင်ပေးပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 
Mini Cooper Electric အသစ်များကို နောက်တွဲယာဉ်ပေါ်တင်ပြီး တရုတ်နိုင်ငံတွင် စတင်ပေးပို့နေပါပြီ။

ကားအငယ်စား နောက်ကျောဖွင့်ကား hatchback အမျိုးအစား ဖြစ်ပြီး တရုတ်ကားလုက်ငန်း  Great Wall Motor (GWM) နှင့် ဂျာမနီ ကားလုပ်ငန်း BMW ဖက်စပ် ထုတ်လုပ်ပါသည်။ တရုတ်ပြည်တွင်းမှာ စတင် ဈေးဖွင့် ရောင်းချမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့မည် ဖြစ်သည်။
ယခု တင်ပို့သည့် မီနီ ကူးပါး အီးဗီများတွင် အများစုမှာ တရုတ်ပြည်ရှိ အရောင်းပြခန်းများတွင် နမူနာ ပြသရန်အတွက်ဖြစ်ပြီး ဂန္ထဝင် အပြာနှင့် ဖန်စီအဝါရောင် နှစ်မျိုး ထုတ်လုပ်ထားသည်ကို တွေ့ကြရသည်။

 

 

ပထမဆုံး မီနီ ကူးပါး အီးဗီကို တပ်ဆင်ခုတ်လုပ်ရေးလိုင်းမှ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်လုပ်ခဲ့ပြီး ရှန်ဟိုင်းမြို့အနီးရှိ Spotlight Automotive ကားစက်ရုံတွင် ထုတ်လုပ်ပါသည်။


Spotlight Automotive လုပ်ငန်းကို GWM နှင့် BMW တို့ကြား ဖက်စပ်လုပ်ငန်းအဖြစ် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မှတ်ပုံတင်ထားသော မတည်ရင်းနှီးငွေမှာ ယွမ် ၁.၇ ဘီလီယံ ဖြစ်ပါသည်။ GWM နှင့် BMW တို့သည် ၅၀% စီ ညီတူမျှတူ ရင်းနှီးမြှုပ်နှံထားကြပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် စက်ရုံ စတင်ဆောက်လုပ်ခဲ့သည်။ ၂၀၂၂ တွင် ပြီးစီးခဲ့ပါသည်။ 
စက်ရုံသည် တနှစ်လျှင် ကားအစီးရေ ၁၆၀,၀၀၀ အထိ ထုတ်လုပ်နိုင်ပါသည်။ 
ချမှတ်ထားသည့် အစီအစဉ်အရ လျှပ်စစ်ကားစစ်စစ် မီနီ မော်ဒယ် ၂ မျိုး ထုတ်လုပ်မည်။ ယခု ထုတ်လုပ်သည့် hatchback မော်ဒယ်နှင့် crossover အငယ်စား မော်ဒယ်တို့ ဖြစ်ပါသည်။ နှစ်မျိုးစလုံး တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များအတွက် ထုတ်လုပ်မည် ဖြစ်ပါသည်။

မီနီကူးပါး အီးဗီ hatchback မော်ဒယ် ကို E နှင့် SE ဗားရှင်း ၂ မျိုး ထုတ်လုပ်ပါသည်။ 

E ဗားရှင်းက ဈေးသက်သာသည်။ 40.7kWh ဘက်ထရီ၊ 135 kW မော်တာ သုံးထားသည်။ 
SE ဗားရှင်းတွင် 54.2kWh ဘက်ထရီ၊ 160 kW မော်တာ သုံးထားသည်။ 0 – 100 km/h အရှိန်တင်ရန် ၆.၇ စက္ကန့် ကြာသည်။ ခရီးတာ 402 km  အထိ သွားနိုင်သည်။

GWM သည် လျှပ်စစ်ကား အငယ်စား ORA အမှတ်တံဆိပ် ထုတ်လုပ်ပါသည်။ အငယ်စား လျှပ်စစ် hatchback မော်ဒယ်များ အဓိကအားဖြင့် ထုတ်လုပ်သည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ 
ORA Funky Cat ( တရုတ်တွင် ORA Good Cat ပမည်ဖြင့် ရောင်းပါသည်) ကို ဂျာမနီ အပါအဝင် ဥရောပ ဈေးကွက်၊ ထိုင်း အပါအဝင် အရှေ့တောင်အာရှ ဈေးကွက်သို့ တင်ပို့ ပါသည်။

 မီနီသည် အင်ဂျင်ကား ထုတ်လုပ်ခြင်းကို ၂၀၂၅ တွင် အပြီးအပိုင် ရပ်တော့မည် ဖြစ်ပါသည်။

Source carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 968 times