အီးဗီ Mini ထုတ်လုပ်မှုကို  ယူကေမှ တရုတ်နိုင်ငံသို့ BMW ပြောင်းရွှေ့


အီးဗီ Mini ထုတ်လုပ်မှုကို  ယူကေမှ တရုတ်နိုင်ငံသို့ BMW ပြောင်းရွှေ့

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

 


BMW သည် ဗြိတိန်တွင် ၎င်း၏ အီးဗီ Mini များ ထုတ်လုပ်မှုကို လုံးဝရပ်ပြီး ထုတ်လုပ်မှု အားလုံးကို တရုတ်နိုင်ငံရှိ စက်ရုံများသို့ ပြောင်းရွှေ့မည် ဖြစ်သည်။
.
ဂျာမန်ကားထုတ်လုပ်သူသည် Oxford အပြင်ဘက်ရှိ ၎င်း၏စက်ရုံတွင် တစ်နှစ်လျှင် လျှပ်စစ် Mini ကားအစီးရေ ၄၀,၀၀၀ ခန့်ကို ထုတ်လုပ်လျက် ရှိရာ လာမည့် နှစ်ကုန်တွင် ထုတ်လုပ်မှု လုံးဝ ရပ်မည်ဖြစ်သည်။ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုကို တရုတ်နိုင်ငံရှိ ၎င်း၏ ဖက်စပ်လုပ်ငန်းမှ စက်ရုံတွင် လုပ်ကိုင်မည် ဖြစ်သည်။ 

 

.
Mini ၏ အကြီးအကဲအသစ် Stefanie Wurst က Oxford စက်ရုံသည် လုပ်ငန်းလည်ပတ်ရာတွင် ထိရောက်မှု အားနည်းနေသဖြင့် စက်ရုံကို အကြီးအကျယ် အဆင့်မြှင့်တင်ပေးဖို့ လိုအပ်နေကြောင်း ပြောကြားသည်။  ဓာတ်ဆီအင်ဂျင်ကား ထုတ်လုပ်သည့် လိုင်းတွင် လျှပ်စစ်ကား Mini များကို ထုတ်လုပ်နေရသည်ဟု ၎င်းက ပြောကြားသည်။ 


လျှပ်စစ်ကား ထုတ်လုပ်ရန် ဓာတ်ဆီအင်ဂျင်ကား ထုတ်လုပ်သည့် လိုင်းကို အပြီးအပိုင် ဖယ်ရှား ရှင်းလင်းပြီး လျှပ်စစ်ကား ထုတ်လုပ်ရေးလိုင်းကို ထားရှိပေးရမည်ဟု သူမက ပြောကြားသည်။ 
သို့သော် အဆိုပါစက်ရုံတွင်  Petrol Mini Coopers  ဓာတ်ဆီအင်ဂျင်ကား Mini များကို အမေရိကန်၊ဂျပန်နှင့် အရှေ့အလယ်ပိုင်း ဈေးကွက်များသို့ တင်ပို့ရန် ၂၀၃၀ အထိ ဆက်လက် ထုတ်လုပ်နေဦးမည်ဖြစ်ရာ လျှပ်စစ် mini များကို တရုတ်ပြည်မှာသာ ထုတ်လုပ်တော့မည် ဖြစ်သည်။ 

.

BMW နှင့် Great Wall Motor တို့၏ ဖက်စပ်လုပ်ငန်းမှ လျှပ်စစ် Mini များကို ထုတ်လုပ်ပေးမည် ဖြစ်သည်။ ထို့ပြင် ဂျာမနီရှိ Leipzig တွင် တည်ရှိသော ကားစက်ရုံတွင်လည်း ထုတ်လုပ်မည် ဖြစ်သည်။ 
Source theguardian
 

Read 2686 times