ထိုင်းဈေးကွက်အတွက် MG Maxus 9 X ဈေးနှုန်းနှင့် အခမဲ့ ခံစားခွင့်များ ကြေညာ


ထိုင်းဈေးကွက်အတွက် MG Maxus 9 X ဈေးနှုန်းနှင့် အခမဲ့ ခံစားခွင့်များ ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


MG သည် မကြာသေးမီက Bangkok International Motor Show တွင် ပထမဆုံးမိတ်ဆက်ခဲ့သော Maxus 9 လျှပ်စစ် MPV ၏တရားဝင်စျေးနှုန်းကို ကြေညာခဲ့ပါသည်။

Maxus 9 X ရောင်းဈေးမှာ ဘတ် ၂,၄၄၉,၀၀၀ ဖြစ်ပြီး ဖြန့်ဖြူးရေး ကိုယ်စားလှယ် MG Sales (Thailand) Co Ltd က ယခုလအတွင်း ကား ရရှိမည်ဟု ဆိုပါသည်။
မိတ်ဆက်အစီအစဉ်အရ Maxus 9 X ဝယ်ယူသူတိုင်းအတွက် အခမဲ့ ခံစားခွင့်များ ဘတ် ၁၂၀,၀၀၀ အထိ ရနိုင်သည်။
ဘတ် ၄၂,၀၅၇ တန် MG အိမ်သုံးအားသွင်းကိရိယာ အခမဲ့ မေတ္တာလက်ဆောင်၊

  • ဘတ် ၁၈,၆၉၂ တန်ဖိုးရှိ MG အိမ်သုံးအားသွင်းကိရိယာ တပ်ဆင်ခ ပေးရန်မလို၊
  • မထားမနေရ မော်တော်ယာဉ် အာမခံ ၁ နှစ် မေတ္တာလက်ဆောင်၊ 
  • ပရီမီယံ အာမခံ အစီအစဉ် ၁ နှစ် မေတ္တာလက်ဆောင်၊ 
  • ဘက်ထရီ အာမခံ ၈နှစ် သို့မဟုတ် ကီလိုမီတာ ၁၆၀,၀၀၀
  • ယာဉ်ကြံ့ခိုင်မှု အတွက်အာမခံချက် ၅ နှစ် သို့မဟုတ် ကီလိုမီတာ ၁၆၀,၀၀၀
  • သွားရင်းလာရင်း လမ်းမှာ ယာဉ်ပြုပြင်ရန်အတွက် အထောက်အကူ နှစ်ကာလ အကန့်အသတ်မရှိ၊ ကီလိုမီတာ အကန့်အသတ် မရှိ၊ 

Maxus 9 တွင် 245hp လျှပ်စစ်မော်တာ တစ်လုံး တပ်ဆင်ပေးထားပြီး ရုန်အား 350Nm အထိ ထုတ်ပေးနိုင်သည်။
90kWh ဘက်ထရီထုပ် သုံးထားသည်။
WLTP ခရီးတာ ၄၂၅ ကီလိုမီတာအထိ သွားနိုင်သည်။
WLTP သည် Worldwide Harmonised Light Vehicle Test Procedure အရ ပျမ်းမျှ တစ်နာရီ ၄၆.၅ ကီလိုမီတာဖြင့် နွေရာသီ အပူချိန်တွင် ဘက်ထရီ အားအပြည့် 100% မှ အားကုန်သည် 0% အထိ မောင်းနှင်ပါက သွားနိုင်သော ခရီးတာ ဖြစ်ပါသည်။

ဘက်ထရီကို 30-80% အားသွင်းရန် မိနစ် ၃၀ ဖြင့် အမြန်အားသွင်းနိုင်သည်။ 
11kWh အိမ်သုံးအားသွင်းကိရိယာဖြင့် 5-100% အားသွင်းရန် ၈ နာရီ ၃၀ မိနစ်ကြာသည်။

 Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 263 times