အမြန်လမ်းမှာ လက်လွှတ်မောင်းခွင့် Mercedes ရရှိ


 Daimler ၏ Mercedes-Benz ကို အမြန်လမ်းတွင် လက်လွှတ်မောင်းနှင်စနစ် hands-free driving system ဖြင့် မောင်းနှင်ရန် အာဏာပိုင်တို့က ခွင့်ပြုလိုက်သည်။
 ဂျာမနီမှ အမြန်လမ်း Autobahn ကွန်ရက်မှ လမ်းများပေါ်တွင် လက်လွှတ်မောင်းနှင်စနစ် အသုံးပြုထားသည့် Drive Pilot ဖြင့် မောင်းနှင်ခြင်းကို ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။ တစ်နာရီ ၃၇ မိုင် (၆၀ ကီလိုမီတာ) အမြန်နှုန်းအထိ အသုံးပြုခွင့် ရှိသည်။ ဂျာမနီ အမြန်လမ်း ကွန်ရက်မှ လမ်းများသည် စုစုပေါင်းခရီးတာ ၁၃,၀၀၀ ကီလိုမီတာ ရှိပါသည်။
 အမြန်လမ်း ဖြစ်သော်လည်း ယာဉ်ကြောကျပ်၍ ကားများ ဖြည်းဖြည်းချင်း ‌ရွေ့နေကြစဉ် Drive Pilot ဖြင့် ကားကို မောင်းခိုင်းထားပြီး ယာဉ်မောင်းသူက စတီယာရင် လက်လွှတ်ထားနိုင်မည် ဖြစ်ငည်။ သို့ဖြစ်ရာ ယာဉ်မောင်းသည် ဖုန်းပြောခြင်း၊ ဖုန်းပွတ်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။ အင်ဖိုတိန်းမင့် စခရင်တွင် ဗီဒီယို ကြည့်နိုင်မည် ဖြစ်သည်။

အမြန်လမ်း တစ်နာရီ ကီလိုမီတာ ၆၀ အောက် အမြန်နှုန်းဖြင့် လက်လွှတ်မောင်းခွင့်ကို ဂျာမနီနိုင်ငံအတွက်သာ Mercedes ခွင့်ပြုချက် ရရှိခြင်းဖြစ်ပြီး အခြားနိုင်ငံများတွင်လည်း အလားတူ ခွင့်ပြုချက် ရရှိအောင် လျှောက်ထားမည်ဟု ဆိုသည်။

အဆိုပါ Drive Pilot  ကို လာမည့် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လုပ်မည့် Mercedes  S-Class နှင့်  EQS  မော်ဒယ်များတွင် ကားဝယ်သူ ဆန္ဒရှိပါက အခကြေးဖြင့် ထည့်သွင်းပေးမည် ဖြစ်သည်။ အခကြေး မည်ရွေ့မည်မျှဆိုသည်ကို Mercedes  က မဆုံးဖြတ်ရသေးပေ။

Read 3889 times