ကူဝိတ်ဓနရန်ပုံငွေ  Mercedes ရှယ်ယာများ ယူရို ၁.၄ ဘီလီယံဖိုး ရောင်းချခဲ့


ကူဝိတ်ဓနရန်ပုံငွေ  Mercedes ရှယ်ယာများ ယူရို ၁.၄ ဘီလီယံဖိုး ရောင်းချခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကူဝိတ် ရင်းနှီးမြှုပ်နှံမှု အာဏာပိုင် Kuwait Investment Authority KIA က Mercedes-Benz Group AG မှ ၎င်း၏ ရှယ်ယာများ ယူရို ၁.၄ ဘီလီယံဖိုးနီးပါးကို ရောင်းချလိုက်သည်။
Mercedes-Benz Group AG တွင် KIA က ပိုင်ဆိုင်သည့် ရှယ်ယာများ၏ လေးပုံတစ်ပုံကို ရောင်းချလိုက်ခြင်းဖြစ်သည်။ Mercedes-Benz Group AG ၏ ရှယ်ယာဈေးနှုန်းသည့် ပြီးခဲ့သည့် ၃ နှစ်အတွင်း ဈေး ၄ ဆ နီးပါး မြင့်တက်လာခဲ့သည်။ 

KIA က အစုရှယ်ယာ ခုရေ သန်း ၂၀ ခန့်ကို ရောင်းချလိုက်ပြီး အစုရှယ်ယာ ခုရေ ၅၃ သန်းဝန်းကျင် ဆက်လက်ပိုင်ဆိုင်ထားသည်။
 KIA က အစုရှယ်ယာ ခုရေသည် Mercedes-Benz Group ၏ ရှယ်ယာစုစုပေါင်း၏ ၁.၉% ခန့် ရှိသည်။ ရောင်းချသည့် ရှယ်ယာဈေးနှုန်းမှာ ယူရို ၆၉.၂၇  ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးထက် ၃.၆% လျော့နည်းသည်။ 
KIA သည် Mercedes-Benz Group တွင် အခရာကျသည့် ရှယ်ယာပိုင်ရှင်အဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်။ 
KIA သည် Mercedes-Benz Group တွင် ရှယ်ယာ  ၆.၈% ပိုင်ဆိုင်ပြီး တတိယအများဆုံး ပိုင်ဆိုင်သူ ဖြစ်သည်။ 

KIA သည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးနှင့် ပမာဏ အကြီးဆုံး ဓနရန်ပုံငွေများထဲတွင် ပါဝင်သည်။
Mercedes-Benz Group တွင် KIA က ရှယ်ယာများ ပိုင်ဆိုင်သည်မှာ နှစ်ပေါင်း ၅၀ နီးပါး ရှိပြီ ဖြစ်သည်။
Source finance yahoo
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 137 times