ထိုင်းအစိုးရ အီးဗီ အထောက်အပံ့ ရယူရန်  Mercedes-Benz လက်မှတ်ရေးထိုး


ထိုင်းအစိုးရ အီးဗီ အထောက်အပံ့ ရယူရန်  Mercedes-Benz လက်မှတ်ရေးထိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ထိုင်းပြည်တွင်းမှာ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ကိုင်မည်ဟု Mercedes-Benz Group ကကတိကဝတ်ပြုပြီး အီးဗီတင်သွင်းခြင်းအပေါ် အခွန်လျော့ပေါ့မှု အပါအဝင် ထိုင်းအစိုးရရဲ့ အီးဗီ အထောက်အပံ့များ ရယူရန် ထိုင်းအစိုးရထံမှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထိုင်းနိုင်ငံ စမတ် ပရာကန်ပြည်နယ်မှာ တည်ရှိတဲ့ Mercedes ကားစက်ရုံမှာ အင်ဂျင်သုံး ကားများ ထုတ်လုပ်ခဲ့ပြီး မကြာသေးခင်က ဘက်ထရီသုံး အီးဗီများ စတင်ထုတ်လုပ်ခဲ့ပါတယ်။
.
Thailand International Motor Expo ကားပြပွဲမှာ Mercedes က ဘက်ထရီသုံး အီးဗီ မော်ဒယ် EQS 500 ကို ပြသခဲ့တာ တွေ့ရပါတယ်။
Mercedes-Benz Thailand ၏ အမှုဆောင်အရာရှိချုပ် Roland Folger က ဂျာမဏီပြင်ပတွင် ပထမဆုံး ထုတ်လုပ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 .
ထိုင်းနိုင်ငံ လျှပ်စစ်အိမ်စီးကားဈေးကွက်ထဲ ကား brand တွေ ဝင်ရောက်လာနေကြတာမှာ Mercedes လည်း ပါဝင်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Tesla က ပြည်တွင်း ထုတ်လုပ်မှုမပါ တင်သွင်းရောင်းချပုံစံဖြင့် ထိုင်းအစိုးရ အီးဗီအထောက်အပံ့ မယူဘဲ ထိုင်းနိုင်ငံ လျှပ်စစ်အိမ်စီးကားဈေးကွက်ထဲ မောင်းဝင်ပါတယ်။ 
ထိုင်းအစိုးရက ၂၀၃၀ မှာ ရောင်းချကားစီးရေ စုစုပေါင်းရဲ့ ၃၀% ဟာ လျှပ်စစ်ကားဖြစ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။
၂၀၂၅ အထိ ဘတ် ၄၃ ဘီလီယံ သုံးစွဲဖို့ လျာထားပါတယ်။ အီးဗီ ဝယ်ယူသူများကို ထောက်ပံ့ကြေး ပေးအပ်ဖို့ ဘတ် ၈၁ သန်း သုံးစွဲထားပြီးပြီ ဖြစ်ပါတယ်။ 
Source bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 284 times