ပရီမီယံ အီးဗီ စျေးကွက် Mercedes-Benz ဆက်လက် ဦးဆောင်


 ပရီမီယံ အီးဗီ စျေးကွက် Mercedes-Benz ဆက်လက် ဦးဆောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် Mercedes-Benz Group AG သည် ၎င်း၏ "Electric first" ဗျူဟာမှ "Electric only" ဗျူဟာသို့  အသွင်ကူးပြောင်းမှုကို စတင်ခဲ့သည်။ မော်တော်ယာဉ် ကိုယ်ထည်ပိုင်းသာမက software အပိုင်းကိုပါ ဦးဆောင်သူ ‌ဖြစ်နေအောင် ဆောင်ရွက်သည်။ ထိုပြင် ဂျာမနီမှ ဝန်ထမ်းများကို လျှပ်စစ်နှင့် ဒစ်ဂျစ်တယ်ပညာ သင်တန်းများ ပို့ချရန် ယူရို ၁.၃ ဘီလီယံ (ကန်ဒေါ်လာ ၁.၄ ဘီလီယံ)အထိ သုံးစွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
.
အီးဗီမော်ဒယ်များအတွက် ပလက်ဖောင်းများ ဖန်တီးရန်၊ နောက်မျိုးဆက်သစ် ဘက်ထရီ ထုတ်လုပ်ရန်၊ အားသွင်း အခြေခံအဆောက်အအုံအသစ် ထူထောင်ရန်၊ အီးဗီထုတ်လုပ်မှု ကွန်ရက်တိုးချဲ့ရန် အစီအစဉ်များလည်း ရေးဆွဲထားသည်။
ယမန်နှစ်က Mercedes-Benz သည် အီးဗီ အစီးရေ ၁၁၇,၈၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။ ယခုနှစ် ပထမ ၃ လပတ်တွင် အစီးရေ ၅ သောင်းကျော် ရောင်းချနိုင်ခဲ့သည်။ 
.
လျှပ်စစ်ကားစစ်နှင့် ပလပ်ထိုးဟိုက်ဘရစ်တို့ကဲ့သို့သော လျှပ်စစ်ဖြင့် မောင်းနှင်သည့် ကားဈေးကွက်တွင်  ၂၀၂၅ ခုနှစ်မှာ ဈေးကွက်ဝေစု အများဆုံး ၅၀% အထိ ရရှိရန် ရည်မှန်းထားသည်။ 
၂၀၃၀ ခုနှစ်တွင် ဘက်ထရီသုံး အီးဗီများကိုသာ ထုတ်လုပ်တော့မည် ဖြစ်သည်။
Source koreatimes 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 348 times