အိန္ဒိယတွင် ယခုနှစ်အတွင်း ဒေါ်လာ ၂၄ သန်း Mercedes Benz  ရင်းနှီးမြှုပ်နှံမည်


အိန္ဒိယတွင် ယခုနှစ်အတွင်း ဒေါ်လာ ၂၄ သန်း Mercedes Benz  ရင်းနှီးမြှုပ်နှံမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Mercedes Benz သည် အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း ဒေါ်လာ ၂၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
ငယ်ရွယ်ပြီး ချမ်းသာကြွယ်ဝသော အိန္ဒိယဝယ်လက်များထံမှ ခိုင်မာသော ဝယ်လိုအားကို မြင်တွေ့ရသည့်အတွက် စျေးမြင့်သော မော်ဒယ်များကို အဓိကထားကာ ကား‌မော်ဒယ် အသစ်တစ်ဒါဇင်ကျော် ရောင်းချမည် ဖြစ်သည်။ 

ကမ္ဘာ့ တတိယအကြီးဆုံး ကားစျေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် မားစီးဒီး မော်ဒယ်အသစ်များ ရောင်းချရာ၌ ထက်ဝက်ကျော်သည် ထိပ်တန်း ဈေးအမြင့်ကားများ ဖြစ်မည်ဟု မားစီးဒီး၏ အိန္ဒိယ လုပ်ငန်းခွဲမှ မန်နေဂျင်းဒါရိုက်တာ Santosh Iyer က သတင်းထောက်များအား ပြောကြားခဲ့သည်။
 

မားစီးဒီးသည် ရောင်းဈေး $180,000 အထက် ကားများကို ထိပ်တန်း ဈေးအမြင့်ကားများဟု သတ်မှတ်ပါသည်။

အိန္ဒိယရှိ မားစီးဒီး ဝယ်သူများသည် ပုံမှန်အားဖြင့် လုပ်ငန်းပိုင်ရှင်များဖြစ်သည်။ သို့သော် ကိုဗစ်အကြိုကာလမှစ‌၍ လစာမြင့်မားသူများကလည်း မားစီးဒီး ဝယ်စီးလာကြသည်။ သို့ဖြစ်ရာ မားစီးဒီး ကားဝယ်ယူသူများတွင် ၁၂% မှ ၁၄% အထိသည် လုပ်ငန်းရှင်များ မဟုတ်ကြချေ။ မားစီးဒီး ဝယ်စီးသူတို့၏ ပျမ်းမျှအသက်မှာ ၃၈ နှစ် ဖြစ်သည်။

Mercedes သည် အိန္ဒိယတွင် ၂၀၂၃ ခုနှစ်မှာ ကားအစီးရေ ၁၇,၄၀၈ စီး စံချိန်သစ်တင် ရောင်းချခဲ့သည်။ အထူးသဖြင့် SUV မော်ဒယ်များကို အဝယ်များကြသည်။
လတ်တလောတွင် မားစီးဒီးသည် ရောင်းဈေး $160,000 ဝန်းကျင်ရှိ ဓာတ်ဆီအင်ဂျင် ဗားရှင်း GLS 450 SUV ကို စတင်ရောင်းချခဲ့သည်။ 
ယခုနှစ်တွင် အီးဗီမော်ဒယ် ၃ မျိုး ရောင်းချမည် ဖြစ်သည်။ 
အိန္ဒိယနိုင်ငံမှ မားစီးဒီးရောင်းအားတွင် ၄ ရာခိုင်နှုန်းသည် အီးဗီရောင်းအား ဖြစ်ပါသည်။ 

ကန်ဒေါ်လာ ၂၄ သန်းကို အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ Pune မြို့ကြီးရှိ မားစီးဒီး ကားစက်ရုံတွင် မော်ဒယ်အသစ်များ ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ 
Source reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 163 times