စမတ်ဖုန်း Meizu ဖုန်းဆိုင်များတွင် လျှပ်စစ်ကား ရောင်းချရန် ပြင်ဆင်


စမတ်ဖုန်း Meizu ဖုန်းဆိုင်များတွင် လျှပ်စစ်ကား ရောင်းချရန် ပြင်ဆင်


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကားထုတ်လုပ်ရေး လုပ်ငန်း Geely ဥက္ကဋ္ဌ၏ လုပ်ငန်းက Meizu ကိုလွှဲပြောင်းရယူခဲ့ပြီးနောက် တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Meizu သည် ၎င်း၏ ဖုန်းဆိုင်များတွင် မော်တော်ယာဉ်များကို မကြာမီမှာ ရောင်းချတော့မည်ဖြစ်သည်။

.

Meizu မှ လက်ထောက်ဒုတိယဥက္ကဋ္ဌဖြစ်သူ Wan Zhiqiang သည် ကုမ္ပဏီ၏ ဖုန်းဆိုင်များတွင် ကားများကို ပြသထားမည့်  အထင်ကရ စတိုးဆိုင်အသစ်အတွက် လျာထားဒီဇိုင်း နှစ်ခုကို တရုတ်လူမှုကွန်ရက်  Weibo မှာ မျှဝေခဲ့သည်။

.

Wan သည် စကျင်ကျောက်နှင့် သတ္တုပုံစံ ဒီဇိုင်းနှစ်မျိုးကို ပြသခဲ့သည်။ သူ့ပရိသတ်တွေ “ဘယ်စတိုင်လ်ကို အကြိုက်ဆုံးလဲ” ဆိုသည်ကို  မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ပါသည်။

 

 

.

 

 

 

Meizu အထင်ကရစတိုးဆိုင်ဒီဇိုင်းအသစ်သည် လက်ရှိပုံစံထက် သိသိသာသာ ပိုကြီးမားပါသည်။ ဒီဇိုင်းတစ်ခုတွင် ကားနှစ်စီးကို ဆိုင်တွင် ပြသထားသည်။

.

Meizu သည်  တရုတ်နိုင်ငံတွင် ပထမဆုံးသော စမတ်ဖုန်းထုတ်လုပ်သူများထဲတွင် ပါဝင်ခဲ့သည်။

ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

စစချင်းတွင် MP3 ဖွင့်စက်ကဲ့သို့သော လူသုံးလျှပ်စစ်ပစ္စည်းများကိုသာ ထုတ်လုပ်ရောင်းချခြင်းပြုခဲ့သည်။ စမတ်ဖုန်းခေတ် ထွန်းကားလာခါစတွင် လူသိအများဆုံး ဟန်းဆက်ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

သို့သော် ပြီးခဲ့သည့် နှစ်နှစ်အတွင်း Meizu ဖုန်းများ နှစ်စဉ် တင်ပို့ရောင်းချမှုသည် အလုံးရေ ၁ သန်းခန့်သုိ့ ကျဆင်းသွားခဲ့သည်။ ရွှေထီးဆောင်းခဲ့စဉ်က တစ်နှစ်လျှင် အလုံးရေ ၁၀ သန်း တင်ပို့ရောင်းချခဲ့သည်ထက် များစွာ လျော့နည်းနေသည်။

 

.

ဇူလိုင်လ ၄ ရက်နေ့တွင် ကားထုတ်လုပ်ရေးလုပ်ငန်း Zhejiang Geely Holding Group ထူထောင်သူနှင့် ဥက္ကဋ္ဌ Eric Li ထူထောင်သည့် Hubei Xingji Shidai Technology က Meizu ၏ အစုရှယ်ယာအများစုကို ဝယ်ယူမှု အပြီးသတ်ကြောင်း ကြေညာခဲ့သည်။

Xingji ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် Li မှ တည်ထောင်ခဲ့ပြီး ဝူဟန်တွင် အခြေစိုက်ထားသည်။

Xingji  က Meizu ကို ထိန်းချုပ်ပိုင်ခွင့်ရှိသည့် အစုရှယ်ယာ ၇၉.၀၉% ကို ဝယ်ယူခဲ့သည်။ 

.

Meizu သည် သီးခြားလွတ်လပ်သော အမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Meizu ကို ထူထောင်သူ Huang Zhang သည် ကုမ္ပဏီတွင် မဟာဗျူဟာအကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

Meizu သည် ကားများ တည်ဆောက်ရာတွင် ပါဝင်မည် မဟုတ်သော်လည်း ကားကုမ္ပဏီများကို ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

Source: cnevpost

 TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

Read 154 times