အိန္ဒိယကားဈေးကွက် မေလမှာ Maruti Suzuki ဆက်လက်မင်းမူ


အိန္ဒိယကားဈေးကွက် မေလမှာ Maruti Suzuki ဆက်လက်မင်းမူ

 

အိန္ဒိယပြည်တွင်း ကားအသစ်ဈေးကွက်မှာ ကားစီးရေအများဆုံးရောင်းချရတဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းအဖြစ် ပထမနေရာမှာ Maruti Suzuki India Limited (MSIL) က ၂၀၂၂ မေလမှာ ဆက်လက်နေရာယူထားပါတယ်။ ကားစီးရေ ၁,၂၄,၄၇၄ ရောင်းချခဲ့ပါတယ်။ ဒုတိယနေရာမှာ ရောက်ရှိလာတဲ့ Tata Motors ထက် စီးရေ ရှစ်သောင်းကျော် ပိုရောင်းရတဲ့အထိ အပြတ်အသတ် ကွာပါတယ်။ Maruti Suzuki ရဲ့ WagonR ရောင်းအားကောင်းခဲ့ပါတယ်။


Tata Motors က Hyundai ထက် ရောင်းရစီးရေ ပိုများခဲ့လို့ ဒုတိယနေရာကို ရရှိပါတယ်။ စီးရေ ၄၃,၃၄၀ ရောင်းချခဲ့ပါတယ်။ Tata Motors ရဲ့ Nexon compact SUV ရောင်းအားကောင်းခဲ့ပါတယ်။ 

Hyundai က ၄၂,၂၉၃ စီး မေလမှာ ရောင်းချခဲ့ပြီး တတိယနေရာ ရရှိပါတယ်။
ဒုတိယနှင့် တတိယ စီးရေ ၁,၀၀၀ သာသာပဲ ကွာပါတယ်။

စတုတ္ထနေရာမှ Mahindra & Mahindra က မေလမှာ စီးရေ ၂၆,၆၅၀ ရောင်းချခဲ့ပါတယ်။
 
Kia က ပဉ္စမနေရာမှာ ရှိနေပြီး စီးရေ ၁၈,၇၁၈ စီး ရောင်းချနိုင်ခဲ့ပါတယ်။


Toyota Kirloskar Motor က ၁၀,၂၁၆ စီး ရောင်းချပြီး ဆဌမနေရာကို ရရှိပါတယ်။ 
ယမန်နှစ် မေလတုန်းက Toyota Kirloskar Motor  ကားစီးရေ ၇၀၀ စွန်းစွန်းမျှသာ ရောင်းချခဲ့ရပြီး ယခုနှစ် မေလမှာ စီးရေ  သောင်းကျော် ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

 Honda က ၈,၁၈၈ စီးရောင်းချပြီး သတ္တမနေရာကို ရရှိပါတယ်။ Honda က compact SUV မော်ဒယ်အသစ် ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။ midsize SUV မော်ဒယ်အသစ်ကို လာမယ့်  ၂ နှစ်အတွင်း ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။ 

အဌမနေရာ ရရှိတဲ့ Renault India က စီးရေ ၅,၀၁၀ ရောင်းချခဲ့ပါတယ်။

Skoda က နဝမနေရာမှာ ရှိနေပြီး သူ့နောက်မှာ MG Motors, Volkswagen, Nissan, FCA , Citroen တို့ အစဉ်အတိုင်း ရှိနေပါတယ်။

 VW Group ရဲ့ India 2.0 စီမံကိန်းအရ Kushaq, Taigun , Slavia တို့ကို ထုတ်လုပ်ပါတယ်။ midsize sedan ဖြစ်တဲ့ Virtus ကို များမကြာခက်မှာ ထုတ်လုပ်ပါမယ်။

India 2.0 စီမံကိန်းက Volkswagen Group ရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ 
Volkswagen Group က အိန္ဒိယကားဈေးကွက်မှာ ဈေးကွက်ဝေစုရဖို့ ယူရိုဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး India 2.0 စီမံကိန်းကို အကောင်အထည်ဖော်ပါတယ်။ 
 အိန္ဒိယမော်တော်ယာဉ် ထုတ်လုပ်‌ေရးကဏ္ဍမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဖြစ်ပါတယ်။ 
 Volkswagen Group လက်အောက်မှ ŠKODA AUTO နှင့် Volkswagen တို့က အိန္ဒိယဈေးကွက်အတွက် ရည်စူးထားတဲ့ မော်ဒယ်အသစ်တွေ ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

#MyanmarAutomobileGuide 


 

#MyanmarAutomobileGuide 

Read 2242 times