ယာဉ်ပါ /ကုန်ပါစာရင်းချုပ် (Manifest) ပုံစံနှင့်စံပြုလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ


ယာဉ်ပါ /ကုန်ပါစာရင်းချုပ် (Manifest) ပုံစံနှင့်စံပြုလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းMyanmar Highway Freight Transportation Services Association(MHFTSA)က ယာဉ်ပါ /ကုန်ပါစာရင်းချုပ် (Manifest) ပုံစံနှင့်စံပြုလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍  ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ (၂၈) ရက် ရက်စွဲဖြင့် အသိပေးအကြောင်းကြားစာ ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

 

ပြည်နယ်နှင့်တိုင်း ညီနောင်အသင်းများ အသင်းဝင်ကုမ္ပဏီများ / အသင်းဝင်ကားဂိတ်များ ယာဉ်ပိုင်ရှင်များ 

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ ဆောင်ရေး၀န်ဆောင်မှုလုပ်ငန်းရှင်များ သိရှိနိုင်ရန်အကြောင်းကြားအပ်ပါသည်။

 

အကြောင်းအရာ။ ယာဉ်ပါ /ကုန်ပါစာရင်းချုပ် (Manifest) ပုံစံနှင့်စံပြုလုပ်ငန်းစဉ်အား စတင်အသုံးပြုနိုင်ရေး အသိပေးအကြောင်းကြားခြင်း။

 

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းသယ်ယူပို့ ဆောင်သည် ကုန်ပစ္စည်း တင်ယာဉ်များ နှင့် ပို့ ကုန်/သွင်းကုန် ကုန်ပစ္စည်း တင်ယာဉ်များ အလွယ်တကူခွဲခြားနိုင်ရန်သက်ဆိုင်ရာ စစ်ဆေးရေး စခန်းများတွင် လွယ်ကူစွာစစ်ဆေးခံနိုင်ရန်၊တရားမ၀င်ကုန်သွယ်မှူများတားဆီးထိန်းချုပ်နိုင်ရန်နှင့် ယာဉ်တစ်စီးချင်း အလိုက်အ သုံးပြုမည့် ကုန်တင်လွာစနစ်တစ်ပြေးညီဖြစ်စေရန်အတွက် ယာဉ်ပါ/ကုန်ပါစာရင်းချုပ် (Manifest) ပုံစံကို လိုက်နာ ဆောင်ရွက်ရမည့်စံပြု လုပ်ငန်းစဉ်များနှင့်အညီ (၁-၁၂-၂၀၂၂)ရက်နေ့ တွင်စတင်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ အသင်းသို့ စာအမှတ် -၂၁-ထလ/၂၀၂၂(၂၀၁၂) နို၀င်ဘာလ (၂၅)ရက်နေ့တွင်အကြောင်းကြားလာပါသည်။

.

သို့ဖြစ်ပါ၍ အသင်း/အဖွဲ့ မှထုတ်ပေးထားသည့် ယာဉ်ပါ/ကုန်ပါစာရင်းချုပ် (Manifest) ပုံစံကို အသင်းသူ/ အသင်းသားများ မှ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အသင်းသို့ ယနေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

 

မော်တော်ယာဉ် တစ်စီးချင်းအလိုက်သယ်ဆောင်လာသည့်ကုန်တင်လွာ ယာဉ်ပါ/ကုန်ပါစာရင်းချုပ် (Manifest) ပေါ်တွင်ကုန်ပစ္စည်း အမျိုးအမည်၊ အရေအတွက်၊ ထုပ်ပိုးမူပုံစံ နှင့် ပစ္စည်းတန်ဖိုးတို့ကိုအသေးစိတ် ဖော်ပြထားသည့်အတွက် သက်ဆိုင်ရာ စစ်ဆေးရေးစခန်းများတွင် ကုန်ပစ္စည်းစစ်ဆေးရာ၌ အချိန်ကြန့်ကြာမှုမရှိဘဲ ကုန်စည်စီးဆင်းမှုမြန်ဆန်စေခြင်း၊ သံသယဖြစ်ဖွယ်အချက်များတွေ့ရှိမှသာ ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက် သောကြောင့်ကုန်ပစ္စည်းများ ဆုံးရှံးမှုနည်းပါးစေခြင်း၊သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များနှင့်ကုန်ပစ္စည်းပိုင်ရှင်၊ အသင်း အဖွဲတို့ကြားယုံကြည်မှုတည်ဆောက်နိုင်ခြင်းတို့ကြောင့်ကုန်တင်လွာယာဉ်ပါ/ကုန်ပါစာရင်းချုပ်(Manifest) အား တစ်ပြေးညီအသုံးပြုရခြင်း ဖြစ်ပါသည်။၄င်း(Manifest Form)စာရွက်အားအောက်ပါအသင်းများထံတွင်ထုတ်ယူနိုင်ပါသည်။ 

 

(၁) မြန်မာနိုင်ငံအးပြေး/ကုန်စည် (ရန်ကုန်တိုင်းဒေသကြီး)အသင်းရုံး-(ဈ/၃၇၊ခတ္တာလမ်း၊ဘုရင့်နောင်ပွဲရုံနယ်မြေ) 

 

(၂) မြန်မာနိုင်ငံအဝေးပြေး/ကုန်စည် (မန္တလေးတိုင်းဒေသကြီး)အသင်းရုံး-(စွယ်တော်ကား၀န်း) 

 

(၃) မြန်မာနိုင်ငံအပေးပြေး/ကုန်စည် (ကရင်ပြည်နယ်-မြ၀တီနယ်စပ်ဒေသ)အသင်းရုံး

 

(၄) မြန်မာနိုင်ငံအးပြေး/ကုန်စည် (ရှမ်း/မြောက်-မူဆယ်နယ်စပ်ဒေသ) အသင်းရုံး

 

(၅) မြန်မာနိုင်ငံအးပြေး/ကုန်စည် (ရှမ်း/တောင်-တောင်ကြီးမြို့ ) အသင်းရုံး

 

(၆) မြန်မာနိုင်ငံအဝေးပြေး/ကုန်စည် (ပဲခူးတိုင်းဒေသကြီး)အသင်းရုံး

 

(၇) မြန်မာနိုင်ငံအးပြေး/ကုန်စည် (ကချင်ပြည်နယ်-မြစ်ကြီးနားမြို့ )အသင်းရုံး

မြဝတီ-ရန်ကုန်(မြဝတီကုန်သွယ်ရေးဇုန်)

မူဆယ်-ရန်ကုန်(၁၀၅မိုင် စစ်ဆေးရေးဇုန်/မူဆယ်မြို့)

မန္တလေး-မူဆယ်(မန္တလေးစွယ်တော် မန္တလေးညီနောင်အသင်းရုံး)

 တွင်ဆောင်ရွက်နိုင်ပါကြောင်းနှင့်  လိုအပ်လျှင် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးပါရန် အသင်းမှ အသိပေးပန်ကြားထားပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 
Read 376 times