အီးဗီလုပ်ငန်းသစ် Lucid နှင့် Rivian တို့ ဒေဝါလီခံရမည့် လမ်းကြောင်းမှာ မောင်းနှင်နေဟု အီလွန်မတ်စ် သုံးသပ်
အမေရိကန် ထိပ်တန်း လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Tesla Inc ရဲ့ စီအီးအို Elon Musk က အမေရိကန်မှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြသည့် Lucid Motors နှင့် Rivian လုပ်ငန်း ၂ ခုစလုံး ဒေဝါလီခံရမည့် လမ်းကြောင်းမှာ မောင်းနှင်နေတယ်လို့ Tesla Silicon Valley Owners Club နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
"Rivian နှင့် Lucid တို့ သိသိသာသာ ပြောင်းလဲခြင်းမရှိပါက ၎င်းတို့နှစ်ခုစလုံး ဒေဝါလီခံရလိမ့်မယ်။ ၎င်းတို့က ဒေဝါလီခံခြင်းဆီသို့ ဦးတည်ထာားတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေကြပါတယ်" လို့ စီအီးအို မတ်စ်က ပြောကြားပါတယ်။
"သူတို့ တစ်ခုခု လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ကုန်ကျစရိတ်ေတွကို သိသိသာသာ မလျှော့ချနိုင်ခဲ့ရင် သူတို့ဟာ အလွန်ဒုက္ခရောက်ပြီး Tesla နဲ့ Ford ကလွဲရင် တခြားလျှပ်စစ်ကား ထုတ်လုပ်လုပ်ငန်းများနည်းတူ ကားသုသာန်မှာ အဆုံးသတ်သွားလိမ့်မယ်" လို့ မတ်စ်က ပြောကြားပါတယ်။
"Rivian အတွက် အကြံပြုချင်တာက ကုမ္ပဏီ တစ်နံတစ်လျား ကုန်ကျစရိတ်များ သိသိသာသာ လျှော့ချပစ်ရမယ်။ မဟုတ်ရင်တော့ ၎င်းတို့ ဆုံးခန်းတိုင်ကြလိမ့်မယ်" လို့ မတ်စ်က အကြံပြုပါတယ်။
ပြီးခဲ့တဲ့ ၃ လပတ်မှာ Rivian က အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရှုံးခဲ့ပါတယ်။ Rivian ထုတ်လုပ်ရောင်းချတဲ့ ကားတွေရဲ့ ရောင်းဈေးက အမြတ်မရဘဲ အရှုံးပေါ်နေပါတယ်။ များများရောင်းရလေ များများရှုံးလေ ဖြစ်နေတာကြောင့် Rivian က ဈေးနှုန်းတိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။
ကုန်ကျစရိတ်များကို ထေမိစေဖို့ Rivian က အီးဗီ ရောင်းဈေးနှုန်းများကို မကြာသေးခင်က တိုးမြှင့် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
"စျေးနှုန်းကို တိုးမြှင့်လိုက်တဲ့အခါ မော်တော်ယဉ်များကို ဝယ်စီးဖို့ တတ်နိုင်သူ အရေအတွက်က ဆတိုး လျော့ကျသွားတယ်” လို့ မတ်စ်က ပြောပြပါတယ်။
ဒေဝါလီမခံဘဲ ဆက်လက်တောင့်ခံထားနိုင်ဖို့ နောက်ထပ် အရင်းအနှီးထပ်ထည့်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေပါတယ်။
အလားတူ အဖြစ်မျိုးကို Lucid ကလည်း ကြုံနေပါတယ်။
တစ်ချိန်က ယခုလိုအဆင့်မှာ Tesla လည်း အကြီးအကျယ် အရှုံးပေါ်နေခဲ့ဖူးပါတယ်။ ထုတ်လုပ်နိုင်တဲ့ စီးရေ နည်းနေလို့ အရှုံးပြနေတာသာ ဖြစ်ပြီး ရောင်းချတဲ့ကားတိုင်း အမြတ်ကောင်းကောင်း ရခဲ့ပါတယ်။ တောင့်ခံထားနိုင်ဖို့ ရင်းနှီးမြှုပ်နှံသူများလည်း ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကုန်ကျစရိတ်များကို ထိန်းကျောင်းပေးထားနိုင်အောင် လုပ်ဆောင်ပြီး ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ စီးရေတိုးထုတ်နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး ၃လပတ်တစ်ခုအတွင်း စီးရေ ခောင်ချီ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ စီးရေများများ ညှစ်ထုတ်နိုင်လို့ တစ်စီးချင်းအရ ကုန်ကျစရိတ် လျော့ကျသွားခဲ့ပါတယ်ယ ကုမ္ပဏီတစ်ခုလုံးအနေဖြင့် ခြုံငုံကြည့်လျှင် အရှုံးပြနေပြီး ရုန်းကန်နေရဆဲ ဖြစ်ခဲ့ပါတယ်။
Rivian က ရောင်းချတဲ့ ကားတိုင်း အရှုံးခံ ရောင်းချနေတာ ဖြစ်ပါတယ်။ တစ်စီးချင်းအရ ကုန်ကျစရိတ် လျော့ကျအောင် စီးရေလည်း သိသိသာသာတိုးမထုတ်နိုင်ပါ။ ထုတ်လုပ်မှုကုန်ကျစရိတ်များလည်း လျှော့ချနိုင်ခြင်း မရှိေသးပါ။ ကုန်ကျစရိတ်များ လျှော့ချနိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Telegram Channel