ကားစီးရေ တစ်သိန်း ဝယ်ယူရန် ဆော်ဒီအာ‌‌ရေဗျအစိုးရနှင့် သဘောတူညီချက် Lucid Motors ရရှိ


ကားစီးရေ တစ်သိန်း ဝယ်ယူရန် ဆော်ဒီအာ‌‌ရေဗျအစိုးရနှင့် သဘောတူညီချက် Lucid Motors ရရှိ

လျှပ်စစ်ကားများသာ ထုတ်လုပ်တဲ့ ကားလုပ်ငန်းသစ် Lucid Motors သည် ၎င်းကို ကာလရှည်ထောက်ခံအားပေးသည့် ဆော်ဒီအာရေးဗီးယားမှဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် သဘောတူညီချက်အသစ်တစ်ရပ်ကို ရရှိကြောင်း Lucid Group က ထုတ်ပြန်ကြေညာပါသည်။  

 

 

အဆိုပါ သဘောတူညီချက်၏ အချက်များအရ ဆော်ဒီအာရေဗျအစိုးရသည် Lucid Motors ထံမှ EV အစီးရေ ငါးသောင်းကို လာမည့်ဆယ်နှစ်အတွင်း ဝယ်ယူရန် ကတိကဝတ်ပြုထားပြီး ၎င်းအချိန်ကာလအတွင်း နောက်ထပ် စီးရေ ငါးသောင်းကို ဝယ်ယူရန် လိုအပ်ပါက ဝယ်ယူမည် ဖြစ်သည်။

 Lucid Motors သည် အမေရိကန်နိုင်ငံမှ လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး ပထမဆုံး အီးဗီ အိမ်စီးကား ဆီဒင် မော်ဒယ် Dream Edition Air ကို စတင်ထုတ်လုပ်ခဲ့သည်။
 ရောင်းဈေးမှာ  $170,500 ဖြစ်သည်။
 ၎င်းမော်ဒယ်ကို အခြေတည်ပြီး ဈေးသက်သာသည့်

  • Pure $78,900   ၊
  •  Touring $96,500 ၊ 
  • Grand Touring $140,500

တို့ကို ထုတ်လုပ်မည် ဖြစ်သည်။

Grand Touring ကို ကြိုတင်မှာကြားထားသူများထံ ပေးပို့နေပြီ ဖြစ်သည်။
 ကားစက်ရုံမှာ အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ် Casa Grande တွင် တည်ရှိသည်။ 
 နောက်ထပ်မော်ဒယ်အသစ် Gravity SUV ကို ထုတ်လုပ်ရန် စီစဉ်နေသည်။

Lucid Motors ကို Public Investment Fund of Saudi Arabia (PIF)  က ၂၀၁၈ ကတည်းက ဘဏ္ဍာရေး ကျောထောက်နောက်ခံ ပြုပေးထားသည်။ နောင်တစ်ချိန်တွက် Lucid Motors သည် ဆော်ဒီအာရေဗျတွင် စက်ရုံထားရှိရန် မျှော်မှန်းထားသည်။

ယခု သဘောတူညီချက်အရ ၂၀၂၃ နှင့် ၂၀၂၄ တို့တွင် စီးရေ ၁,၀၀၀~၂,၀၀၀ နှစ်စဉ် ပေးပို့ရမည်။
၂၀၂၅ ‌မှစ၍ နှစ်စဉ်စီးရေ ၄,၀၀၀~၇,၀၀၀ ပေးပို့ရမည်။ 
ပထမအသုတ် အီးဗီများကို ၂၀၂၃ ဒုတိယ ၃လပတ်ထက် နောက်မကျ ပေးပို့ရမည်။
ကားမော်ဒယ်များမှာ Lucid Air အပြင် Gravity အပါအဝင် နောက်နောင် ထုတ်လုပ်မည့် အီးဗီ မော်ဒယ်များလည်း ပါဝင်ရမည်။
လာမည့် ၁၀ နှစ်အတွင်း စီးရေ ၅၀,၀၀၀ ဝယ်ယူရန် ကတိကဝတ်ပြုထားသည်။ ဆန္ဒရှိပါက နောက်ထပ် ၅၀,၀၀၀ ဝယ်ယူမည် ဖြစ်ရာ Lucid Motors အနေဖြင့် စီစဉ်ပေးနိုင်ရမည် ဖြစ်သည်။

Read 3859 times