တစ်နှစ် စီးရေ တစ်သိန်းခွဲကျော် ထုတ်လုပ်မည့် အီးဗီစက်ရုံ ဆော်ဒီတွင် Lucid Group တည်ဆောက်


တစ်နှစ် စီးရေ တစ်သိန်းခွဲကျော် ထုတ်လုပ်မည့် အီးဗီစက်ရုံ ဆော်ဒီတွင် Lucid Group တည်ဆောက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမေရိကန်မှ Lucid Group မှာ ဆော်ဒီအာရေဗျ နိုင်ငံပိုင်  Public Investment Fund (PIF) က ၂၀၁၈ မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အစုရှယ်ယာ ၆၁% ကို ဝယ်ယူခဲ့ပါတယ်။ ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ အနေအထားကို ရယူခဲ့ပါတယ်။
.
ယခုအခါ လျှပ်စစ်ကား ထုတ်လုပ်တဲ့ Lucid က အီးဗီ တပ်ဆင်ထုတ်လုပ်တဲ့ ကားစက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ စက်ရုံအတွက် မြေနေရာအပြင် မက်လုံးအဖြစ် ကန်ဒေါ်လာ ၃.၄ ဘီလီယံ ရရှိပါတယ်။ စက်ရုံနေရာကို AMP-2 (Advanced Manufacturing Plant #2) လို့ အမည်ပေးထားပါတယ်။ တစ်နှစ် အီးဗီစီးရေ ၁၅၅,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်မယ့် အကြီးစား စက်ရုံ ဖြစ်ပါတယ်။ 
စက်ရုံမှ ထုတ်လုပ်မယ့် ကားများထဲမှ စီးရေ ၁ သိန်းကို ၁၀ နှစ်တာကာလမှာ ဆော်ဒီအစိုးရက ဝယ်ယူဖို့ ကတိပေးထားပါတယ်။
.
ဆော်ဒီအာရေဗျမှ စက်ရုံမှာ စစချင်းမှာ Lucid Air ကားများ ပြန်လည်တပ်ဆင် ထုတ်လုပ်ခြင်းကိုသာ ဆောင်ရွက်ပါမယ်။ အမေရိကန်မှ Casa Grande စက်ရုံမှာ တပ်ဆင်ရန် အသင့်အနေအထားအထိ ထုတ်လုပ်ပြှီး ဆော်ဒီသို့ ပေးပို့ကာ ဆော်ဒီမှ AMP-2 စက်ရုံမှာ အပြီးသတ် တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ Lucid Air များကို ဆော်ဒီပြည်တွင်းဈေးကွက်မှာ ရောင်းချမှာဖြစ်ပါတယ်။ နောက်တစ်ဆင့် တိုးချဲ့သည့်အခါမှာ ပြည်ပသို့ တင်ပို့မှာ ဖြစ်ပါတယ်။
.
ကမ္ဘာ့ ရေနံအများဆုံးတင်ပို့သည့်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျရဲ့ ၂၀၂၆  ခုနှစ်တွင် အီးဗီ စီးရေ တစ်သိန်းခွဲ တင်ပို့ရန် ရည်မှန်းမှာ Lucid Air အီးဗီများလည်း အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်စေမှာ ဖြစ်ပါတယ်။
.
လောလောဆယ်မှာတော့ ဆော်ဒီအာရေဗျ မြို့တော် ရီယာ့ဒ်မှာ အရောင်းပြခန်းတစ်ခုကို Lucid Studio အမည်ဖြင့် ဖွင့်လှစ်ထားပါတယ်။ အရှေ့အလယ်ပိုင်းဈေးကွက်အတွက် ထားရှိတာဖြစ်ပြီး အမေရိကန်နိုင်ငံ အာရီဇိုးနားမှ Casa Grande စက်ရုံမှာ ထုတ်လုပ်တဲ့ Lucid Air အီးဗီများကို ယခုနှစ် မကုန်ခင်မှာ အရှေ့အလယ်ပိုင်းဒေသမှ မှာကြားထားသူများထံ စတင်ပေးပို့ပါမယ်။
Source insideevs

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 256 times