သပွတ်အူလိုက်နေသည့်  အီးဗီ  Lordstown လက်ကျန်ပိုင်ဆိုင်မှု ယခင် စီအီးအို ဝယ်ယူ


သပွတ်အူလိုက်နေသည့်  အီးဗီ  Lordstown လက်ကျန်ပိုင်ဆိုင်မှု ယခင် စီအီးအို ဝယ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဒေဝါလီခံသော လျှပ်စစ်ကား Lordstown Motors သည် တည်ထောင်သူနှင့် မူရင်းမူလ ယခင် စီအီးအို Steve Burns ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုထံ ၎င်း၏ ကျန်ရှိသော ပိုင်ဆိုင်မှုများကို ရောင်းချရန် စီစဉ်နေသည်။

 
၎င်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ LAS Capital ဖြစ်ပြီး Lordstown Motors ၏ ဘဏ္ဍာရေးမှူးချုပ် Julio Rodriguez က ရှယ်ယာအများစု ပိုင်ဆိုင်သည်။ 

LAS Capital က Lordstown Motors လက်ကျန် ပိုင်ဆိုင်မှု အဝဝကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူရန် သဘောတူထားသည်။

Burns နှင့် Rodriguez တို့ ၂ ဦးစလုံးသည် Lordstown မှ ထွက်ခွာခဲ့ကြရသည်။ ကုမ္ပဏီတွင်း စာရင်းစစ်သည့်အခါ Lordstown ၏ ဗွေဆော်ဦး လျှပ်စစ်ကား ဆိုက်ပြည့် ပစ်ကပ်ထရပ် Endurance အတွက် ကြိုတင်အမှာစာများကို စာရင်းလိမ်ပြပြီး အမှန်တကယ် မှာကြားထားသည့် အရေအတွက်ထက် ပိုပြထားပြီး ရင်းနှီးမြှုပ်နှံသူများကို လိမ်လည် ပြောဆိုထားကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်ရာ ၎င်းတို့ နှစ်ဦး နုတ်ထွက်ခဲ့ကြရသည်။


 Burns သည် လုပ်ငန်းသုံး လျှပ်စစ်ဗင်များနှင့် ထရပ်များ ထုတ်လုပ်သည့် Workhorse Group ကို ထူထောင်သူလည်း ဖြစ်သည်။ ၎င်းလုပ်ငန်းသည် ဒရုံးများကိုလည်း ထုတ်လုပ်သည်။

 

Lordstown Motors စီအီးအို Steve Burns ကို တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတွင် တွေ့ရစဉ်


LAS Capital ဝယ်ယူမည့် ပိုင်ဆိုင်မှုများတွင် ဉာဏပစ္စည်းဥစ္စာ၊ ဘက်ထရီနှင့် မော်တာများအတွက် ကုန်ထုတ်ကိရိယာများ ပါဝင်သည်။ 

Endurance ပစ်ကပ်ထရပ် ထုတ်လုပ်သည့် စက်ရုံသည် အမေရိကန်နိုင်ငံ အိုဟိုင်းအိုပြည်နယ်တွင် တည်ရှိသည်။ ယခင်က General Motors ၏ ကားစက်ရုံ ဖြစ်သည်။ ၎င်းစက်ရုံကို Lordstown က ထိုင်ဝမ်မှ Foxconn ထံ ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၃၀ ဖြင့် ရောင်းချခဲ့သည်။

Foxconn သည် iPhone အပါအဝင် Apple ၏ ပစ္စည်းများကို ကန်ထရိုက်ယူပြီး ထုတ်လုပ်သည့် ကုမ္ပဏီဟု လူသိများသည်။

Foxconn က ပထမအရစ် ကန်ဒေါ်လာ ၅၂.၇ သန်းကို ယမန်နှစ်က ပေးချေခဲ့သည်။ 
ဒုတိယအရစ် ကန်ဒေါ်လာ ၄၇.၃ သန်းကို အမေရိကန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကော်မတီ အတည်ပြု ခွင့်ပြုချက် ရရှိပြီးလျှင် ၁၀ ရက်အတွင်း ပေးချေရမည် ဖြစ်သည်။ ဧပြီလတွင် အတည်ပြု ခွင့်ပြုချက် ရရှိခဲ့သော်လည်း Foxconn က ပေးချေခြင်း မပြုသည်မှာ ယခုအချိန်အထိ ဖြစ်သည်။ 

 Foxconn က Lordstown သည် ရှယ်ယာဈေးနှုန်းကို တစ်ရှယ်ယာလျှင် ၁ ကန်ဒေါ်လာအောက် မရောက်အောင် ထိန်းပေးထားရန် ပျက်ကွက်ခဲ့သဖြင့် ရှယ်ဈေးနှုန်း ၁ ကန်ဒေါ်လာအောက် ရောက်နေသောကြောင့် ဒုတိယအရစ် မပေးနိုင်ဟု Lordstown  ကို အကြောင်းပြန်သည်။

အရောင်းအဝယ် သဘောတူညီချက်တွင် Foxconn က Endurance ကို ဆက်လက် ထုတ်လုပ်မည်။  Lordstown ထုတ်လုပ်မည့် မော်ဒယ်အသစ်များကို အတူပူးပေါင်း လုပ်ကိုင်မည်။ Foxconn က ကန်ထရိုက် ရယူပြီး လုပ်ကိုင်ပေးမည် စသည့်အချက်များကို အကောင်အထည် မဖော်သေးချေ။

Lordstown သည် ဒေဝါလီခံထားသဖြင့် ယခု အရောင်းအဝယ်ကို ဒေဝါလီခံသည့် တရားရုံးထံမှ အတည်ပြု ခွင့်ပြုချက် ရဖို့ လိုအပ်သည်။

Endurance သည် ဘီးများတွင် မော်တာတပ်ပေးထားသည့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး ပါဝါနှင့် ရုန်းအားသည် ပြိုင်ဘက် လျှပ်စစ်ပစ်ကပ်များကို မမီချေ။ 
၂၀၂၂ နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မှု စတင်ခဲ့သည်။ လအနည်းငယ်သာ ထုတ်လုပ်ခဲ့ပြီး နမူနာပြသရန် အတွက် စီးရေ အနည်းငယ်သာ ထုတ်လုပ်ခြင်း ဖြစ်သည်။ 
ထုပ်လုပ်မှု ရပ်ထားလိုက်ရခြင်းမှာ ကားရောင်းဈေးထက် ထုတ်လုပ်မှုစရိတ်က အများကြီး ပိုများနေသောကြောင့် ဖြစ်သည်။ 
Lordstown က ကားမထုတ်လုပ်တော့ဘဲ ဇွန်လတွင် ဒေဝါလီခံပြီး လူမွဲ အကာအကွယ် ရယူသည်။

Lordstown သည် Foxconn အကူအညီဖြင့် မျိုးဆက်သစ် အီးဗီကို ဖက်စပ်လုပ်ငန်း ထူထောင် ထုတ်လုပ်ရန် စီစဉ်ခဲ့သည်။ မအောင်မြင်ခဲ့ပါ။ မေလတွင် Foxconn က ပွဲဖျက်လိုက်သည်။
Foxconn က Lordstown ရှယ်ယာ ၁၉.၃% ကို ကန်ဒေါ်လာ သန်း ၁၇၀ ဖြင့် ဝယ်ယူမည်ဟု သဘောတူထားသည်ကိုလည်း အကောင်အထည် မဖော်ဖြစ်ပါ။


Source motorauthority 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2232 times