အရှုံးပြနေဆဲ Lordstown ရှယ်ယာများ Foxconn ဝယ်ယူ


အရှုံးပြနေဆဲ Lordstown ရှယ်ယာများ Foxconn ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်ဝမ်ကုမ္ပဏီ Foxconn သည် အရှုံးပေါ်နေသည့် အမေရိကန် လျှပ်စစ်ပစ်ကပ်ထရပ်ကားထုတ်လုပ်သူ Lordstown Motors Corp  ၏ ရှယ်ယာ ၂၀% နီးပါးကို ကန်ဒေါ်လာ သန်း ၁၇၀ ဖြင့် ဝယ်ယူပြီး ၎င်း၏ လျှပ်စစ်ကားလုပ်ငန်းကဏ္ဍကို တိုးချဲ့လုပ်ကိုင်ခဲ့သည်။
ယခုလို ရှယ်ယာဝယ်ယူသည့်အတွက် ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ၂ နေရာ ပါဝင်ခွင့်ကို Foxconn ရရှိသည်။ Lordstown တွင် ရှယ်ယာဝေစု အများဆုံးပိုင်ဆိုင်ထားသူ ဖြစ်လာသည်။
ယခင် Lordstown ကားစက်ရုံတွင် Foxconn ၏ အီးဗီ ပလက်ဖောင်း Mobility in Harmony MIH ကို အသုံးပြုပြီး အီးဗီများ ထုတ်လုပ်မည် ဖြစ်သည်။
အဆိုပါစက်ရုံသည် အမေရိကန်နိုင်ငံ အိုဟိုင်းအိုတွင် တည်ရှိပြီး Foxconn က Lordstown ထံမှ ဝယ်ယူခဲ့သည်။ ယခုအခါ Lordstown ၏ Endurance ပစ်ကပ်ထရပ်များ တပ်ဆင်ထုတ်လုပ်နေသည်။ Lordstown သည် Endurance ပစ်ကပ်ထရပ် ထုတ်လုပ်ရေးအတွက် ငွေကြေးအခက်အခဲရှိနေသဖြင့် Foxconn က စက်ရုံကို ဝယ်ယူပေးပြီး ၎င်းစက်ရုံတွင် Endurance ထုတ်လုပ်နိုင်စေရေးကို ဆက်လက်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ 
.
ယခုရှယ်ယာဝယ်ယူသည့် အစီအစဉ်တွင် Foxconn ၏ လုပ်ငန်းခွဲ Foxconn Ventures Pte Ltd က Lordstown Motors Corp  ၏ ရှယ်ယာခုရေ ၁၂.၉ သန်းကို ဝယ်ယူသည်။ နိုဝင်ဘာလ ၂၂ ရက်နောက်ပိုင်းတွင် နောက်ထပ် ရှယ်ယာခုရေ ၂၆ သန်းကို ဝယ်ယူမည်။ ထိုအခါ စုစုပေါင်း ရှယ်ယာဝေစု ၁၈.၃% ကို Foxconn ပိုင်ဆိုင်ဖြစ်ပြီး Lordstown ထူထောင်သူ Stephen Burn ၏ ရှယ်ယာဝေစု ၁၇.၂% ထက် ပိုများမည် ဖြစ်သည်။
ယခင်က Foxconn နှင့်  Lordstown တို့ ဖက်စပ်လုပ်ငန်း ထူထောင်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြသည်။ 
.
ယခု ရှယ်ယာ အရောင်းအဝယ် သဘောတူညီချက်သည်  အမျိုးသားလုံခြုံရေးအန္တရာယ်များ အလားအလာရှိမရှိ ဆိုသည်ကို  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပြန်လည်သုံးသပ်သည့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကော်မတီ Committee on Foreign Investment in the United States(CFIUS) က သုံးသပ်မည် ဖြစ်သည်။ ၎င်းကော်မတီ၏ အတည်ပြု ခွင့်ပြုချက် ရရှိရန် လိုအပ်သည်။
CFIUS အတည်ပြုချက် ရပြီးသောအခါ Foxconn သည် Lordstown ၏ ရှယ်ယာများ ၁၉.၉၉% ထက် ကျော်လွန်ပြီး ပိုင်ဆိုင်သည့်အထိ ရှယ်ယာများကို ဝယ်ယူခွင့် တားမြစ်ကြောင်းကို အရောင်းအဝယ် သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည်ဟု Lordstown က ပြောကြားသည်။ 
.
Lordstown သည် ၂၀၂၂ စက်တင်ဘာလကုန်တွင် ကုန်ဆုံးသည့် ၃လပတ်တွင် အသားတင်အရှုံး ကန်ဒေါ်လာ ၁၅၄.၄ သန်း ရှိခဲ့သည်။ ယခင်နှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၉၅.၈ သန်း အသားတင်အရှုံးပေါ်ခဲ့သည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 748 times