လစာ ၃၀% ပိုပေးသည့် Li Auto ပထမဆုံး လျှပ်စစ်ကား ရောင်းအားကောင်းမည် မျှော်မှန်း


လစာ ၃၀% ပိုပေးသည့် Li Auto ပထမဆုံး လျှပ်စစ်ကား ရောင်းအားကောင်းမည် မျှော်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Li Auto ၏  ပထမဆုံး လျှပ်စစ်ကားစစ်စစ်မော်ဒယ်လ် MEGA ဘက်စုံသုံးယာဉ် multi-purpose vehicle (MPV) ကို မတ်လ ၁ ရက်တွင် တရားဝင်စတင်ရောင်းချခဲ့သည်။

Li Auto သည် MEGA  MPV ကို ယခင်က ကွမ်ကျိုးကားပြပွဲတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ် ပြသခဲ့ပါသည်။

Li Auto တည်ထောင်သူနှင့် စီအီးအို Li Xiang က MEGA  MPV သည် တရုတ်ယွမ် ၅ သိန်းအထက် စျေးနှုန်းရှိသော ကား‌ေမာ်ဒယ်များအကြား အရောင်းရဆုံး စာရင်းဝင်မည်ဟု မျှော်မှန်းထားသည်။

 

စီးရီးအသစ် ဖြစ်လာမည့် MEGA Max ကို ၅၅၉,၈၀၀ ဖြင့် ဈေးဖွင့်ထားသည်။ မတ်လ ၁၁ ရက်တွင် ဝယ်ယူသူများထံ စတင်ပေးပို့မည်။

 

MEGA ကားဦးခေါင်းပိုင်းကို လေခွင်းအား အထူးတလည်ကောင်းနေစေရန် ကျည်ဆံရထား ဦးခေါင်း ပုံပန်းသဏ္ဌာန် သုံးထားသဖြင့် "အမြန်လမ်းမကြီး ကျည်ဆံရထား""highway bullet train"ဟု တင်စား ပြောဆိုသည်။

ဘက်ထရီကို ၁၂ မိနစ်ကြာ အားသွင်းပြီးလျှင် ခရီးတာ ၅၀၀ ကီလိုမီတာ (၃၁၁ မိုင်)အထိ သွားနိုင်သည်။

 

လာမည့်နှစ်များတွင် အနည်းဆုံး ယွမ် ၆ ဘီလီယံ (ဒေါ်လာ ၈၃၃.၆ သန်း) ရင်းနှီးမြုပ်နှံကာ  အားသွင်းစခန်းပေါင်း ၅,၀၀၀ ကျော်ကို တရုတ်နိုင်ငံတွင် တည်ဆောက်မည်ဟု Li Auto က ပြောကြားသည်။

 

ကုမ္ပဏီသည် လက်ရှိ L စီးရီးများတွင် စျေးနှုန်းမြင့်သော ဗားရှင်းအသစ်အချို့ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။ ဟိုက်ဘရစ် SUV များ ဖြစ်ကြသည့် L7, L8 , L9 မော်ဒယ်များ၏ ဗားရှင်းအသစ်ကို ပွဲထုတ်ပြသခဲ့ပါသည်။

 

သက်တမ်း ၉ နှစ်ရှိ Li Auto သည်  ယမန်နှစ် စတုတ္ထသုံးလပတ်ဝင်ငွေ ခန့်မှန်းချက်ကို ကျော်လွန်ကာ အမြတ်အစွန်းကို ပထမဆုံးအကြိမ် စတင်ရရှိခဲ့ပါသည်။ 

 

ယခုနှစ် ပထမသုံးလပတ်တွင် ကားအစီးရေ ၁ သိန်းကျော်အထိ ထုတ်လုပ်ပေးပို့နိုင်မည်ဟု မျှော်မှန်းထားပါသည်။ 

 

"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တခုမှာ၊ သုံးနှစ်အတွင်း Li Auto စက်ရုံများမှ ဝန်ထမ်းများအားလုံးကို ဂျပန်နှင့် ဂျာမနီတို့ကဲ့သို့ ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများတွင် ပေးသည့် လစာနှုန်းထားနှင့် တူညီသော လစာများ ရရှိစေရန် ဖြစ်ပါတယ်" ဟု ထူထောင်သူ Li က ပြောကြားပါသည်။

 

လက်ရှိတွင် Li Auto စက်ရုံများတွင် ပေးနေသည့် လစာနှုန်းထားများသည် တရုတ်ပြည်မှ အခြား ကားစက်ရုံများမှာ ပေးအပ်သည့် လစာနှုန်းထားများထက်  အနည်းဆုံး ၃၀% ပိုများပါသည်ဟု Li က ပြောကြားပါသည်။

 

Source Reuters 

 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 323 times