ပထမဆုံးအကြိမ် အမြတ် စတင်ရရှိသည့် Li Auto ဥက္ကဋ္ဌ မား၏ တွက်ပုံတွက်နည်း


ပထမဆုံးအကြိမ် အမြတ် စတင်ရရှိသည့် Li Auto ဥက္ကဋ္ဌ မား၏ တွက်ပုံတွက်နည်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Li Auto သည်  အမြတ်ငွေ စတင်ရရှိပြီ ဖြစ်ကြောင်း၊ တနှစ်တာ အသားတင်ဝင်ငွေ ယွမ် ၁၁.၈ ဘီလီယံ (ကန်ဒေါ်လာ ၁.၇ ဘီလီယံ) ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာပါသည်။

အခြား တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများဖြစ်သည့် Xpeng နှင့် Nio တို့ အရှုံးပေါ်ရင်း ဆက်လက်ရပ်တည်နေစဉ် ပေကျင်းမြို့တော် အခြေစိုက်  Li Auto သည် ထူးထူးကဲကဲ အမြတ်အစွန်း စတင် ရရှိခြင်း ဖြစ်သည်။ 

 

လီ အော်တိုသည် မှာကြားထားသူများထံ ကားအစီးရေ ၂၀၂၂ ခုနှစ်တွင် ၁၃၃,၂၄၆ စီး၊ ၂၀၂၃ ခုနှစ်တွင် ၃၇၆,၀၃၀ စီး ပေးပို့ခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်တွက် ၂၀၂၂ ခုနှစ်ထက် အစီးရေ ၃ ဆနီးပါး ပေးပို့ခဲ့သည်။ အမြတ်အစွန်းသည် ၂၀၂၂ တွင် ၁၉.၁% ရှိခဲ့ပြီး ၂၀၃၃ တွင် ၂၁.၅% သို့ မြင့်တက်ခဲ့သဖြင့် အမြတ်စတင် ရရှိသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ 

အမြတ်စတင် ရရှိသည့်သတင်းကြောင့် ရှယ်ယာဈေးနှုန်းများ ၂၅% မြင့်တက်သည်။ ကုမ္ပဏီ ဈေးကွက်တန်ဖိုး (အစုရှယ်ယာအားလုံး၏ စုစုပေါင်းတန်ဖိုး) သည် ကန်ဒေါ်လာ ၉ ဘီလီယံကျော်သို့ ရောက်ရှိသွားသည်။

 

Li Auto နှင့် BYD တို့အကြား ကွာခြားချက်မှာ BYD သည် လူအများ ဝယ်စီးဖို့ တတ်နိုင်သည့် ဈေးနှုန်း အတန်းအစားဖြင့် ကားများ ထုတ်လုပ် ရောင်းချခဲ့ပြီး ယခုအခါ ပရီမီယံ ဈေးထိပ်ဆုံးတန်းသို့ ချဲ့ထွင်သည်။ 

 

Li Auto သည် ဈေးအမြင့် ပရီမီယံတန်း ကားများ ထုတ်လုပ်သည်။ ဓာတ်ဆီအင်ဂျင် ဂျင်နရေတာဖြင့် ဘက်ထရီ အားသွင်းပေးခြင်းဖြင့် သွားနိုင်သည့် ခရီးတာ တိုးမြှင့်ပေးသည့် ဟိုက်ဘရစ် အီးဗီအမျိုးအစားများကို ဦးစားပေး ထုတ်လုပ်သည်။

 


Li Auto ဥက္ကဋ္ဌ Donghui Ma

 

Li Auto ဥက္ကဋ္ဌ Donghui Ma က ကုမ္ပဏီသည် ယွမ် ၂၀၀,၀၀၀ (ကန်ဒေါ်လာ ၂၇,၈၀၀) အောက် စျေးနှုန်းဖြင့် မော်တော်ယာဉ်ကို ထုတ်လုပ်ရောင်းချရန် အစီအစဉ်မရှိကြောင်း ၂၀၂၄ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

 ဈေးအနိမ့်တန်း ကားများ ထုတ်လုပ်ခြင်းဖြင့် အစီးရေ ပိုများများ ရောင်းချနိုင်စေမည်ဟူသည့် လမ်းစဉ်ကို  Ma က ပယ်ချခဲ့သည်။

 

ကုမ္ပဏီသည် ယွမ် ၂၀၀,၀၀၀ ကျော် သုံးစွဲလိုသော အိမ်ထောင်စုများကိုသာ အာရုံစိုက်မည်ဟု Ma က ပြောကြားသည်။

“တကယ်လို့ တရုတ်နိုင်ငံမှာ အဲဒီဈေးကွက်ရဲ့ သုံးပုံတစ်ပုံကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ရင် ကျွန်တော်တို့ရဲ့ စုစုပေါင်းရောင်းအားဟာ ယွမ် ၁ ထရီလီယံ (ဒေါ်လာ ၁၃၉ ဘီလီယံ) ကျော် ဖြစ်နေပြီ” ဟု သူက တွက်ပြသည်။ 

"တကယ်လို့ တရုတ်ပြည်မှာသာမက ပြည်ပဈေးကွက်တွေကိုပါ ထည့်စဉ်းစားရင် ၂၀၃၀ ပြည့်နှစ်လောက်မှာ  ဒီဈေးကွက်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရောင်းချနေတဲ့ iPhone တွေ အားလုံးရဲ့ ဝင်ငွေနဲ့ နီးစပ်တဲ့ ဝင်ငွေကို ရရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်နေပါလိမ့်မယ်"ဟု Ma က ပြောကြားသည်။ 

Source finance yahoo 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 933 times