အစစ်နဲ့ချွတ်စွပ်တူတဲ့ Lexus စက္ကူကား


မယုံနိုင်စရာ ကောင်းအောင် တူလွန်းတယ်။ တကယ်မှ ဟုတ်ရဲ့လားလို့ ထင်စရာ ဖြစ်နေစေတယ်။

Lexus  က လျှပ်စစ်မော်တော်ကားမော်ဒယ် UX300e ရဲ့ပုံတူ ကားငယ်တစ်စီး တည်ဆောက်ပြီး ပြသခဲ့ပါတယ်။
Lexus  က အလုပ်အပ်နှံလို့ လက်မှုပညာရှင် Kyla McCallum က တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။
စက္ကူကား အသေးစားက ဂျပန် လက်မှုပညာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတွေ ဖြစ်တဲ့ takumi တွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

စက္ကူမော်ဒယ်က အသေးစိတ် တူအောင် လုပ်ထားတယ်။ ကားထိုင်ခုံအသားမှ လေပေါက်ကလေးတွေကအစ ပုံဖော်ထားတယ်။ ဒက်ရှ်ဘုတ်မှာလည်း နာရီကအစ ချွတ်စွပ်တူတယ်။
ကားရှေ့လေဆန်ကာဒီဇိုင်းအဆင်အကွက်ကိုလည်း အချိုးကိုက် ဆင်တူနေအောင် ဖန်တီးထားတယ်။
စက္ကူအပိုင်းအစ ၁၀၀ နဲ့ စက္ကူကားကို တည်ဆောက်ထားပါတယ်။ ကျကျနန ဖြတ်တောက်၊ ပညာသားပါပါဖြင့် အဖောင်းအကွေးတွေ ပုံဖော်ထားတယ်။ 120gsm စက္ကူကို သုံးထားတယ်။ ပါးတော့ ပုံဖော်ဖို့ လွယ်တယ်။ ထော်ထားပုံ မပျက်အောင် တောင့်ခံနိုင်တယ်။ 

အတွင်းပိုင်းမှာလည်း တကယ့်ကားမှ အရောင်အသွေးအတိုင်း ရောင်စုံပုံနှိပ်ထားတဲ့စက္ကူသားနဲ့ တည်ဆောက်ပေးထားတယ်။ ထိုင်ခုံလယ်သာအသားမှ အပေါက်တွေကို အပ်ဖျားချွန်နဲ့ ကျကျနန ဖောက်ပေးထားတယ်။

ကားကို အစမ်းမောင်းဖို့ လမ်းတွေ၊ အဆောက်အဦတွေကို စက္ကူနဲ့ ဆောက်လုပ်ပေးထားတယ်။ အားသွင်းတဲ့နေရာတစ်ခုလည်းညပါတယ်။ မြို့ကို တည်ဆောက်ဖို့ အသားပိုထူတဲ့ 300gsm စက္ကူကို သုံးထားတယ်။

 UX300e က Lexus  ရဲ့ ပထမဆုံးဖြစ်သော အပြည့်အဝ လျှပ်စစ်ကားမော်ဒယ်ဖြစ်ပြီး Lexus ရဲ့ အရည်အသွေး ကောင်းမွန်မြင့်မားခြင်းများနဲ့အတူ Lexus ရဲ့ လက်မှုအတတ်ပညာလက်ရာကို ပေါင်းစပ်ထားပါတယ်။

 

 

 

Read 590 times