ရိုးရှင်းခေတ်ဆန်တဲ့ Lexus RZ လျှပ်စစ် SUV


ရိုးရှင်းခေတ်ဆန်တဲ့ Lexus RZ လျှပ်စစ် SUV

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Lexus RZ SUV ကို အပြည့်အဝ လျှပ်စစ်ကားစစ်စစ် အဖြစ် ထုတ်လုပ်ထားပါတာ်။ 
ပလက်ဖောင်းက Toyota ရဲ့ အီးဗီမော်ဒယ်တွေ တည်ဆောက်တဲ့ e-TNGA ပလက်ဖောင်း ဖြစ်ပါတယ်။ 

 

ကိုယ်ထည်တောင့်တင်းပြီး အလေးချိန် ပေါ့ပါးပါတယ်။ ဒါပေမဲ့ ဘက်ထရီထုတ် အလေးချိန်ကြောင့် ယာဉ်အလေးချိန် ၂.၆ တန် ရှိပါတယ်။
ဘက်ထရီထုပ်က Toyota bZ4X အီးဗီမှာ သုံးစွဲတဲ့ 71.4kWh ဘက်ထရီထုပ်ကို အသုံးပြုထားပါတယ်။ ခရီးတာ ၄၀၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။


 Lexus RZ450e မှာ မော်တာတွေက ပါဝါ အများဆုံး 308bhp (230kW) အထိ ထုတ်ပေးနိုင်ပါတယ်။ 
 ရုန်အားက ရှေ့ဘီးတွေအတွက် 266Nm နှင့် နောက်ဘီးတွေအတွက် 168Nm အထိ ထုတ်ပေးနိုင်ပါတယ်။
 သုညကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ အထိ ၅.၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ 

 

ယာဉ်အတွင်းပိုင်းက သေသပ်ပြီး ရိုးရှင်းပါတယ်။ ဒါပေမဲ့ ခေတ်ဆန်တဲ့ အရသာကို ပေးအပ်ပါတယ်။

 


အမိုးက panoramic sunroof  ဖြစ်ပါတယ်။ မှန်သားအကြည်ကို အတိုးအလျော့ လုပ်နိုင်ပါတယ်။ အကြည်သားကနေ ထွင်းဖောက်မမြင်သာတဲ့အထိ မှန်အနောက် ဖြစ်အောင် ခလုတ်နှိပ်ပြီး ပြောင်းလဲပေးနိုင်ပါတယ်။

 


စတီယာရင်က ဝါယာစတီယာရင် ဖြစ်ပြီး လိပ်ပြာတောင်ပံ yoke စတီယာရင် ဖြစ်ပါတယ်။
Source sgcarmart
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 263 times