ဝါယာစတီယာရင် သုံးထားတဲ့ Lexus RZ 450e


ဝါယာစတီယာရင် သုံးထားတဲ့ Lexus RZ 450e

Lexus က ယခုဆောင်းဦးရာသီမှာ ထုတ်လုပ်မှုမစတင်မီ  RZ 450e လျှပ်စစ် SUV ရဲ့  yoke steer-by-wire-system ကို မျှဝေခဲ့ပါတယ်။ ဗီဒီယိုဂိမ်း ကားမောင်းစက်မှာ သုံးတဲ့ steer-by-wire yoke စတီယာရင်က Lexus ကားပေါ် ရောက်ရှိလာပါပြီ။

ကားဝယ်စီးကြမယ့်သူတွေ  စမ်းသပ်မောင်းနှင်မှုများ မပြုခင်မှာ ကားအကြောင်း ဖော်ပြတဲ့ မီဒီယာအချို့မှ မီဒီယာသမားများကို  Lexus RZ 450e ရဲ့ yoke  စတီယာရင် အရသာကို မြည်းကြည့်ဖို့အတွက် ကားအစမ်းမောင်းကြည့်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ 

Lexus က Toyota ရဲ့  သီးခြားလုပ်ငန်းခွဲတစ်ခုအဖြစ် တည်ရှိနေတဲ့အတွက် စည်းစိမ်ကားများ ထုတ်လုပ်တဲ့ Lexus ကလည်း လုံးလုံးလျားလျား လျှပ်စ်ကားအဖြစ်သို့ ကူးပြောင်းဖို့ Toyota နည်းတူ နှေးနေပါတယ်။

Toyota က ၎င်းရဲ့ ပထမဆုံး ဘက်ထရီ လျှပ်စစ်မော်တော်ယာဉ်  battery electric vehicle BEV မော်ဒယ် bZ4X ကို စတင်ထုတ်လုပ်ပါတယ်။

 

 bZ4X မှာ ရိုးရိုးသမားရိုးကျ စတီယာရင်အပြင် yoke စတီယာရင်ကိုလည်း ရွေးချယ်စရာအဖြစ် ပေးထားပါတယ်။ 

Toyota ရဲ့ လျှပ်စစ်ကားသို့ ကူးပြောင်းရေးမှာ စည်းစိမ် brand ဖြစ်တဲ့ Lexus အတွက်လည်း။BEV မော်ဒယ်များ ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဦးဆုံးထုတ်မယ့် BEV မော်ဒယ် RZ 450e ကို ဧပြီလတုန်းက ပြသခဲ့ပါတယ်။ လျှပ်စစ် SUV မော်ဒယ်များ အားလုံး yoke စတီယာရင်ဖြင့် ထုတ်လုပ်မယ်ဆိုတာကိုလည်း အသိပေးခဲ့ပါတယ်။

ယခု RZ 450e က စမ်းသပ်အဆင့် ပြီးစီးခဲ့ပြီး အမြောက်အမြား ထုတ်လုပ်ဖို့ နီးစပ်နေပါပြီ။ 

Lexus RZ 450e ဟာ Toyota မိသားစုဝင် ဖြစ်တဲ့အလျောက် Toyota bZ4X နှင့် မျိုးရိုးဗီဇ တူတဲ့ အီးဗီ ဖြစ်ပါတယ်။ bZ4X မှာ သုံးတဲ့ 71.4 kWh ဘက်ထရီကို သုံးထားပါတယ်။ Toyota က အစုရှယ်ယာ ၂၀% ပိုင်ဆိုင်တဲ့  Subaru ရဲ့ Solterra နှင့် ဆင်ဆင်တူတဲ့ အချက်တွေလည်း ပါတယ်။
Lexus ရဲ့ သတင်းထုတ်ပြန်ချက်အရ RZ 450e ကို ၂၀၂၂ နိုဝင်ဘာလ မှာ စတင်ထုတ်လုပ်ပါမယ်။ 

 

 
Tesla က လည်း Model S နှင့် Model X မှာ yoke စတီယာရင် ပေးပါတယ်။ သုံးနေကျ စတီယာရင်တိုင်မှာ yoke စတီယာရင်ကို တပ်ပေးထားတာ ဖြစ်ပါတယ်။ လက်ကိုင်ခွေဝိုင်းအစား yoke ကို တပ်ဆင်ပေးပါတယ်။


Toyota က စတီယာရင်အတွက် တိုင်မပါဘဲ ဝါယာကြိုးဖြင့် ဆက်သွယ် အသိပေးတဲ့နည်းလမ်း steer-by-wire system ကို သုံးထားပါတယ်။ 

 

#MyanmarAutomobileGuide
 Telegram Channel
https://t.me/Guid4U

 

Read 425 times