EV SKD မှ The All New B10 ကို မြန်မာဈေးကွက်အတွက် မိတ်ဆက်ထားပြီး ယနေ့ခေတ် EV စျေးကွက်မှာ Price-to-Performance အနေနဲ့ အထင်ကရမော်ဒယ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ B10 ရဲ့ ထူးခြားချက်အကြီးဆုံးမှာ မြန်မာဘာသာစကားကို System ထဲမှာ အထူးသဖြင့် အသုံးပြုနိုင်ခြင်း ဖြစ်ပြီး၊ မြန်မာ Drivers များအတွက် ပိုမိုသုံးရလွယ်ကူစေမည့် ပထမဆုံး EV SKD Model ဖြစ်လာပါတယ်။
B10 တွင် Apple CarPlay နှင့် Android Auto အပြည့်အဝထည့်သွင်းပေးထားသဖြင့် Navigation, Music, Phone System တွေကို ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆပ်နိုင်ပါတယ်။ ထို့ပြင် 540-degree Camera System ပါဝင်တာကြောင့် ကားပတ်လည်အမြင်ကို ပိုမိုကောင်းမွန်တိကျစွာ ကြည့်ရှုနိုင်ပြီး၊ ဘေးကင်းလုံခြုံမှုပိုမိုကောင်းမွန်လာစေပါသည်။ စွမ်းအားပိုင်းအနေနဲ့ Driving Range 600 KM ဆိုတာကလည်း မြန်မာနိုင်ငံအတွင်း အဝေးခရီးသွားစရာ Big Advantage တစ်ခု ဖြစ်ပါတယ်။
Charging Performance ပိုင်းမှာလည်း B10 ဟာ 30% မှ 80% ထိ ကို မိနစ် 20 ခန့် အတွင်း အားသွင်းနိုင်အောင် ဖန်တီးထားပြီး Fast Charging စနစ်ကို အထူးပြင်ဆင်ပေးထားပါတယ်။