အငြင်းပွားမှုတစ်ခုကြောင့် ပေါ်ထွန်းလာခဲ့တဲ့ Lamborghini


 

Lamborghini ရဲ့ပေါ်ပေါက်လာပုံက ကားလောကရဲ့ ဘာမပြောလောက်တဲ့ အငြင်းပွားမှု‌ သေးသေးလေးတစ်ခုစီကပါ။ Lamborghini ဟာ Supercar Company ဖြစ်လာခင်၊ Founder ဖြစ်သူ Ferruccio Lamborghini က စိုက်ပျိုးရေး Tractors ထုတ်လုပ်တဲ့ လုပ်ငန်းရှင်အဖြစ် အောင်မြင်ခဲ့သူပါ။ Ferruccio က Sport Cars ကိုလည်း အရမ်းကြိုက်ပြီး Ferrari ကားတွေကို မောင်းလေ့ရှိသူပါ။ ဒါပေမဲ့ Enzo Ferrari နဲ့ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတစ်ခုကြောင့် အရာတွေ ပြောင်းလဲသွားပါတယ်။

တစ်နေ့မှာ Ferruccio ရဲ့ Ferrari ကားမှာ ကလပ်(Clutch) ပြဿနာတွေဆက်တိုက် ဖြစ်လာတော့ သူက Enzo Ferrari ဆီကိုယ်တိုင်သွားပြီး ဒီအပိုင်းကိုဘယ်လိုဘာညာပြင်ရင်ပိုကောင်းမယ်ဆိုပြီးအကြံဉာဏ်သွားပေးခဲ့ပေမဲ့ Enzo Ferrari က “မင်းလုပ်‌ နေကြ tractor‌ လေးတွေပဲဆက်လုပ်စမ်းပါ” လို့ လှောင်ပြောင်သလိုလိုတုန့်ပြန်ခဲ့ပြီး ပြန်ဖြေချလိုက်တဲ့အတွက် Ferruccio ဟာ အလွန်စိတ်နာသွားပါတယ်။

ဒီအဲဒီအချိန်ကစပြီး Ferruccio Lamborghini ဟာ “Ferrari ထက်ပိုကောင်းတဲ့ Sports Car ကို ကိုယ်တိုင်တည်ဆောက်မယ်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့စက်ရုံအင်အားနဲ့ စက်မှုနည်းပညာတွေကို အသုံးပြုပြီး မောင်းရလွယ်ကူပြီး အင်ဂျင် power ပြင်းတဲ့ Luxury GT ကားကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီကတည်းက Lamborghini ဆိုတဲ့ brandတစ်ခုနဲ့ supercarsတွေ စတင်ပေါ်ထွက်လာတာပါ။

ဒီလိုဘာမဟုတ်တဲ့ အငြင်းပွားမှုလေးတစ်ခုကနေ ကမ္ဘာ့ထိပ်တန်း supercar brand တစ်ခုပေါ်ပေါက်လာတာဟာ တကယ့်ကိုမှ automotive လောကရဲ့ သမိုင်းဝင် legendary moment တစ်ခုဖြစ်သွားတာကိုတော့ငြင်းလို့မရပါဘူး။ ကြာလာခဲ့တဲ့ ဆယ်စုနှစ်များစွာမှာလည်း  Lamborghini ရဲ့ Bold ဖြစ်လွန်းတဲ့ designs တွေနဲ့ ပါဝါပြင်းလွန်းတဲ့ engine တွေဟာ ဘာမဟုတ်တဲ့ စိုက်ပျိုးရေးသုံး tractor တွေထုတ်လုပ်ရာကနေ ကမ္ဘာမှာနာမည်တစ်ခုရှိပြီးဖြစ်တဲ့ Ferrari နဲ့ ရင်ဘောင်တန်းကာယှဉ်ပြိုင်နေနိုင်ပြီလည်းဖြစ်ပါတယ်။

Read 359 times