ထိုင်းဈေးကွက်ထဲ မောင်းဝင်လာတဲ့ Lamborghini Urus Performante


ထိုင်းဈေးကွက်ထဲ မောင်းဝင်လာတဲ့ Lamborghini Urus Performante

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ထိုင်းဈေးကွက်ထဲ Lamborghini Urus Performante ကို အခြေခံဈေးနှုန်း ၂၅,၄၉၀,၀၀၀ ဘတ်ဖြင့် ဈေးဖွင့်ပါတယ်။
Lambo SUV မော်ဒယ်အသစ်ကို ၂၀၂၂ ဒီဇင်ဘာမှာ ကျင်းပတဲ့ Thailand International Motor Expo မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွက် တရားဝင်ကိုယ်စားလှယ်က Renazzo Motor ဖြစ်ပါတယ်။
ယခင် Urus ထက် ယခု super SUV က စွမ်းဆောင်ရည် ပိုမြှင့်ပေးထားပါတယ်။
ပါဝါကို 16hp တိုးပေးထားလို့ 666hp အထိ ရနိုင်ပါတယ်။ အလေးချိန်ကို 47kg လျှော့ပေးထားပါတယ်။  အလေးချိန် ပါဝါ အချိုးအစားက 3.2kg/hp ဖြစ်ပါတယ်။
အင်ဂျင်လည်နှုန်း 2,300 ~ 4,500 rpm မှာ ရုန်းအား 850Nm အထိ ရနိုင်ပါတယ်။
0-100kmph ကို ၃.၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ အမြန်ဆုံး အမြန်နှုန်း 306kmph ဖြစ်ပါတယ်။
ဘရိတ်ဖမ်းဖို့ Urus Performance မှာ ဘရိတ်အကြီးစားကြီး တပ်ဆင်ပေးထားပါတယ်။ 100kmph ပြေးနေရာမှ ရပ်တန့်သွားဖို့ အချိန် ၃၂.၉ စက္ကန့်မျှသာ ကြာပါတယ်။

တာယာတွေက Pirelli P Zero (အရွယ်အစား 285/40 R22 နှင့်  325/35 R22) ဖြစ်ပါတယ်။
SUV ရဲ့စရိုက်လက္ခဏာများနှင့် အံကိုက်ဖြစ်စေရန် Pirelli တာယာက  Lamborghini ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တီထွင်ထုတ်လုပ်ပေးထားပါတယ်။

Urus Performante မှာ drive mode များအဖြစ် 

  • သက်သောင့်သက်သာ ဇိမ်ကျကျ မောင်းဖို့  Strada, 
  • ပြိုင်ကားလို တဝေါဝေါမောင်းဖို့ Sport, 
  • မြန်နှုန်းအမြင့်မှာ တည်တည်ငြိမ်ငြိမ်ဖြင့် မောင်းနှင်နိုင်ရန်  Corsa, 
  • လမ်းကြမ်းမှာ ခပ်ကြမ်းကြမ်း မောင်းနှင်နိုင်ရန် Rally (drive mode အသစ်တစ်မျိုး ထပ်တိုးပေးထားတာ ဖြစ်ပါတယ်)

တို့ ပါဝင်ပါတယ်။ 


 

 

 

Source Bangkokpost 

Read 333 times