လျှပ်စစ်ကားယာဉ်ကြောသို့ အမြန်နှုန်း မြှင့်တင်ပြီး ကူးပြောင်းလိုက်သည့် Lamborghini 


လျှပ်စစ်ကားယာဉ်ကြောသို့ အမြန်နှုန်း မြှင့်တင်ပြီး ကူးပြောင်းလိုက်သည့် Lamborghini 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Lamborghini က လျှပ်စစ်ကားယာဉ်ကြောသို့ အမြန်နှုန်းတင်ပြီး HPEV မော်ဒယ်အသစ်ဖြင့် ကူးပြောင်းလိုက်ပါသည်။


အီတလီ၏ စည်းစိမ် အိမ်စီးပြိုင်ကားထုတ်လုပ်သူ Automobili Lamborghini သည် ကုမ္ပဏီ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် Lamborghini ၏ ပထမဆုံးဖြစ်သော ပေါင်းစပ်လျှပ်စစ်ကားး Lamborghini Revuelto မော်ဒယ်ကို ထုတ်ဖော်ပြသပါသည်။ 

Revuelto မော်ဒယ်သည် အိမ်စီးပြိုင်ကား ဖြစ်သည့် အားလျော်စွာ V12 ဟိုက်ဘရစ် အင်ဂျင် သုံးထားပါသည်။ 
Revuelto မော်ဒယ်သည် Lamborghini ၏ ပထမဆုံး HPEV (high-performance electrified vehicle) မော်ဒယ် ဖြစ်ပါသည်။

Lamborghini သည် အကန့်အသတ်ပြုနေသည့် ဘောင်ကလနားများကို တွန်းချဲ့ပစ်ပြီး  ထူးခြားသောစွမ်းဆောင်ရည်ကို ပေးဆောင်ရန် ကတိပြုထားသည့်အတိုင်း Revuelto မော်ဒယ်ကို ထုတ်လုပ်လိုက်ပါသည်။ 

 

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Francesco Scardaoni  နှင့် Lamborghini Bangkok ၏ စီအီးအိုဖြစ်သူ  Apichat Leenutapong တို့သည် Bangkok's Queen Sirikit National Convention Centre တွင် အင်္ဂါနေ့(ဇူလိုင် ၂၅)တွင် အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Scardaoni က Lamborghini သည် လာမည့်နှစ်အကုန်တွင် အမျိူးအစား မော်ဒယ်အားလုံးကို လျှပ်စစ်ကားများအဖြစ် ပြောင်းလဲရန် စီစဉ်နေပါကြောင်း ပြောကြားခဲ့သည်။

လျှပ်စစ်ကား အပြည့်အဝအဖြစ်သို့ ၂၀၂၈ ခုနှစ်တွင် ရောက်ရှိမည်ဟု ၎င်းက အသိပေး ပြောကြားပါသည်။

 Lamborghini မှ လူသိရှင်ကြား ကြေညာခဲ့သည့် "Direzione Cor Tauri" မဟာဗျူဟာနှင့်အညီ အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။

 

 

"Direzione Cor Tauri”  သည် Towards Cor Tauri ဟု ဆိုလိုပါသည်။ Cor Tauri သည် နွားသိုး နှလုံးအိမ် ဟု ဆိုလိုပါသည်။ နွားသိုးသည် Lamborghini လိုဂိုမှ နွားသိုးကို ရည်ညွှန်းပါသည်။ 
Cor Tauri သည် နွားလားပုံ ပြိဿရာသီရုပ် Taurus ကြယ်စု၏ အတောက်ပဆုံးကြယ် ဖြစ်ပါသည်။
 Lamborghini ၏ လျှပ်စစ်စွမ်းအင်သုံး အနာဂတ်ဆီသို့ ဦးတည်ချက်ကို ဆိုလိုပါသည်။ လျှပ်စစ်စွမ်းအင်ကို သုံးစွဲသော်လည်း အမှတ်တံဆိပ် brand ၏ နှလုံးသားနှင့် စိတ်ဓာတ်အပေါ် အမြဲသစ္စာရှိသော အနာဂတ်တစ်ခုကို တည်ဆောက်သွားမည် ဖြစ်ပါသည်။

Revuelto သည် Lamborghini ၏ ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးရန် ရည်မှန်းချက်နှင့် ကိုက်ညီသော ပထမဆုံး  plug-in HPEV စူပါအိမ်စီးပြိုင်ကားဖြစ်သည်။

 


 
၂.၅ စက္ကန့်အတွင်း သုည မှ တနာရီ ၁၀၀ ကီလိုမီတာ အမြန်နှုန်းသို့ အရှိန်တင်ပေးနိုင်ပြီး ၇ စက္ကန့်အတွင်း သုည မှ တနာရီ ၂၀၀ ကီလိုမီတာ အမြန်နှုန်းသို့ အရှိန်တင်ပေးနိုင်သည်။
အမြန်ဆုံး အမြန်နှုန်းကို 350km/h ကန့်သတ် ပေးထားသည်။

အဓိက mode ၃ မျိုးပါသည်။
• Recharge
• Hybrid 
• Performance
တို့ ဖြစ်ပါသည်။
၎င်းအဓိက mode ကို Città, Strada, Sport,  Corsa အစရှိသည် mode ၁၀ မျိုးမှ တမျိုးမျိုးနှင့် တွဲဘက်ရမည် ဖြစ်ပါသည်။

ဘက်ထရီအထုပ်တွင် စုစုပေါင်း 3.8 kWh ပမာဏရှိသော ဗို့အားမြင့် လီသီယမ်-အိုင်းယွန်းအိတ်ကပ်ဆဲလ်များ ပါဝင်သည်။
ဘက်ထရီအထုပ်ကို အိမ်တွင် သို့မဟုတ် အားသွင်းရုံတွင် 7kWh ပမာဏဖြင့် အားသွင်းနိုင်သည်။ အားသွင်းချိန် နာရီဝက် ဝန်းကျင် ကြာသည်။ 
ကားဘရိတ်နင်းတိုင်း ဘက်ထရီဆီသို့ စွမ်းအင်ဖြည့်ထည့်ပြီး အားသွင်းပေးသည်။ 
 V12 အင်ဂျင် နှိုးထားပြီး အားသွင်းပါက အားသွင်းချိန် ၆ မိနစ်ကြာသည်။

ထိုင်းနိုင်ငံတွင် ရောင်းဈေးမှာ ဘတ် ၄၇ သန်း ဝန်းကျင် ဖြစ်ပါသည်။

 Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 518 times